Upselling ဆိုတာ
Upselling ဆိုတာ ဈေးရောင်းခြင်း နည်းလမ်းတစ်မျိုးပါပဲ။ ဒီနည်းလမ်းကို လွယ်လွယ်နားလည်အောင် ရှင်းပြရမယ်ဆိုရင် Customer လိုချင်တဲ့ ပစ္စည်းထက် ပိုပြီးအဆင့်မြင့်တဲ့ ပစ္စည်း၊ ပိုပြီး ဈေးနုန်းမြင့်မားတဲ့ ပစ္စည်းများကို ၀ယ်ချင်လာအောင် စွဲဆောင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလိုရောင်းချခြင်းဖြင့် အရင်ကထက် အမြတ်အစွန်းပိုမို ရှိနိုင်ပါတယ်။ ဒီလို ရောင်းချတဲ့ နေရာမှာ ပိုပြီး အမြတ်အစွန်းရရှိနိုင်မဲ့ ပစ္စည်းများကို ကြော်ငြာခြင်း၊ Customer မစဉ်းစားမိတဲ့ တစ်ခြားရွေးချယ်စရာများကို ဖော်ထုတ်ပြသပေးခြင်း တို့ ပါဝင်ပါတယ်။
ဆိုပါစို့ Customer- ကျွန်တော် ဒီဖုန်းလေး ၀ယ်ချင်လို့ပါ။ ဘယ်လောက်လဲ မသိဘူး။ ကင်မရာကော ကောင်းရဲ့လား။
Sales- ဟုတ်ကဲ့။ ကင်မရာ က ကောင်းပါတယ် ခင်မျ။ ဈေးနုန်းကတော့ တစ်သိန်းပါ။ ဒါနဲ့ အစ်ကိုက ကင်မရာ ကောင်းတာ လိုချင်တာဆိုရင် နှစ်သောင်းလောက် ပိုသုံးလိုက်ပါလား။ ဒီဖုန်းဆို တစ်သိန်းနှစ်သောင်းပါ။ ဒီတစ်သိန်းတန် ဖုန်းထက် ကင်မရာ က အများကြီး ပိုကောင်းတယ်။ ကျွန်တော် ဖွင့်ပြီး ယှဉ်ပြမယ်။ နှစ်သောင်းထဲနဲ့တော့ အစ်ကိုရယ်။ နဲနဲပိုသုံးလိုက်တာ အကောင်းစားရတယ်။ ဒါလေး ၀ယ်တာက အစ်ကိုနဲ့ ပို အဆင်ပြေမယ် ထင်တယ်။
Customer-ဟုတ်တယ်။ တစ်သိန်းနှစ်သောင်းတန်ဖုန်းပဲ ၀ယ်တော့မယ်။ ဒါက ကင်မရာ ပိုကောင်းတယ်။
Cross-selling
Cross-selling ဆိုတာကလည်း အရောင်းနည်းလမ်းတစ်မျိုးပါ။ ဒီနည်းလမ်းမှာဆိုရင် ရှိပြီးသား Customer ကို သူလိုအပ်နိုင်မယ်လို့ ထင်တဲ့ ပစ္စည်းတွေကို ထပ်မံရောင်းချခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးခြင်းဖြင့် Customer တစ်ယောက်စီက ရနိုင်မဲ့ ၀င်ငွေကို တိုးလာစေပြီး၊ Customer နဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။
Cross-selling ကို သုံးခြင်းက တစ်ခါတစ်လေမှာ Customer ကို စိတ်အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Customer က သူလိုချင်တဲ့ ပစ္စည်းကို ၀ယ်ပြီးပြီ ဖြစ်တဲ့အတွက် နောက်ထပ်ပစ္စည်းတစ်ခု ၀ယ်ယူချင်စိတ် ရှိချင်မှ ရှိတော့မှာပါ။ အဲ့ဒါကြောင့် ရောင်းသူအနေနဲ့ Cross-selling လုပ်တဲ့အခါမှာ ကိုယ်ရောင်းချင်တဲ့ အရာက Customer ကို ပေးချင်တဲ့ Value တစ်ခု ဖြစ်တယ်ဆိုတာကို မြင်အောင် ပြသင့်ပါတယ်။
ဆိုပါစို့ Sales- အစ်ကိုရေ။ အစ်ကို ၀ယ်သွားတဲ့ ဖုန်းလေးက ကင်မရာ ကောင်းတာတော့ စိတ်ချပါ။ နောက်ပြီး အစ်ကို ဖုန်းအတွက် လိုနိုင်တဲ့ ကာဗာတွေ၊ စတစ်ကာတွေ ကျွန်တော်တို့ ဆိုင်မှာအပြည့်အစုံရှိပါတယ်။ ပြီးတော့ မတော်တဆများ ဖုန်းများပျက်သွားခဲ့ရင် ကျွန်တော်တို့ ဆိုင်မှာ လာပြင်လို့ရပါတယ်။ လက်ခ အခမဲ့ပါ။ တစ်ခြား လိုအပ်တာလေးများရှိရင် ကြည့်သွားလို့ ရပါတယ်။
Customer- ဟုတ်ပါပြီ။ ဒါဆို ငါ့ကို ဖုန်းကာဗာလေး ပြပါဦး။ တစ်ခါတည်း ၀ယ်သွားချင်လို့။
အပေါ်မှာ ဖော်ပြခဲ့တဲ့ Upselling နဲ့ Cross-selling မှာ အရေးကြီးတဲ့ အရာတစ်ခု ပါဝင်ပါတယ်။ အဲ့ဒါကတော့ Customer ရဲ့ Needs and Wants ပါပဲ။ ရောင်းသူဟာ ၀ယ်သူ လိုချင်တဲ့ အရာကို သိတဲ့အတွက် သူနဲ့ ကိုက်ညီမဲ့ ပစ္စည်းကို ထုတ်နုတ်မိတ်ဆက်ပေးနိုင်တာပါ။
ဒါကြောင့် အရောင်းသမားကောင်းတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် Customer ရဲ့ Needs And Wants ကို တိတိကျကျ သိရှိဖို့ လိုပါတယ်။ ကိုယ်ထုတ်ပြီး ကမ်းလှမ်းလိုက်တဲ့ ပစ္စည်းဟာ Customer ရဲ့ Needs And Wants တွေနဲ့ ကိုက်ညီမှုမရှိရင် Customer ကို ဆုံးရှုံးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
#Credit
Myanmar Advertising Directory
Read More...Facebook မှာ Digital Marketer များ ပြုလုပ်သင့်တဲ့ ပြိုင်ပွဲ (၆)ခု