Marketing

ကောင်းမွန်တဲ့ Video Marketing တစ်ခုဘယ်လို ဖန်တီးမလဲ..?

Read 1376 times
ကောင်းမွန်တဲ့ Video Marketing တစ်ခုဘယ်လို ဖန်တီးမလဲ..?

စီးပွားရေးသမားတွေကလည်း Video Marketing နဲ့ ဈေးကွက်ကို ဒီထက်ပိုပြီးချဲ့ထွင်လာနိုင်

1.သင့်ရဲ့ Video ကို ဘယ်လို Customer တွေအတွက် ရည်ရွယ်တာလဲ

လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး target ထားရတဲ့ Customer အမျိုးအစားတွေ ကွဲသွားနိုင်ပါတယ်။ သင့် Customer က ဘာတွေကို နှစ်သက်တယ် ဘယ်လို Video က သူ့အတွက် အသုံးဝင်နိုင်တယ်ဆိုတာကို အမြဲမပြတ် လေ့လာစုံစမ်းနေပါ။

2. Video ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်

သင့်ရဲ့ ရှိပြီးသား Brand ပေါက်ဖို့လား ? Product အသစ် စထုတ်ဖို့လား ? သင့်ရဲ့ Video  ကြည့်ပြီးတာနဲ့ Customer တွေကို ဘာတွေ သိရှိသွားစေချင်တာလဲ ? ဆိုတာ သင်ကိုယ်တိုင်က ရှင်းရှင်းလင်းလင်းသိနေပါစေ။

3.ကုန်ပစ္စည်းရောင်းတဲ့ Video တွေချည်းမဖြစ်ပါစေနဲ့

ပစ္စည်းရောင်းဖို့ချည်းမဟုတ်ဘဲ Customer တွေအတွက် ဗဟုသုတရနိုင်တာတွေ အကျိုးရှိနိုင်တာတွေကိုလည်း ဖန်တီးကြည့်ပါ ။ တစ်ခါတစ်ရံ Customer တွေ စိတ်ပျော်ရွှင်သွားစေမဲ့ Video အပိုင်းအစလေးတွေကို ဖန်တီးလိုက်ခြင်းက သင့်လုပ်ငန်းကို ပိုမိုလူသိများစေပါတယ်။

ပစ္စည်းရောင်းတဲ့ Videoတွေကြည့် အမြဲ တင်နေမယ်ဆိုရင်တော့ Customer တွေ ငြီးငွေ့သွားကြပါလိမ့်မယ်။

4. စက္ကန့်နည်းနည်းနဲ့ ထိရောက်နေပါစေ

ဆယ်စက္ကန့်ထက် ကျော်တဲ့ ကြော်ငြာ Video တွေကို ဘယ်သူမှ မကြည့်ချင်ကြပါဘူး ။ Video ကိုကြည့်လိုက်တဲ့ Customer အယောက်စီတိုင်းမှာ ပျော်ရွှင်မှု အနုပညာ အသိပညာ ဒါမှမဟုတ် Product ကို စိတ်ဝင်စားမှု တစ်ခုခုကျန်နေမှသာ လုပ်ငန်းအတွက် အကျိုးရှိနိုင်မှာပေါ့။

5. Video ကနေ Customer တွေ လေ့လာသင်ယူနိုင်ပါစေ

65 ရာခိုင်နှုန်းသော Customer  တွေက Visual Learner တွေဖြစ်တာမို့ သူတို့အတွက် လေ့လာသင့်စရာ Video တစ်ခုလို ဖြစ်အောင် ဖန်တီးကြည့်လိုက်ပါ။ သင့်ရဲ့ Product တွေ Service တွေက Customer တွေအတွက် ဘယ်လိုအသုံးဝင်ပြီး ဒီ Product သုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်

6. Animation တွေ သုံးပေးပါ

Video တစ်ခုမှာ Animation မှန်အောင်ထည့်တတ်ဖို့က အသက်ပါ။ Animation လေးတွေနဲ့ လှုပ်ရှားသက်ဝင်နေတဲ့ Video လောက်ဆွဲဆောင်မှုကောင်းတာ မရှိပါဘူး ။ Attraction ရှိလှတဲ့ Animated Video တွေ ဖန်တီးပြီး Customer တွေရဲ့ စိတ်အာရုံဖမ်းစားကာ လုပ်ငန်းဝင်ငွေတိုးအောင် ဖန်တီးလိုက်ပါ။

Source: digital dots