Life Hacks

တိကျပြတ်သားတဲ့ ရည်ရွယ်ချက် ပန်းတိုင် ရှိဖို့ဘာတွေလုပ်ရမလဲ?

Read 520 times
တိကျပြတ်သားတဲ့ ရည်ရွယ်ချက် ပန်းတိုင် ရှိဖို့ဘာတွေလုပ်ရမလဲ?

တည်ဆောက်ပြီးသား ပန်းတိုင်ကိုလဲ ယုံကြည်မူ ကင်းမဲ့လာခြင်းကြောင့် ဖျက်ပစ်ခဲ့ကြတယ်။

လက်ရှိအခြေအနေကိုပဲ ထပ်ခါထပ်ခါတွေးမိနေပြီး တောင်းဆိုဖို့တောင် အားနာနေတတ်ကြတယ်။

လေ့လာမူအား အလွန် နည်းပါးလာတယ်။

သိထားတဲ့အသိဉာဏ်ကို upgrade မလုပ်တော့ပဲ သူတို့တွေ သိထားသလောက်နဲ့သာ အရာရာကို တိုင်းထွာတတ်ကြတယ်။

အဲဒီအခြေအနေမှာ ဆုံးရှုံးမူဆိုတာတွေ စတင်တော့တာပဲ။

(ပြောင်းလဲပစ်ရန်နည်း)

တိကျပြတ်သားတဲ့ပန်းတိုင်ကို ထင်ရှားအောင်

ရဲရင့်စွာ စိုက်ထူပါ။

ပန်းတိုင်ရောက်ရန်အတွက် တစ်နေ့လျှင် အနည်းဆုံး ၂ နာရီအချိန်ပေး လေ့လာ သင်ယူမူတွေလုပ်ပါ။

လက်ရှိစားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေရ အလုပ်ကို မထိခိုက်ပါစေနဲ့။

အတိအကျ ပုံဖော်နည်းတွေဖြင့် လေ့လာပြုစုပါ။

ဟန်ချက်မပြတ်လုပ်ဆောင်နေပါက သင့်လျှောက်နေသောပန်းတိုင် လုံးလုံးရောက်ပါလိမ့်မယ်။

Recommended for you-ကြိုးစားနေမှုက သာသင့်ကို တန်ဖိုးရှိစေတာပါ

Source; businessknowledge