Life Hacks

အောင်မြင်သူတို့ နိုးထချိန်!

Read 4284 times
အောင်မြင်သူတို့ နိုးထချိန်!

mark zuckerberg headshot wr 720x720

သူကတော့ ဘာဝတ်ရင်ကောင်းမလဲစဉ်းစားဖို့ အချိန်မပေးချင်လို့ အရောင်တူတဲ့ အကျီင်္တွေကို ပဲဝတ်လေ့ရှိပါတယ်တဲ့ဗျာ...

"လူတွေက မင်းဘာပြောခဲ့လဲဆိုတာထက် မင်းဘာတွေ ဖန်တီးခဲ့လဲဆိုတာပဲ စိတ်ဝင်စားတယ်"

 

Steve Jobs

steve jobs original iphone apple sign

Apple Inc ရဲ့ Founder တစ်ဦးဖြစ်တဲ့ Steve Jobs ရဲ့ အိပ်ယာထချိန်ကတော့ နံနက် ၆ နာရီပါတဲ့။

သူဟာ မနက်အိပ်ရာနိုးတာနဲ့ မှန်ကြည့်ပြီး သူ့ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုပြီး အမြဲမေးခွန်းထုတ်နေတတ်သူတစ်ယောက်ပါတဲ့ဗျာ...

ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးရှင်သန်ရမဲ့နေ့ဆိုရင် ဒီနေ့လုပ်တော့မယ့်အရာတွေကို ဆက်လုပ်မှာလားဆိုပြီး မှန်ရှေ့မှာ မေးခွန်းထုတ်တတ်သူပါ။

 

Bill Gates

bill gates inspiring stories twitter

Microsoft ရဲ့ Founder တစ်ဦးဖြစ်တဲ့ Bill Gates ရဲ့ အိပ်ရာက နိုးတဲ့ အချိန်ကတော့ မနက် ၇ နာရီပဲဖြစ်ပါတယ်။

သူဟာ တကယ့်ကို ပဲ လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါဗျ။

အချိန်ကို ဘယ်လောက်များ အသုံးချတတ်သလဲဆိုရင် ခန္ဓာကိုယ် နဲ့ ဦးနှောက်ကျန်းမာသန်စွမ်းဖို့ အတွက်ပြေးစက်ပေါ်မှာ ပြေးရင်းနဲ့ ပညာရေးဆိုင်ရာ ဗီဒီယိုတွေကို ကြည့်လေ့ရှိသူတစ်ယောက်ပါ။

"ညဘက်ပျော်ရွှင်စရာရှိလို့ မအိပ်ရဘူးဆိုရင်တောင် ဖန်တီးနိုင်စွမ်းကောင်းဖို့အတွက် တစ်နေ့ကို အိပ်ချိန် ၇ နာရီလိုတယ်"

 

Indra Nooyi

nooyi pepsi

Indra Nooyi ဟာ Pepsi Co. ရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။

သူမဟာ မနက် ၅ နာရီမှာအိပ်ရာထလေ့ရှိပြီး နေမထွက်ခင် အိပ်ယာထခြင်းဟာ သူမကို တစ်နေ့လုံး စိတ်ဓာတ်တတ်ကြွစေပါတယ်တဲ့။

"အိပ်စက်ခြင်းဟာ သူတို့ပြောသလို ဘုရားပေးတဲ့ လက်ဆောင်ဆိုရင် အဲ့ဒီလက်ဆောင်ကို ကျွန်မ တစ်ခါမှ မရဖူးဘူး"

 

Richard Branson

richard branson books

Virgin Group ရဲ့ Founder ဖြစ်တဲ့ Richard Branson ရဲ့အိပ်ယာထချိန်ကတော့ မနက် ၅ နာရီပါတဲ့ ။

သူရဲ့မနက်ခင်းတိုင်းကို စွန်လွှတ်ခြင်း၊ ရေကူးခြင်း ၊ တင်းနစ်ကစားခြင်းတွေနဲ့ စတင်လေ့ရှိသူတစ်ယောက်ပါ။

"ကျရှုံးမှုတစ်ခုကြောင့် မရှက်ပါနဲ့ မသိမ်ငယ်ပါနဲ့...အဲဒီကနေ သင်ယူပြီး နောက်တစ်ကြိမ်အသစ်က ပြန်စပါ"

 

Jack Dorsey

twitter jack dorsey entrepreneurs

Jack Dorsey ကတော့ Twitter နဲ့ Square ရဲ့ Co-Founder တစ်ဦးပါ။

သူဟာ မနက် ၅:၃၀ မှာ အိပ်ရာထလေ့ရှိသူပါ။ နံနက်စောစောထပြီး တရားရှုမှတ်တတ်သူပါ။

ပြီးရင် သူ ဟာ ၆ မိုင်ခန့် ပြေးလေ့ရှိပါတယ်တဲ့နော်...

"မမျှော်မှန်းထားတဲ့ ရလဒ်တွေ ဖြစ်လာဖို့ မျှော်လင့်နေပါ...ဖြစ်နိုင်ရင် အမြဲတမ်းလူတွေ မမျှော်လင့်ထားတဲ့ လူဖြစ်နေပါစေ"

 

Warren Buffett

Screenshot from 2018 08 31 11 44 46

စီးပွားရေးလောကရဲ့ ကဝေတစ်ယောက်လို့ တင်စားရသူ Warren Buffett ရဲ့ အိပ်ရာထချိန်ကတော့ မနက် ၆:၄၅ ပါတဲ့။

သူဟာ မနက်အိပ်ရာက နိုးတာနဲ့ သင်းစာ ၆ စောင်လောက် ကိုဖတ်လေ့ရှိသူတစ်ယောက်ပါ။

"တစ်နေ့ကို အရွက်ရေ ၅၀၀ လောက် စာဖတ်ဖြစ်တယ်...ဗဟုသုတဆိုတာ ဒီလိုတည်ဆောက်ရတာ...ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုပါပဲ..."

 

Albert Einstein

einstein

ကျွန်တော်တို့ အားလုံးသိကြတဲ့ Albert Einstein ကတော့ မနက် ၈ နာရီ ခွဲမှာ အိပ်ရာထတယ်ဆိုပဲ။

သူကတော့ လူထူလူဆန်းဗျ။ တစ်နေ့ကို ၁၀-၁၁ နာရီလောက်ကို အိပ်တာနော်။

ဒီလိုအိပ်ခြင်းက သူ့အတွက် တီထွင်ဖန်တီးနိုင်စွမ်းအား ကောင်းစေပါတယ်တဲ့ ။

အံ့သြစရာကောင်းတာကတော့ သူရှာဖွေတွေ့ရှိခဲ့တဲ့ နှိုင်းရသီအိုရီဟာ သူ့အိမ်မက်တွေဆီက တစ်ဆင့် အကြံရခဲ့တာပါတဲ့ဗျာ...

အဆန်းပဲနော်...

 

Thomas Edison

thomas

ကဲလာပါပြီဗျာ...ကျွန်တော်တို့ကို ညဘက်မှာ တောင် အလင်းရောင်မြင်ရအောင် ကြိုးစားပေးခဲ့တဲ့ Thomas Edison ကတော့

ညဘက်တွေမှာ ၃-၄နာရီပဲအိပ်ပြီး နေ့ခင်းဘက်တွေမှာ ခဏတစ်ရေးအိပ်တတ်သူတစ်ယောက်ပါ။

အိပ်ချိန်ကို အလေးမထားပဲ ကျွန်တော်တို့ လူသားတွေကို အကျိုးပြုဖို့ လျှပ်စစ်မီးသီးတီထွင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်စရာကောင်းပါတယ်။

"ရလဒ်တွေက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာရင်တောင် အဲဒီရလဒ်က အကျိုးရှိနိုင်ပါသေးတယ်"

Recommended for you-စာဖတ်အားကောင်းသူ တစ်ယောက်ဖြစ်လာရန်

PES

Myanmar Advertising Directory