Broadcasting

TV မှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ

Read 1965 times
TV မှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ

တစ်ရက်မှာ လူတစ်ယောက်ရဲ့အချိန် ၄ နာရီ၊ ၅နာရီလောက်ဟာ TV ကြည့်ရင်း ကုန်ဆုံးကြပါတယ်။

Social Media တွေ ခေတ်စားလာချိန်မှာ စီးပွားရေးလုပ်ငန်းရှင် အများစုဟာ TV မှာ ကြော်ငြာနေကြတုန်းပါပဲ။ ဘာကြောင့်လဲဆိုရင် TV မှာ ကြော်ငြာခြင်းဟာ တခြားကြော်ငြာတွေထက် ဆိုလိုရင်းကို ရောက်ရှိစေနိုင်လို့ပါ။

Media Advertising မှာ ဆိုရင် TV ချယ်နယ်ဟာ King လို့တောင်ပြောလို့ရပါတယ်။ လုပ်ငန်းရှင်တွေအနေနက် မိမိရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို TV ချယ်နယ်တွေမှာ ကြော်ငြာမယ်ဆိုရင် TV မှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားသင့်ပါတယ်။


TV မှာ ကြော်ငြာခြင်းရဲ့ အားသာချက်များ

၁။ TV မှာ ကြော်ငြာခြင်းဖြင့် လူအများဆီရောက်ရှိစေနိုင်တယ်။ ဒါ့အပြင် အချိန်တိုအတွင်း သင့်ကုန်ပစ္စည်းရဲ့ အကြောင်းကို Customer တွေ သိမြင်လာအောင် ကြော်ငြာနိုင်တယ်။ ဘာကြောင့်လဲဆိုရင် သင့်ကုန်ပစ္စည်းကို တိုက်ရိုက်မြင်နိုင်တာမို့လို့ Customer တွေရဲ့ ယုံကြည်မှုကို ရရှိစေပါတယ်။

၂။ သင်ပြောချင်တဲ့ အကြောင်းအရာကို အသတွေ၊၊ ပုံရိပ်တွေ၊ သတင်းစကားတွေနဲ့ ပုံဖော်နိုင်လို့ သင့်ကြော်ငြာကို ပိုပြီးထိရောက်စေပါတယ်။

၃။ TV မှာ ကြော်ငြာခြင်းဖြင့် သင် Target ထားတဲ့ လူအများကြီးဆီကို ရောက်ရှိစေနိုင်တယ်။

၎။ သင်ကြော်ငြာချင်တဲ့ ကုန်ပစ္စည်း၊ လူအမျိုးအစား ပေါ်မှုတည်ပြီးလည်းကြော်ငြာနိုင်ပါတယ်။ ဥပမာ သင့်ကုန်ပစ္စည်းက ကလေးအတွက် ကြော်ငြာချင်တာဆိုရင် ကာတွန်းလေးတွေနဲ့ ကြော်ငြာနိုင်သလိုမျိုးပါ။

၅။ TV မှာ ကြော်ငြာခြင်းဟာ သင့်ကုန်စ္စည်းကို Customer တွေ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်တာဖြစ်လို့ အသေးစားစီးပွားရေး လုပ်ငန်းရှင်တွေအတွက်တော့ TV မှာ ကြော်ငြာချင်းဟာ အသင့်တော်ဆုံးပါပဲ။

တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ Online Store (၁၁)ခု

ကြော်ငြာမယ်ဆိုရင် TV မှာ ကြော်ငြာခြင်းရဲ့အားနည်းချက်တွေကတော့

၁။ TV မှာ ကြော်ငြာမယ်ဆိုရင် ကုန်ကျစရိတ်များပါတယ်။

၂။ အချိန်တိုတိုလေးပဲ ကြော်ငြာနိုင်တာကြောင့် သင့်ကုန်ပစ္စည်းတွေအကြောင့်းကို အများကြီးမဖော်ပြနိုင်ပါဘူး။

၃။ TV မှာ ကြော်ငြာမယ်ဆိုရင် ကြော်ငြာအေဂျင်စီတွေ၊ ဗီဒီယို editor တွေနဲ့ သရုပ်ဆောင်တွေကို ငှားရမ်းရမှာဖြစ်လို့ သင့်ကိုအချိန်ကုန် အလုပ်ရှုပ်စေပါတယ်။

အခုဖော်ပြခဲ့တာတွေကတော့ သင့်လုပ်ငန်းအတွက် ကြော်ငြာထည့်သွင်းဖို့ စဉ်းစားရခက်နေတယ်ဆိုရင် အထောက်အကူပြူနိုင်အောင်ပဲ ဖြစ်ပါတယ်။

Htet Htet Naing
Myanmar Advertising Directory