Life Hacks

နှုတ်တစ်ရာ = စာတစ်လုံး၊ စာလုံး ၁၈သိန်း = video ၁မိနစ်စာ

Read 377 times
နှုတ်တစ်ရာ = စာတစ်လုံး၊ စာလုံး ၁၈သိန်း = video ၁မိနစ်စာ

ဒီလိုအချိန်မှာ စကားလုံးတွေ အများကြီးပြောဆို ကြော်ငြာနေခြင်းထက် တစ်မိနစ်စာလောက်ရှိတဲ့ video တစ်ခုကို ဖန်တီးပြီးကြော်ငြာခြင်းက သက်ရောက်မှုပိုရှိနိုင်တယ်ဆိုတာ အောက်ပါ အချက်တွေက သက်သေပြနေပါတယ်။

♦ နေ့စဉ်အင်တာနက် အသုံးပြုနေတဲ့သူ နှစ်ဦးလျှင်တစ်ဦးမှာ ဗွီဒီယိုကိုကြည့်လာကြပြီး ကမ္ဘာနှင့်တစ်ဝန်းလူသန်းပေါင်း များစွာက အွန်လိုင်းဗွီဒီယိုတွေကို ကြည့်ရှူ့နေပါတယ်။

♦ You Tube, Facebook ကဲ့သို့ Social Media များတွင် ဗွီဒီယိုထိရောက်မှု အကောင်းဆုံးဖြစ်ပြီး ပုံမှန်စာသား၊ Linkများထက် ၁၂ဆ share, like, comment လုပ်ခြင်းခံရပါတယ်။

♦ ဗွီဒီယိုကြည့်ရှူ့သူတွေထဲမှ ၂၆% ကဗွီဒီယို ထုတ်လုပ်သူအကြောင်းကို သိချင်ကြပြီး ၁၅ %က ဗွီဒီယိုကြော်ငြာမှာပါတဲ့ ကုမ္ပဏီကို လေ့လာကြတယ်။ ၁၂%ကတော့ ကြော်ငြာမှာပါတဲ့ ကုန်ပစ္စည်းကို ၀ယ်ယူတတ်ကြပါတယ်။

♦ ကမ္ဘာ့အွန်လိုင်းဈေးကွက်မှာ နေရာအခိုင်အမာရယူထားတဲ့ Amazon နဲ့ eBay မှာရှိတဲ့ ကုန်ပစ္စည်းတွေ ဟာလည်း video adကြောင့် ၀ယ်ယူသူတွေ ၀ယ်ယူနိုင်မယ့်အလားအလာ ၃၅% တိုးတက်လာတယ်လို့ ဆိုထားပါတယ်။

♦ အလန်းဆုံး video ad တစ်ခုက ကိုယ့်ရဲ့ Websiteမှာ အသုံးပြုသူတွေကို ကြာကြာရှိနေစေနိုင်မှာပါ။

♦ ၂၀၁၈ခုနှစ်ရဲ့ အင်တာနက်သုံးစွဲမှု အားလုံးရဲ့ ၇၉%ဟာ ဗွီဒီယိုတွေ ဖြစ်လာနိုင်တာကြောင့် အခုပဲ သင့်လုပ်ငန်းအတွက် အမြန်ပြုလုပ်လိုက်တော့နော်။

 Read-မိမိတို့ အမှတ်တံဆိပ်ကို ရင်းနှီးစေမယ့် အကောင်းဆုံးနည်းလမ်းထဲက တစ်ခု