Credit; Ba Maw Thein Pe
(Unicode Version)
ဘီလျံနာ သူဋ္ဌေးကြီး ဂျက်မား (Jack Ma)က သူ့ကုမ္ပဏီကို အလီဘာဘာ (Alibaba) လို့နာမည်ပေးခဲ့တယ်။ အလီဘာဘာဆိုတာ ယနေ့ဒေါ်လာ ၂၁၂ဘီလီယံ ပိုင်ဆိုင်နေတဲ့ အင်တာနက်က ပစ္စည်းအရောင်းအဝယ် လုပ်နေတဲ့ ကုမ္ပဏီကြီးပေါ့။
နောက်တစ်ယောက်ကတော့ ဘီလျံနာသူဋ္ဌေးကြီး ဂျက်ဖ်ဘဲဇို့စ် (Jeff Bezos) ပါ။ သူကတော့ သူ့ကုမ္ပဏီကို အမေဇုံ(Amazon) လို့နာမည်ပေးခဲ့တယ်။ အမေဇုံဆိုတာ ယနေ့ဒေါ်လာ ၂၉၂ ဘီလီယံပိုင်ဆိုင်နေတဲ့ အင်တာနက်က စာအုပ်နဲ့ အခြားပစ္စည်းရောင်းတဲ့ ကုမ္ပဏီကြီးတစ်ခုပါ။
သူတို့နှစ်ယောက်ဟာ ကုမ္ပဏီကို နာမည်ပေးရာမှာ တူညီတဲ့ ရည်ရွယ်ချက်ရှိကြတယ်။ အဲဒါက ကုမ္ပဏီကို နာမည်ပေးရာမှာ တူညီတဲ့ ရည်ရွယ်ချက်် ရှိကြတယ်။ အဲဒါက ကုမ္ပဏီကို “A” နဲ့စတဲ့ နာမည်ပေးထားကြတာပါ။ ကုမ္ပဏီတွေကို အင်္ဂလိပ် အက္ခရာစဉ်အလိုက် တန်းစီချရေးလိုက်ရင် “A” နဲ့စတဲ့ ကုမ္ပဏီတွေဟာ ထိပ်ဆုံးမှာ ရောက်နေပြီး လူတွေသတိထားမိအောင်ပါ။
ဘီလျံနာ သူဋ္ဌေးကြီးတွေဟာ ကုမ္ပဏီနာမည်ရွေးရာမှာလည်း ရည်ရွယ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ဦးရဲ့ ညှိနှိုင်းမထားဘဲ တူညီနေမှုပါ။
Credit; Ba Maw Thein Pe