အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်
ဘယ်လိုအဆိုးတွေဖြစ်နေပါစေ အသက်ရှင်နေသေးတဲ့အတွက် ဘ၀ဟာ Game Over မဖြစ်သေးပါဘူး။
နောက်တစ်နေ့မနက် မိုးလင်းသွားတဲ့အခါ ဒီနေ့ရဲ့အမှားတွေ၊ အလွဲတွေပြီးဆုံးသွားတဲ့ နေ့သစ်တစ်ခုကို သင်လည်းပိုင်ဆိုင်ဖို့ အခွင့်အရေးရှိပါတယ်။
ကံဆိုးတယ် အဲ့တော့ဘာဖြစ်လဲ
သင့်ကိုယ်သင် ကံဆိုးနေတယ်လို့ ခံစားနေရတယ်ဟုတ် "ဟုတ်ပြီ အဲ့တော့ဘာဖြစ်လဲ" ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးပါ။
အကောင်းဆုံးတွေကို ကြိုးစားခဲ့ပေမဲ့ ကံမကောင်းလို့ အကြောင်းကောင်းမလှတဲ့အခါ ဘ၀ကို ခပ်ချေချေပဲ ဖြတ်သန်းလိုက်ပါ။ သင်လုပ်ယူ
လို့မရတဲ့ ကံတရားကို ၀မ်းနည်းစွာနဲ့ အပြစ်တင်မနေပါနဲ့။ အရှိတရားကို လက်ခံလိုက်ပါ။
ဒါသင်ခန်းစာပဲလေ
လုပ်သမျှတလွဲဖြစ်ပြီး အကုန်ဆုံးရှုံးသွားပြီလို့ ထင်နေလား?
အနည်းဆုံးတော့ သင့်လက်ထဲမှာ သင်ခန်းစာတွေ တပွေ့တပိုက်ကျန်ရစ်ခဲ့သေးတယ် ဆိုတာမမေ့ပါနဲ့။
အမှားတွေလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ အမှားများတဲ့သူတွေကသာ အားလုံးထက်ပိုမိုပြင်ဆင်ခွင့်ရရှိပြီး ဘ၀ကိုသမားရိုးကျ ဖြတ်သန်းသူတွေထက် ရှေ့ဝေးဝေးကို ရောက်မှာပါ။
တစ်ကြိမ်မှတောင် မမှားဖူးတဲ့ သူတွေရှိရင်ခေါ်လာပြစမ်းပါ
သင့်ရဲ့ အဆုံးအရှုံးတွေ၊ အမှားတွေအတွက် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအားလုံးက ၀ိုင်းပြီးလက်ညှိုးထိုး အပြစ်တင်နေပြီလား?
ဘ၀မှာ တစ်ကြိမ်ဆို တစ်ကြိမ်မှ မမှားဖူးတဲ့သူရှိရင် ခေါ်လာပြပါလို့ တစ်ခွန်းထဲပဲပြန်ပြောလိုက်ပါ။ အမှားတွေဆိုတာ လူသားတွေအတွက် သဘာဝဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ဒါကြောင့် မှားပါစေ ဒါဟာ သာမန်ပါပဲ။
အနိုင်ရှိရင် အရှုံးရှိတာ မဆန်းပါ
အနိုင်ဆိုတာ ရှိနေရင် သဘာဝတရားအရ အရှုံးဆိုတာလဲ ရှိနေမှာပဲ။
လောကကြီးမှာ အောင်မြင်ကျော်ကြားနေပါတယ် ဆိုသူတွေအားလုံးရဲ့ သမိုင်းကို ကြည့်လိုက်ရင် သူတို့တွေ ဘယ်နျှစ်ကြိမ်ရှုံးနိမ့်ခဲ့ကြလဲ ဆိုတာ သိရမှာပါ။
ဒါပေမယ့် လဲနေရာမှာပဲ ထိုင်နေရင်တော့ လမ်းဆုံးသွားမှာပေါ့၊ ဒါပေမယ့် သူတို့ထိုင်မနေခဲ့ဘူး။ 10 ကြိမ်လဲရင် 10 ကြိမ်ပြန်ထတယ်။ အကြိမ်100 လဲရင် အကြိမ် 100 ပြန်ထတယ်။
ဒါကြောင့် သင်လည်း ရှုံးနိမ့်တာမဟုတ်ပါဘူး ပြန်ထဖို့ပဲလိုတာပါ။
Read-သင်ဟာ သူများထက် ထူးခြားသူ ဖြစ်ကြောင်း ဒီအချက်တွေက ပြသနေပါတယ်
Source; upup