Tips

သင့်ကြော်ငြာ Video ကို ကြည့်ရှုသူတွေများလာစေမယ့် အချက်များ

Read 1594 times
သင့်ကြော်ငြာ Video ကို ကြည့်ရှုသူတွေများလာစေမယ့် အချက်များ

ဒါကြောင့် သင့်ရဲ့ ကြော်ငြာ Video တွေကို Engage များ နည်းလမ်းလေး ၄ သွယ်ကိုဖော်ပြပေးလိုက်ပါတယ်။


၁။ Video အစပိုင်းမှာ စိတ်ဝင်စားစရာကောင်းပါစေ

ကြည့်ရှုသူတော်တော်များများက ၈ စက္ကန့်လောက်ကြည့်ပြီး ဒီ Video ကို ဆက်ကြည့်သင့်မကြည့်သင့် ဆုံးဖြတ်ကြတာပါ။ အစပိုင်းမှာ စိတ်ဝင်စားစရာလေးပြပေးနိုင်ရင် သင့် Video ကို အဆုံးထိကြည့်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ အစပိုင်းလေးမှာ သင့်ရဲ့ Video က ဘာအကြောင်းပါဆိုတာကို ပြပေးနိုင်ပြီး ဒီ Video ကိုကြည့်ရတဲ့အတွက် ဘာတွေ အကျိုးများသွားနိုင်လဲဆိုတာ ပြပေးနိုင်ရင် အကောင်းဆုံးပါပဲ။


၂။ ခံစားချက်တစ်ခုခုပေးပါ

သင့်ရဲ့ Video တွေကို ရယ်ရတဲ့အကြောင်းတွေ၊ စိတ်အားတက်ကြွလာစေမယ့် အကြောင်းတွေ ဒါမှမဟုတ် အံ့အားသင့် ထိတ်လန့်သွားအောင် ဖြစ်စေမယ့် အကြောင်းအရာမျိုးတွေကို ပါဝင်အောင် ဖန်တီးဖို့ကြိုးစားသင့်ပါတယ်။ စိတ်လှုပ်ရှားမှုဖြစ်အောင် လုပ်ဖို့ အကောင်းဆုံးနည်းကတော့ ကြည့်ရှုသူတွေ Video နဲ့အတူ ခံစားချက်တွေ လိုက်ပါစီးမျောနိုင်စေမယ့် ဇာတ်လမ်းတစ်ခုအနေနဲ့ဖန်တီးတာပါပဲ။ နောက်ထပ်အရေးကြီးတာက အဲဒီ Video အတွက်ပိုပြီး စိတ်ခံစားချက်ပိုပြီး ပြင်းထန်လာနိုင်မယ့် ဂီတကိုရွေးချယ်တာပါပဲ။

မိမိလုပ်ငန်းတိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဘယ်လိုလုပ်ရမလဲ
၃။ တိုတိုရှင်းရှင်းဖြစ်ပါစေ

Video အရှည်ကြီးကို ကြည့်ချင်သူ နည်းပါတယ်။ ပုံမှန် Video အချိန်သတ်မှတ်ချက်ကတော့ Platform ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ တစ်မိနစ်စာ လောက်ပဲ ဖန်တီးတာအဆင်ပြေပါလိမ့်မယ်။ Video ရဲ့ ပြောချင်တဲ့အကြောင်းအရာက တစ်မိနစ်အတွင်း မပြောနိုင်အောင် ကျယ်ပြန့်လွန်းနေရင် အတတ်နိုင်ဆုံးအကျဉ်းချုံးကြည့်ပါ။ မရရင်တော့ အပိုင်းတိုလေးတွေ ခွဲပစ်လိုက်လို့လည်းအဆင်ပြေပါတယ်။


၎။ ပြောချင်တာကို ရုပ်ပုံနဲ့ပြောပါ

Video တွေပေါ်ကနေ အချက်အလက်တွေကို ပါးပါးနပ်နပ် ပို့နိုင်လေ သင့် Video ရဲ့ Engage ကများလေဖြစ်ပါလိမ့်မယ်။ သင်ပေးချင်တဲ့ Message ကို စာတန်းထိုးပြတာ၊ နောက်ခံစကားပြောနဲ့ ပြောတာထက်စာရင် Video ကိုကြည့်ရင်း ကြည့်ရှုသူတွေရဲ့ စိတ်ထဲမှာ သိလာအောင်လုပ်နိုင်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ အဲဒီလို Video ကိုကြည့်ရင်း Message ကို အလိုလိုသဘောပေါက်လာအောင် အမြဲလုပ်နိုင်ရင်တော့ ကြည့်ရှု့သူအသစ်တွေကို ဆွဲဆောင်လာနိုင်ပြီး ကြည့်ရှု့ဖူးသူတွေလည်း နောက်ထပ်ကြည့်ချင်စိတ်ပေါက်ကြမှာပါ။


Source; MOE

Myanmar Advertising Directory