Digital Marketing

Instagram က အသစ်မိတ်ဆက်လိုက်တဲ့ Video Scrubbing Feature

Read 1226 times
Instagram က အသစ်မိတ်ဆက်လိုက်တဲ့ Video Scrubbing Feature

Video ကြည့်တဲ့ User တွေအနေနဲ့လဲ ဘယ်နှမိနစ်ကြာမလဲဆိုတာကို အတိအကျအသိနိုင်ပါဘူး။

ဒီ Feature မှာတော့ ကိုယ်မကြည့်ချင်တဲ့ အပိုင်းတွေကို ကျော်လို့ရနိုင်တဲ့ Seekbar တွေ၊ ကြာချိန်တွေ ပါဝင်မယ်လို့ သိရပါတယ်။ Video အရှည်တွေကို တင်လို့ရမလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ ဒါဟာ ကြော်ငြာလုပ်ငန်းရှင်တွေအတွက်တော့ သတင်းကောင်းပါပဲ။

Audence တွေကို ဖမ်းစားနိုင်မယ့် ဒီဇိုင်းကောင်းတစ်ခုရရှိဖို့ဆိုရင်

ဘာကြောင့်လဲဆိုတော့ ကြော်ငြာလုပ်ငန်းရှင်တွေ အနေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေ အကြောင်းကို Customer တွေ ပိုပြီးသိလာအောင် Video တွေနဲ့ ဆွဲဆောင်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အခုခေတ်မှာဆိုရင် Video တွေဟာလည်း ကြော်ငြာလုပ်ငန်းတစ်ခုမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်လာတာကြောင့် မိမိလုပ်ငန်းကို ကြော်ငြာမယ်ဆိုရင် Video Ads တွေကိုလည်း သုံးကြည့်သင့်ပါတယ်။

ဒါပေမယ့် ဒီ Feature ကို သာမန်ရိုးရိုး အကောင့်တွေမှာတော့ အသုံးပြုလို့မရနိုင်သေးပေမယ့် Instagram Bata Update နဲ့သာ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။ သာမန်ရိုးရိုး အကောင့်တွေမှာ အသုံးပြုလို့ရမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က Kevin Systrom နဲ့ Mike Krieger တို့က Instagram ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ Instagram ကို လစဉ်အသုံးပြုသူဟာ 1 Billion ရှိနေပါတယ်။ Instagram ဟာ Facebook လောက် အသုံးပြုသူမများပေမယ့် ကြော်ငြာလုပ်ငန်းလုပ်ကိုင်လုပ်လို့ ကောင်းတဲ့ ချယ်နယ်တစ်ခုပါပဲ။

Htet Htet Naing

Myanmar Advertising Directory