Digital Marketing

Twitter ကို ၁ရက်အတွင်း လူအရေအတွက် (၄၀၀) အထိပဲ Follow လုပ်နိုင်တော့မယ်

Read 1394 times
Twitter ကို ၁ရက်အတွင်း လူအရေအတွက် (၄၀၀) အထိပဲ Follow လုပ်နိုင်တော့မယ်

Social Media တွေအများကြီးထဲမှာမှ Twitter မှာ သင့်ရဲ့လုပ်ငန်းတွေကို ကြော်ငြာမယ်ဆိုရင်တော့ Follower တွေများနေဖို့က အရေးကြီးတဲ့ အဓိကအချက်ဖြစ်ပါတယ်။

ဒါပေမယ့် Twitter ဟာ Follow လုပ်နိုင်တဲ့ ဦးရေကို လျော့ချလိုက်ပြီလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် Twitter အနေနဲ့ accont အတုတွေ၊ bot တွေနဲ့ spam ကို လိုက်လံဖြိုခွဲနေလို့ပဲဖြစ်ပါတယ်။

spam တွေကို ရှောင်လွှဲနိုင်ဖို့အတွက် ၁ ရက်အတွင်း follow ပြုလုပ်နိုင်မယ့် လူအရေအတွက်ကို ၁,၀၀၀ ကနေ ၄၀၀ အထိ လျှော့ချလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် သုံးစွဲသူတွေဟာ ၁ ရက်မှာ account ၄၀၀ ကိုပဲ follow ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

User တွေကို ဆွဲဆောင်ဖို့ ဘယ်လို Marketing Channel တွေကို ရွေးချယ်မလဲ

အောက်တိုဘာလအတွင်း Twitter ကို လစဉ်အသုံးပြုသူ ၃၂၆ မီလီယံပဲ ရှိတော့ပါတယ်။

Twitter အနေနဲ့ account အတုတွေကို လိုက်လံရှင်းလင်းနေတာကြောင့် သုံးစွဲသူတွေ လျော့ကျသွားတာဖြစ်ပါတယ်။

Twitter ဟာ platform ပေါ်မှာ စကားပြောဆိုမှုကို တိုးတက်အောင် လုပ်ဆောင်နေသလို app အတွင်း စည်းကမ်းချိုးဖောက်မှုတွေကို တိုင်ကြားနိုင်တဲ့ နည်းလမ်းကိုလည်း ထည့်သွင်းခဲ့ပါတယ်။

Source; စိုးထက်
Myanmar Advertising Directory