၁။မိမိရဲ့မှတ်ဥာဏ်ကိုအလုပ်လုပ်ပါစေ။အသုံးမပြုတောတဲ့ ဓါးတစ်ချောင်းကိုပစ်ထားလျှင် သံချေးတက်နိုင်ပါတယ်။ ဦးနှောက်ဟာလည်းထိုနည်းတူပါပဲ။
၂။သင့်ရဲ့ ဦးနှောက်လုပ်ဆောင်ချက်များကောင်းမွန်အောင် အင်တာနက်မှလည်း အထောက်အပံ့များ ရနိုင်ပါတယ်။ (Brain HQ) ကဲ့သို့website မှဦးနှောက်လေ့ကျင့်ခန်းများကို ပြုလုပ်ကြည့်ပါ။
ထူးခြားသည့် ရလဒ်များကိုသိမြင်ခံစားရမှာပါ။
၃။တစ်စုံတစ်ခုကို မတူညီသည့်ပုံစံဖြစ့် ထပ်တလဲလဲပြုလုပ်ကြည့်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ဦးနှောက်မှာရှိတဲ့ပတ်လမ်းကြောင်းအသစ်က သင်ယူနိုင်စွမ်းကို ပိုမိုမြန်ဆန်စေမှာပါ။
၎။တစ်ခုခုကို အမြဲသင်ယူနေပါ။ အကသင်ယူခြင်း၊တူရိယာများ တီးခတ်တတ်အောင် သင်ယူခြင်း၊ ဘာသာစကားတစ်ခုကို သင်ယူခြင်းအားဖြင့် ဦးနှောက်ကို စကားလုံးသစ်များ၊ အတွေးအခေါ်သစ်များ ရရှိအောင်လေ့ကျင့်နိုင်ပါသည်။
၅။ကိုယ်ချစ်ခင်ရသူများနှင့်လည်း အချိန်ကုန်ဆုံးပါ။ချစ်ခင်ရသူများနှင့် စကားပြောခြင်းဟာသင့်ရဲ့ အတွေးတွေကို ရှင်းလင်းပြတ်သားစေသည့်အပြင် ခံစားချက်တွေကိုလည်းကောင်းမွန်စေပါတယ်။
၆။ငါး၊အသီး၊အသီးအရွက်များကို စားသုံးခြင်းဟာ ဦးနှောက်ကိုကောင်းမွန်စေတာကို အားလုံးသိပီးသားပါ။
အဲ့ဒါတွေအပြင် အနက်ရောင်ချောကလတ်ကို စားသုံးခြင်းဖြင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုမိုမြှင့်တင်ပေးနိုင်သည့် dopamine ကိုထုတ်ပေးနိုင်သည်။
Source;lifehack