Global

Wattpad ကို Naver ဝယ်မည်

Read 1499 times
Wattpad ကို Naver ဝယ်မည်

Wattpad သည် ကမ္ဘာ့အကြီးဆုံး storytelling platform တစ်ခုဖြစ်ပြီး ၎င်း၏ website တွင် သုံးစွဲသူ သန်း ၉၀ ကျော်သည် စုစုပေါင်း တစ်လလျှင် မိနစ် ၂၃ ဘီလီယံသုံးစွဲနေသည်ဟု ၎င်း၏ထုတ်ပြန်ချက်အရ သိရသည်။


Wattpad သည် Naver လက်အောက်တွင် Webtoon နှင့် ပေါင်းစည်းခြင်းသည်  ၎င်းတို့ကို ကမ္ဘာလုံးဆိုင်ရာ မီဒီယာစုံ ဖျော်ဖြေရေးကုမ္ပဏီဖြစ်လာစေရန် ကြီးမားသောခြေလှမ်းတစ်ခုဖြစ်လာလိမ့်မည်ဟု Naatt Webtoon တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Kim Jun-Koo က ပြောသည်။ Wattpad နှင့် Webtoon နှစ်မျိုးလုံးသည် ဇာတ်လမ်းဖန်တီးသူများကို ၎င်းတို့ပုံစံအတိုင်း ဇာတ်လမ်းပြောဖို့ ကူညီရာတွင် အလေးထားသည်။



Webtoon သည် Naver ၏လက်အောက်ခံဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် လစဉ်စာဖတ်သူ ၇၂ သန်းကျော်ဖြင့် ရှေ့ဆောင်ဒစ်ဂျစ်တယ် ပလက်ဖောင်း တစ်ခုဖြစ်သည်။ Naver သည် အမေရိကန်၊ ဥရောပနှင့် တောင်အမေရိကတို့အပါအဝင် အာရှထက်ကျော်လွန်၍ ၎င်းတို့၏လုပ်ဆောင်မှုများကို ချဲ့ထွင်လာသည်နှင့်အမျှ လုပ်ငန်းပူးပေါင်းရေးသဘောတူညီမှုများ ရရှိလာသည်။ နိုဝင်ဘာလတွင် ၎င်းတို့၏ website အခြေပြု ကာတွန်းဇာတ်လမ်းများကို animation ရုပ်ရှင်အဖြစ်ပြောင်းလဲရန် ဟောလိ၀ုဒ် studio သုံးခုနှင့် မိတ်ဖက်စာချုပ်များ ချုပ်ဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Naver Webtoon သည် အမေရိကန်တွင် လစဉ်သုံးစွဲသူ ၁၀ သန်းအထိရှိလာခဲ့သည်။



Webcomics နှင့် web ဇာတ်လမ်းများသည် အခြားမီဒီယာများတွင် ပါဝင်ရန် အသင့်အနေအထားတွင် ရောက်ရှိနေပြီ ဖြစ်သည်။  ပြီးခဲ့သည့်လက Naver Wbtoon ၏ “Sweet Home” ဇာတ်လမ်းကို Netflix ၏ မူလဇာတ်လမ်းအဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းသည် တောင်ကိုးရီးယားတွင် အကျော်ကြားဆုံး ရှိုးတစ်ခုဖြစ်လာခဲ့ပြီး ဒီဇင်ဘာလတွင် တစ်ကမ္ဘာလုံး၌ တတိယအကျော်ကြားဆုံး ဖြစ်လာခဲ့သည်။ Wattpad သည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး TV နှင့် ရုပ်ရှင်ထုတ်လုပ်ရေးအပြင် စာအုပ်ရောင်းဝယ်ရာတွင်လည်း အောင်မြင်ခဲ့သည်။



ဤဝယ်ယူမှုသည် Wattpad ကို နိုင်ငံတကာတွင် ဖွံ့ဖြိုးမှုနှင့် အောင်မြင်မှုကို အရှိန်အဟုန်မြင့် ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုပေးသည်။ ၎င်းကို Allen Lau နှင့် Ivan Yuen တို့၏ ဦးဆောင်မှုဖြင့် ကနေဒါနိုင်ငံတွင် ရုံးချုပ်အဖြစ် ဆက်လက်ထားရှိမည် ဖြစ်သည်။ ဝယ်ယူမှုတွင် ကျသင့်ငွေ တစ်စိတ်တစ်ပိုင်းကို အစုရှယ်ယာ လဲလှယ်ခြင်းဖြင့် ပေးချေမည် ဆိုပါက ရောင်းဈေးပမာဏသည် ဝမ်ငွေ ၇၀၈ ဘီလီယံအထိမြင့်တက်နိုင်ကြောင်း Naver က ပြောကြားခဲ့သည်။