How To

အိပ်ရာဝင်နောက်ကျသူတွေ အိပ်ယာစောစောထနိုင်စေဖို့နည်းလမ်းကောင်းလေးပေးမယ်

Read 2441 times
အိပ်ရာဝင်နောက်ကျသူတွေ အိပ်ယာစောစောထနိုင်စေဖို့နည်းလမ်းကောင်းလေးပေးမယ်

မနက်စောစော မထနိုင်ဖြစ်တတ်ကြပါတယ်။

မနက်စောစော အိပ်ရာထတတ်တဲ့ အလေ့အကျင့်ကို အောက်ပါနည်းလမ်းလေးတွေနဲ့ လုပ်ယူလို့ရပါတယ်။

 

(၁) ဘာကြောင့်မနက်စောစောထသင့်လဲ ပြန်စဉ်းစားပါ

သင်မနက်စောစောထလိုက်ခြင်းအားဖြင့် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ ပြန်စဉ်းစားကြည့်ပါ။

အနည်းဆုံးတော့ ကားကြပ်တာကို ရှောင်လွှဲနိုင်မယ်ဆိုတာမျိုးပေါ့။

 

(၂) ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါ

တစ်ခါတည်း လုပ်ယူဖို့ မလွယ်ဘူး။ ပုံမှန်အိပ်ယာထချိန်ထက် ဆယ့်ငါးမိနစ်လောက်စီ စောစောထကြည့်ပါ။

ဥပမာ-ဒီနေ့ 6:45 နာရီမှာ အိပ်ယာထဖို့ ကြိုးစားပါ။

 

(၃) အလင်းရောင်မရှိပါစေနဲ့

အိပ်ယာဝင်ချိန် တစ်နာရီလောက်အလိုကတည်းက အလင်းရောင်စူးစူးတွေနား သိပ်မနေနဲ့။

ကွန်ပျူတာ၊ တက်ဘလက်တွေ၊ ဖုန်းတွေ ကြည့်ဖို့မသင့်ပါဘူး။ စာဖတ်ချင်ရင် ရိုးရိုးစာအုပ်တွေကို ညကြည့်မီးအိမ်နဲ့ ဖတ်ပါ။

 

(၄) ပုံပြင်တွေဖတ်ပါ

အိပ်ယာဝင်ခါနီး စာဖတ်ရင် ပုံပြင်စာအုပ်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမျိုးတွေဖတ်ပါ။

ဒါတွေက မြန်မြန်အိပ်မောကျစေပါတယ်။

 

(၅) နေ့ခင်းဘက် မအိပ်ပါနဲ့

နေ့ခင်းဘက်မှာ တစ်ရေးတစ်မော မှေးတာမျိုး မလုပ်ပါနဲ့။

နေ့ခင်းဘက် ငိုက်မြည်းခြင်းဟာ ညဘက်အိပ်ယာဝင်ချိန်ကို ကမောက်ကမ ဖြစ်စေပါတယ်။

 

(၆) တစ်ပတ်လောက် လေ့ကျင့်သင်ယူပါ

ဒီလိုမျိုး တစ်ပတ်လောက် လေ့ကျင့်သင်ယူပါ။

ပုံမှန်ထက် တစ်နာရီ သို့မဟုတ် တစ်နာရီခွဲလောက် စောထချင်ရင် တစ်နေ့ ဆယ့်ငါးမိနစ်လောက်စီ စောစောထကြည့်ပါ။

 

(၇) နေ့လည်စာ များများစား

နေ့လည်စာကို ဖြစ်သလို မစားပါနဲ့။ များများသာ စားပေးပါ။

ညစာကိုတော့ ခပ်နည်းနည်းသာစားပါ။ အဲဒီအခါ အိပ်ချိန်ပုံမှန်ဖြစ်သွားပါလိမ့်မယ်။

Admin လည်း အအိပ်မက်သူတစ်ယောက်ပါ။

သူငယ်ချင်းတို့ရော... ဖြေခဲ့ကြဦးနော်...။

Read-အလုပ်များများပြီးချင် ပင်ပန်းမှုလည်း နည်းချင်သူတွေအတွက်

Source; Huffington