Business Marketing

ကိုယ်တိုင်တည်ဆောက်ယူ နိုင်တဲ့ "မိမိကိုယ်ကိုယ် ယုံကြည်မှု''

Read 13 times
ကိုယ်တိုင်တည်ဆောက်ယူ နိုင်တဲ့ "မိမိကိုယ်ကိုယ် ယုံကြည်မှု''

ဘဝမှာရှင်သန်ရတာ အကျိုးကျေးဇူးများသွားခြင်းပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ သူတစ်ယောက်ဖြစ်စေဖို့ မိမိရဲ့ပန်းတိုင်ကဘာလဲဆိုတာ သိရှိဖို့လိုပါတယ်။ မိမိအတွက် အလုပ်နိုင်ဆုံးအရာဟာ

ဘာလဲဆိုတာကို စဉ်းစားတတ်ဖို့လိုပါတယ်။ မိမိအတွက် ဘဝမှာ ဘယ်ဟာကအရေးကြီးပြီး ဘယ်အရာကိုဦးတည်သင့်လဲဆိုတာ စဉ်းစားနိုင်ဖို့လိုပါတယ်။
ပြီးတော့ မိမိရဲ့စိတ်ကို ထိန်းချုပ်ကွပ်ကဲနိုင်ဖို့ ကြိုးစားတတ်ရပါမယ်။ ဘဝအတွက် အောင်မြင်မှုရရှိစေဖို့ မိမိကိုယ်မိမိ အားပေးတတ်ဖို့လိုပါတယ်။ အခြေခံ

အချက်အလက်တွေကအစ အလေးထားပြီး ကြိုးစားတတ်ဖို့လိုပါတယ်။ ဘဝမှာ အောင်မြင်မှုတွေကို လှမ်းနိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတ အသိပညာတွေကို လေ့လာဆည်းပူး ရယူတတ်ဖို့ လိုပါတယ်။
ဘယ်အရာကိုဖြစ်ဖြစ် ဆန္ဒမစောဘဲ ကိစ္စအသေးလေးကစတင်ပြီး တစ်ဖြည်းဖြည်းနဲ့ များများလုပ်ဆောင်တတ်အောင် လေ့ကျင့်တတ်ဖို့ လိုပါတယ်။ အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ မိမိရဲ့ဘဝကို

ပျက်စီးစေတတ်ရာ မကောင်းမြင်စိတ်ထားကို ချေမှုန်းပြီး အကောင်းမြင်စိတ်လေးနဲ့ ကိုယ့်ကိုကိုယ် အလှဆင်တတ်ဖို့လိုပါတယ်။ ဒါမှသာ ဘယ်လောက်ပဲ ဆိုးဆိုး၊ ကောင်းကောင်းကြုံပါစေ၊

မိမိရဲ့ စိတ်အစဉ်ဟာ တုန်လှုပ်ချောက်ချားမှုမဖြစ်တော့ပဲ မိမိကိုယ်မိမိ ယုံကြည်မှုစိတ်ဓာတ်အပြည့်နဲ့ ရင်ဆိုင်ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။
လူတွေမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေမှ အရာအားလုံးကို လုပ်နိုင်စွမ်းများကာ မိမိလိုအပ်ရာကို ရအောင် စွမ်းဆောင်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် အခုခေတ်ကာလမှာ အောာင်မြင်သူတွေ၊

မအောင်မြင်သူတွေဟာ ခြားနားကွဲပြားလွန်းနေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းသူတွေက လူတွေရဲ့အနောက်မှာ ကျန်ရစ်ခဲ့ပြီး နောက်လိုက်တွေအဖြစ် ရှင်သန်နေရခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်

ယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့ကတော့ အရာရာမှာ ထင်ရှားပေါ်လွင်နေကာ လူအများရဲ့ အားကျလေးစားမှုကို ရရှိတတ်ကြပါတယ်။

သူများမစွမ်းဆောင်နိုင်တဲ့ အရာတွေကို ခိုင်မာတဲ့ဇွဲလုံ့လတွေနဲ့ ရအောင် စွမ်းဆောင်တတ်ကြကာ အဓိပ္ပါယ်ပြည့်စွာ လူ့ဘဝကိုရှင်သန်ခြင်းပဲ ဖြစ်ပါတယ်။

Read-တစိုက်မတ်မတ်ကြိုးစားခြင်းက သင့်ကိုယ်သင် အကြီးမားဆုံး သစ္စာရှိခြင်းပါ


Credit; (Yangon Life)