Local

နေတိုးနှင့် ဝတ်မှုန်ရွှေရည်တို့ ပါဝင်ရိုက်ကူးထားသည့် Viu ၏ ပထမဆုံးသော တီဗီကြောငြာအား ထုတ်လွှင့်ခြင်း

Read 7172 times
နေတိုးနှင့် ဝတ်မှုန်ရွှေရည်တို့ ပါဝင်ရိုက်ကူးထားသည့် Viu ၏ ပထမဆုံးသော တီဗီကြောငြာအား ထုတ်လွှင့်ခြင်း

ကောင်းမွန်သော ဇာတ်အိမ်တည်ဆောက်ပုံ၊ နာမည်ကြီးလူကြိုက်များသော သရုပ်ဆောင်များနှင့်အတူ နောက်ဆုံးပေါ် ဆန်းသစ်သော ပုံရိပ်များစွာကို အရည်အသွေးမြင့် ၁၀၀ ရာခိုင်နှုန်း မြန်မာစာတန်းထိုးနှင့် ရိုက်ကူးပုံဖော်ထားသည့် ဤတီဗီကြော်ငြာသည် ကုန်အမှတ်တံဆိပ်၏ အဓိကအကြောင်းအရာများအား ပေါ်လွင်ထင်ရှားစေရန် ဖန်တီးထားသည်။

Image may contain: 3 people, people standing

 

အဓိကနေရာဖြင့် ဇာတ်ရုပ်မျိုးစုံအား ပီပြင်စွာ သရုပ်ဖော်ပြသခဲ့ခြင်းကြောင့် အကယ်ဒမီဆုများစွာ ဆွတ်ခူးရရှိခဲ့သည့် နေတိုးနှင့် ဝတ်မှုန်ရွှေရည် တို့မှ VIU အက်ပလီကေးရှင်းတွင် ၁၀၀ ရာနှုန်းပြည့် မြန်မာစာတန်းထိုးနှင့် အခြားဘာသာစာတန်းထိုးများဖြင့် အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်လမ်းတွဲများအား အချိန်နေရာမရွေး လွယ်ကူစွာ ဖြင့် ဒေါင်းလုပ်ဆွဲကာ ကြည့်ရှုနိုင်ကြောင်း အသိပေးကြော်ငြာ သွားမည်ဖြစ်သည်။

Image may contain: 2 people, including Su Yee Thin, people sitting

Viu Myanmar ၏ Country Manager ဖြစ်သူ Ms.Lavina Tauro မှ "နေတိုး၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်ထားတဲ့ ဒီတီဗီကြော်ငြာမှ အစပြုပြီး ကျွန်မတို့ဟာ ပြည်တွင်းရှိ ဖျော်ဖြေရေးလုပ်ငန်းများနဲ့ ပို၍လက်တွဲခိုင်မြဲစေဖို့ ရည်ရွယ်ထား ပါတယ်။ လက်ရှိအနုပညာလောကတွင် အောင်မြင်ကျော်ကြားပြီး လူအများအသိအမှတ်ပြုခံရတဲ့ ပါရမီရှင်နှစ်ဦးနဲ့ အခုလိုတီဗီကြော်ငြာရိုက်ကူးခြင်းဟာ ကျွန်မတို့ Viu ရဲ့ ထူးခြားကွဲပြားမှုတွေကို ပေါ်လွင်လာမှာဖြစ်တယ်။

Image may contain: one or more people, phone and text

ဒါ့အပြင် ကျွန်မတို့ဟာ လူကြိုက်များတဲ့ မြန်မာရုပ်ရှင်ကားတွေ သာမက နောက်ဆုံးထွက်ကိုရီးယား ဇာတ်လမ်းတွဲ၊ နိုင်ငံတကာရုပ်ရှင်ကားတွေကို ကြည့်ရှုသူတိုင်း ကိုဒေသတွင်းမှာပင် ပျော်ရွှင်ကျေနပ်စေဖို့ ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်” ဟုပြောကြားခဲ့သည်။ ထိုကြော်ငြာသည် နေတိုးနှင့် ဝတ်မှုန်ရွှေရည်တို့သည် ရုပ်ရှင်ရိုက်ကွင်း၌ အနားယူနေကြစဉ် "ဘယ်လိုရုပ်ရှင်၊ စီးရီးမျိုးကိုပဲကြည့်ချင်နေပါစေ၊ Viu app မှာ စိတ်ထဲတွင် ကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုင်း ကြည့်ရှုနိုင်တယ်” ဟုဆိုသည့် အသံကို သတင်းမှ တစ်ဆင့်ကြားလိုက်ရာမှ စတင်ခဲ့သည်။

စူးစမ်းချင်စိတ်များသော သူတို့နှစ်ဦးစလုံးသည် VIU အက်ပလီကေးရှင်းအား Google play မှ အခမဲ့ဒေါင်းလုဒ် လုပ်ပြီး ပထမဆုံးအနေနှင့် နေတိုးပါဝင်ရိုက်ကူးထားသည့် “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကား၏ နံမည်ကျော်ဇာတ်ဝင်ခန်းတစ်ချို့ကို စတင်ကြည့်ရှုခံစားကြသည်။ ကြည့်ရှုပြီးနောက် နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွဲများ ကြိုက်နှစ်သက်ကြသော ၎င်းအနုပညာရှင်နှစ်ဦးသည် ၁၀၀ ရာခိုင်နှုန်းပြည့် နားလည်လွယ်သော မြန်မာစာတန်းထိုးဖြင့် နှစ်သက်ရာ ကိုရီးယား၊ အိန္ဒိယဇာတ်ကားများကို ကြည့်ရှုနိုင်သောကြောင့် စိတ်ပျော်ရွှင်ကျေနပ် ခဲ့ကြသည်။

ထိုနှစ်ဦးသားစလုံး VIU အက်ပလီကေးရှင်းအား အသုံးပြု၍ ပျော်ရွှင်အားရနေသည့် ပုံရိပ်များပေါ်လွင်အောင် ရိုက်ကူးပြသထားသည်။ ခံစားချက်အနှစ်အရသာမျိုးစုံသော ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် နှင့် မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲများစွာအား စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသလျက်ရှိသည့် Viu သည် ပြည်တွင်းမှ Viu ချစ်သူများအား ကျေနပ်အားရမှုကို အပြည့်အဝပေးအပ်လျက် ရှိသည်။

နှစ်များတစ်လျှောက် Viu သည် ဟာသ၊ ဒရာမာ၊ လျှို့ဝှက်သည်းဖို ဇာတ်ကားများနှင့် အက်ရှင်လှုပ်ရှားမှု များပါဝင်သည့်အမျိုးအစာများစွာကို ပြသခြင်းအားဖြင့် မြန်မာနိုင်ငံတွင်ယင်း ၏ ခေါင်းဆောင်မှုနေရာကို အခိုင်အမာရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် MPT၊ Mytel နှင့် Ooredoo အသုံးပြုသူများအတွက် premium access အသုံးပြုခွင့်လည်း ရှိပြီး ၎င်းသည် ဖျော်ဖြေရေးအတွက် အလိုအပ်ဆုံးနေရာ ဖြစ်လာခဲ့သည်။

Viu အက်ပလီကေးရှင်းအား App Store၊ Google Play နှင့် သက်မှတ်ထားသည့် smart TVs များတွင်သာမက www.viu.com တွင် အခမဲ့ဒေါင်းလုပ်လုပ်ပြီး ကြည့်ရှုခံစားနိုင်ပြီ ဖြစ်သည်။