Digital Marketing

Twitter မှာ Volkswagen ကြော်ငြာရပ်ဆိုင်းထား

Read 4185 times
Twitter မှာ  Volkswagen ကြော်ငြာရပ်ဆိုင်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်း Volkswagen's (VW) ရဲ့ ကား brand များ အားလုံး လူမှုကွန်ရက် Twitter ပေါ်တွင် အခကြေးပေးရသည့်ကိစ္စရပ်များအားလုံး ရပ်ထားကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

 Twitter  မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့်  brand ရဲ့ ပုံရိပ်နှင့် ဂုဏ်သိက္ခာတို့ကို ထိပါးနိုင်တဲ့အတွက်ကြောင့် အခြေအနေကို စောင့်ကြည့်ဖို့ ကြော်ငြာတာတွေကို ရပ်ထားတဲ့အပြင် Twitter နှင့်လည်း ခပ်ကင်းကင်း နေပါတယ်။ 

 

 နိုဝင်ဘာလ လဆန်းပိုင်းမှ စ၍ Volkswagen ပိုင်ဆိုင်တဲ့ ကား brand များ ဖြစ်ကြတဲ့ Audi,  VW, Seat, Cupra, Lamborghini, Bentley, Ducati , Porsche တို့ အားလုံး Twitter မှာ အခကြေးပေးပြီး ကြော်ငြာခြင်းများ ရပ်ထားကြပါတယ်။ 

အောက်တိုဘာလ လကုန်ပိုင်းတွင် Twitter ကို ဘီလျံနာ Elon Musk က  ဝယ်ယူသိမ်းပိုက်လိုက်ပြီးချိန်မှာ ရပ်လိုက်တာ ဖြစ်ပါတယ်။

Audi က ကြော်ငြာရပ်ဆိုင်းသော်လည်း ပို့စ်တင်ခြင်း၊ မေးမြန်းသည်များကို ဖြေဆိုခြင်းများ ပြုခဲ့ပါတယ်။

 

"ကျွန်တော်တို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဖြစ်ပေါ်လာတဲ့အပေါ် မူတည်ပြီး နောက်အဆင့်တွေကို ဆုံးဖြတ်သွားမှာပါ"ဟု Audi ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

ယခင်က နေ့စဉ်ပို့စ်တင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှစ၍ လုံးဝရပ်ထားပါတယ်။ 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U