Tips

Video Content ဖန်တီးဖို့ Idea ကောင်း (၉)ခု

Read 1897 times
Video Content ဖန်တီးဖို့ Idea ကောင်း (၉)ခု

ဒါကြောင့် မိမိကြော်ငြာချင်တဲ့အကြောင်းအရာတွေကို Video Content တွေ ဖန်တီးပြီးကြော်ငြာမယ်ဆိုရင် ဝယ်သူတွေရဲ့စိတ်ဝင်စားမှုကို ပိုမိုရရှိလာနိုင်ပါတယ်။ ကိုယ်က Video Content တွေ ဖန်တီးပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းကိုတော့ ကြော်ငြာချင်ပေမယ့် ဘယ်လို Video Content တွေကို ဖန်တီးရမှန်းမသိဖြစ်နေတယ်ဆိုရင် အောက်မှာဖော်ပြပေးမယ့် Video Content Idea လေးတွေကိုလေ့လာကြည့်လိုက်ပါ။

(၁) Review Video

ကိုယ့်ပစ္စည်းကို ကိုယ် Review ပြန်ပါ။ ပထမဆုံး Customer တွေကြုံနေရတဲ့ ပြဿနာတစ်ခုကိုချပြ ပြီးရင် အဲဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံး ကြိုးစားထားတဲ့အကြောင်း ပြောပြပါ။ ပြီးမှ ဒီပစ္စည်းက အဲဒီပြဿနာကို ဖြေရှင်းနိုင်ရုံတင်မက အခြားဟာတွေကိုပါ ထိထိရောက်ရောက် လုပ်နိုင်ကြောင်းပြောပြလို့ရပါတယ်။

(၂) BTS

Behind the Scene ပါ။ လူတွေက နောက်ကွယ်ကအဖြစ်အပျက်တွေကို သိချင်ကြပါတယ်။ BTS လေးတွေကို တကယ့် Actual Video မတင်ခင်တင်ပေးရင် စိတ်ဝင်စားမှုကို ပိုမြှင့်လို့ရပါတယ်။

(၃) ဘယ်လိုထုတ်ခဲ့သလဲ

ဒီ product တစ်ခုကို ဘယ်လိုထုတ်ခဲ့သလဲ? စပြီးကုန်ကြမ်းရှာတာကနေ ထုတ်ပိုးတဲ့အဆင့်ထိ? ကြားထဲကအလွဲလေးတွေ ဟာသလေးတွေ? ဘယ်လောက်ကြိုးစားခဲ့ရလဲ? ဆိုတာမျိုးလဲ ဖန်တီးလို့ရပါတယ်။

(၄) Slideshows

ကိုယ့်အနေနဲ့ ဗွီဒီယိုကြီးမရိုက်နိုင်ဘူးဆိုရင်တောင် ရှိတဲ့ပုံလေးတွေကို slideshow လေးနဲ့လဲ လုပ်လို့ရပါတယ်။ Fb ကနေလုပ်ပေးထားတဲ့ Slideshow Creation Feature နဲ့လည်း ပြုလုပ်လို့ရပါတယ်။

(၅) ဝန်ထမ်းတွေကို မိတ်ဆက်ပေးခြင်း

ကိုယ့်လုပ်ငန်းက ကိုယ့်ဝန်ထမ်းတွေကို မိတ်ဆက်တဲ့ဗွီဒီယိုလေးတွေလည်း ဖန်တီးလို့ရပါတယ်။ သူတို့နာမည်၊ ဘယ်အပိုင်းတာဝန်ယူထားတယ်၊ ဒီမှာဘယ်လောက်ကြာပြီ ဘာညာပေါ့။

(၆) အင်တာဗျူး

အင်တာဗျူးလောက်ကောင်းတာ မရှိပါဘူး။ အင်တာဗျူးလုပ်ခြင်းဖြင့် အကျိုးနှစ်ခုရပါတယ်။ (၁)ကိုယ်က မေးခွန်းပဲ မေးရတာ၊ အဖြေက သူများဖြေပေးတာ။ (၂) မတွေ့ဖြစ်တဲ့သူ၊ အရင်ကမသိသေးသူနဲ့ တွေ့ရတော့ Network ပါ ချဲ့လို့ရပါတယ်။

 Read More>>> Instagram မှ အသစ်ထည့်ထားတဲ့ Branded Content Ads များအကြောင်း

(၇) Tips Videos

သူများမသိတာတွေ ကိုယ်ကသိတယ်ဆိုပါတော့။ Tips Videos လေးတွေလုပ်ပြီး သိတာလေးတွေ ဝေမျှလို့ရပါတယ်။ ဒီလို Video မျိုးမှ အားလုံး စိတ်ဝင်စားမှာပါ။

(၈) Blog

ဆောင်းပါးတစ်ပုဒ်လုံးကို ဗွီဒီယိုပြန်ရိုက်လဲရတယ်။ အချိန်ပေးဖတ်ဖို့ အဆင်မပြေသူတွေ၊ ပိုပြီး visual လိုချင်သူတွေ ကြည့်ကြမှာပါ။

(၉) Tutorial Videos

ကိုယ်ကျွမ်းကျင်တာ တစ်ခုခုရှိလား၊ ကိုယ့် product က တစ်ခုခုကို ဖြေရှင်းပေးနိုင်လား၊ ဗွီဒီယိုရိုက်ပြီးသာ လုပ်ပြလိုက်ပါ။

အခုဖော်ပြပေးခဲ့တဲ့ Viedo Content ဖန်တီးဖို့အတွက် Idea (၉) ခုကို မိမိရဲ့လုပ်ငန်းအမျိုးအစားပေါ်မှုတည်ပြီး ပြုလုပ်နိုင်ပါတယ်။

Source; Aung Mon Chan