Marketing

ကြော်ငြာအတွက် Video Editing ပြုလုပ်မယ်ဆိုရင် ရှောင်ရှားရမယ့်အချက်များ

Read 1907 times
ကြော်ငြာအတွက် Video Editing ပြုလုပ်မယ်ဆိုရင် ရှောင်ရှားရမယ့်အချက်များ

 

(၁) Editing လုပ်နေတဲ့အချိန်မှာ မလိုအပ်တာတွေကိုပိတ်ထားပါ။

ပထမဆုံးကတော့ ရှိသမျှအနှောင့်အယှက်တွေ ဖယ်ထားနိုင်ရင်ကောင်းပါတယ်။ Facebook, Email, YouTube တွေ Phone Call တွေ ဖြစ်ပါတယ်။ တစ်ချို့ဟာတွေတော့ အလုပ်သဘောအရ ပိတ်ထား၊ မကြည့်လို့မရပေမယ့် တတ်နိုင်သလောက် အနှောင့်အယှက်တွေကို ပိတ်ထားလိုက်ပါ။ တစ်ခါတစ်လေ Editing ကို စိတ်ပါဝင်စားနေတဲ့အခြေအနေ တော်တော်ကောင်းအောင်လုပ်နိုင်နေချိန်မှာ ကိုယ့်ကိုခဏတစ်ဖြုတ်ဝင်လာတဲ့ ဝင်ကြည့်မိတဲ့ အနှောင့်အယှက်တွေက တစ်ခါတည်း Editing ကနေ ဆွဲထုတ်သွားနိုင်ပါတယ်။ ဒါကြောင့် Editing လုပ်နေစဉ်မှာ မလိုအပ်တာတွေ၊ အနှောင့်အယှက်ဖြစ်နိုင်တာတွေ ပိတ်ထားသင့်ပါတယ်။

 

(၂) Editing မစခင်မှာ Idea ကို Plan လုပ်ထားပါ။

ကိုယ့် Project ထဲကို Footage တွေ၊ Music တွေ၊ Background Music တွေ အကုန်ရောက်ပြီဆိုပါစို့။ ဘာမှမတွေးပဲနဲ့ Project ကို စမကိုင်သင့်ပါ။ ကိုယ်လုပ်ရမယ့် Project အနေအထား Type ကိုယ်လိုချင်တဲ့ပုံစံ စတာတွေကို ကြိုတွေးပြီး Idea Draft ကို အနည်းဆုံး အတွေးထဲမှာတော့ရှိထားရပါမယ်။ ဒါမှပဲ ကိုယ့်မှာလုပ်တဲ့အခါ Direction ရှိပါမယ်။ ကိုယ်ဘာလုပ်မှာ ဘယ်လိုပုံစံဆိုတာရှိနေမှ အချိန်အရရောအလုပ်ပြီးစီးမှုအရ Effective ဖြစ်ပါလိမ့်မယ်။

 

(၃) Software ရဲ့ Keyboard Shortcut တွေကို Assign လုပ်ထားပါ။

ဒီအချက်က ကောင်းကျိုးဆိုးကျိုးတော့ ရှိပါတယ်။ ကိုယ်အသုံးများဆုံး အမြဲသုံးနေရတဲ့ Shortcut တွေကို Software Default ထပ် ကိုယ့်ဘာသာထပ်ပြီး ပြန်ပြင်သုံးဖို့ပါ။ မရှိသေးတဲ့ Shortcut တွေဆိုရင်လဲ Create လုပ်ထားဖို့ပါ။ Editing လုပ်တဲ့အချိန်မှာ Mouse ထပ် Keyboard Shortcut ဟာ ပိုလွယ်ပိုမြန်စေပါတယ်။ ဒါ့ကြောင့် Shortcut ပိုင်းကို ပြင်ဆင်ထားသင့်ပါတယ်။ အပေါ်မှာရေးထားတဲ့ ဆိုးကျိုးကတော့ ကိုယ် Editing စက်ကို ကိုယ်ပဲကိုင်ရင် အကြောင်းမဟုတ်ပေမယ့် သူများလာကိုင်ရင်တော့ Customized Shortcut က အဆင်မပြေနိုင်ပါဘူး။ နောက်ပြီး ကိုယ်ကသူများစက်ကို သွားကိုင်ရင်လဲလက်တွေ ချော်နေပါလိမ့်မယ်။ ဒီအချက်ကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။

 

(၄) မှန်မှန်လေး Project ကို save လုပ်ပေးနေပါ။

စက်တွေ Software တွေရော ဘယ်အရာမှ အစိုးမရတဲ့အတွက် တစ်ခါတစ်လေ Software Hang ပြီး ပြုတ်ကျတာတွေ၊ စက်ကိုက error ကျပြီး ပိတ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေကြုံလာရင် save ကို ခဏခဏသာ မလုပ်ထားရင် ကိုယ်လုပ်ထားသမျှ ဘာမှမရှိတော့တာတွေဖြစ်ရင် လုံးဝကိုလုပ်ချင်စိတ်တွေ ပျောက်သွားနိုင်စေပါတယ်။ ဒါ့ကြောင့် မှန်မှန် save ပါ။ Adobe ရဲ့ Premiere Pro မှာတော့ Auto Save Time သတ်မှတ်ထားလို့ ရပါတယ်။ တတ်နိုင်သလောက် (၃)မိနစ် (ဒါမှမဟုတ်) (၅)မိနစ် တစ်ခါ Auto Save ထားထားပါ။ အနည်းဆုံး(၁)မိနစ်ထိ ထားလို့ရပါတယ်။

 

(၅) Video Footage တွေကို အရောင်ခွဲပြီးလုပ်ပါ။

နောက်တစ်ခုကတော့ Project လုပ်စဉ် Video Footage တွေ၊ Video Clip တွေကို သက်ဆိုင်ရာလိုက် အသီးသီး အရောင်ပေးပြီးလုပ်ပါ။ ဒါဟာ တော်တော်လေးအသုံးဝင်ပြီး လက်တွေ့ကျတဲ့အရာပါ။ ဒီလိုအရောင်ပေးလုပ်ထားခြင်းဖြင့် ကိုယ့် Client က တစ်ခုခုပြောင်းချင်တယ် တစ်ခုခုလုပ်ချင်တယ်ဆို ကိုယ့်မှာ Footage တွေကို Color နဲ့ ခွဲထားတာကြောင့် ဘယ်နေရာမှာ ဘယ်ရုပ်ရှိတယ်ဆိုတာ အလွယ်တကူ မှန်းဆလို့ရမှာပါ။ ကိုယ့် Project ကို ကြည့်လိုက်တာနဲ့လဲ Footage တွေအားလုံးဟာ စုစုစည်းစည်း စနစ်တကျ ရှိမှာပါ။

 

Myanmar Advertising Guide