"လူတွေကအသိအမှတ်ပြုတာခံရတဲ့ လူ" ဖြစ်ဖို့ကတော့ နှစ်ပေါင်းများစွာ တည်ဆောက်ရလိမ့်မယ်။
ခေါင်းဆောင်ဆိုတာ သူ့နောက်မှာ ဘွဲ့တွေ ၊ ဒီဂရီတွေ ၊ ရာထူးတွေ ၊ ဂုဏ်ထူးတွေ တန်းစီနေတဲ့ သူကို ပြောတာမဟုတ်ဘူး။
(အဲ့ဒါတွေ တန်းစီနေရုံနဲ့လည်း ခေါင်းဆောင်လို့မခေါ်ဘူး။)
ခေါင်းဆောင်ဆိုတာ သူ့နောက်မှာ သူနဲ့အတူ ထက်ထက်သန်သန် လိုက်မယ့် လူတွေရှိနေတဲ့သူပဲ။ လူတွေပါလာအောင် ဆွဲခေါ်နိုင်တဲ့သူပဲ။ လူတွေကို သြဇာလွှမ်းမိုးနိုင်တဲ့သူပဲ။
ငါ...
ဘာတွေသိထားတယ်၊ ဘာတွေတတ်ထားတယ်၊ ဘာတွေရထားတာ..ဘာတွေသင်ထားတယ်၊ ငါက ဘာကောင် ညာကောင် ဘာတွေ... ညာတွေ... မပြောပါနဲ့။
ခေါင်းဆောင်ဖြစ်ဖို့ ခေါင်းစဉ်မလိုဘူး။
ခေါင်းဆောင်နိုင်ဖို့ပဲလိုတယ်။
ခေါင်းဆောင်ဆိုရင် ....
ခင်ဗျားနောက်မှာ ခင်ဗျားနဲ့အတူတူ ခင်ဗျားသွားချင်တဲ့ ပန်းတိုင်ကို ထက်ထက်သန်သန်နဲ့ လိုက်ပါမယ့်လူတွေ လူတွေ ဘယ်နှရောက်လောက် ကို ဦးဆောင်နိုင်နေပြီလဲ...
သူတို့နဲ့အတူတူ ရလဒ်တွေ ထွက်အောင် ဘယ်လောက်လုပ်နိုင်နေပြီလဲ... ဆိုတာနဲ့ပဲတိုင်းတယ်။
ခင်ဗျားလူတွေကလည်း...
ခင်ဗျားဘလောက် သိတယ် ဆိုတာ သူတို့ စိတ်မဝင်စားဘူး။
ခင်ဗျား သူတို့ကို ဘလောက် စိတ်ဝင်စားသလဲဆိုတာပဲ သူတို့ သိချင်တယ်။
ခင်ဗျားဘလောက် သိသလဲ သူတို့ ဂရုမစိုက်ဘူး။
ခင်ဗျားဘလောက် ဂရုစိုက်သလဲဆိုတာပဲ သူတို့သိတယ်။
ခင်ဗျားကိုယ်ခင်ဗျား ခေါင်းဆောင်လို့ထင်ပြီး ချီတက် နေရင် နောက်ပြန်လှည့်ကြည့်ပါ။
တစ်ယောက်မှ ခင်ဗျားနောက်က လိုက်မလာရင် ခင်ဗျားဟာ "ဦးဆောင်နေတာ"၊ "ခေါင်းဆောင်နေတာ" မဟုတ်ပါဘူး။
တကယ်တော့ ခင်ဗျားတယောက်တည်း "လမ်းလျောက်" နေတာသာဖြစ်ပါတယ်။
ဒါပေမယ့် ခင်ဗျားလျှောက်တဲ့လမ်း၊ ခင်ဗျားဖောက်တဲ့လမ်းကို လူတွေကပါ လိုက်ပါလာပြီး ခင်ဗျားနဲ့အတူလျှောက်လာပြီဆိုရင်တော့ ခင်ဗျားဟာခေါင်းဆောင်ပါပဲ။ ဒိထက်လည်း မပိုပါဘူး။
ဒီတော့ စဉ်းစားကြည့်ပါ... (သေချာစဉ်းစားကြည့်ပါ)
ခင်ဗျားဖောက်နေတဲ့ လမ်းကဘာလဲ?
အခု ခင်ဗျား လျှောက်နေတဲ့လမ်းကဘာလဲ?
ဘယ်ကို ခင်ဗျားဦးတည်ပြီးသွားနေလဲ?
ခင်ဗျားရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲ?
ဒီထက်အရေးကြီးတာက...
ခင်ဗျား တယောက်ထဲ လျှောက်နေတာလား၊
အများနဲ့ အတူလျှောက်လှမ်းနေတာလား ဆိုတဲ့ မေးခွန်းပါပဲ။
ပြီးတော့
ခင်ဗျားနောက်ကို လှည့်ကြည့်လိုက်ပါ...
ဘယ်သူတွေ ခင်ဗျားနောက်ကို ထက်ထက်သန်သန် လိုက်နေပြီလဲ?
ဘယ်နှယောက်လောက်များ ခင်ဗျားနဲ့အတူ ချီတက်ဖို့ အသင့်ရှိနေပြီလဲ?
ခင်ဗျားနဲ့အတူ သေမတူရှင်မကွာ ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ပန်းတိုင်ကို အတူချီတက်မယ့် ရဲဘော်ရဲဘက် တွေရှိနေပြီလား?
ခင်ဗျားကိုယ်စား သူတို့ရဲ့အချိန်နဲ့ခွန်အားတွေကို ခင်ဗျားရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်အောင် ပေးဆပ်နေတဲ့ လူတွေ ဘယ်နှစ်ယောက်လောက်များ စုမိထားပြီလဲ?
ဆက်မေးစရာတွေ ကျန်သေးပေမယ့် ဒီလောက်နဲ့တင်ခဏရပ်ပြီး တွေးကြည့်လိုက်ပါ။
( အဖြေက No ဆိုရင်တော့...) ဟူး....
ခင်ဗျားရဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို မြှင့်တင်ဖို့ အထူးလိုအပ်နေတဲ့ အခြေအနေပါပဲ။
ဒီပုံစံအတိုင်း ခင်ဗျားရဲ့ အောင်မြင်မှု ခရီးရှည်ကို ဘယ်လိုများ ရှေ့ဆက် ချီတက်ဖို့ စဉ်းစားထားပါသလဲ?
ခင်ဗျား တစ်ယောက်ထဲ (တစ်ယောက်ထဲ) ချီတက်လို့ မရဘူးနော်။
ရတယ်ဆိုရင်လည်း ခင်ဗျားဆက်လျှောက်နေလို့ရပါတယ်။
ဒါပေမယ့် ခင်ဗျားပြိုင်ဘက်က သူ့လူတွေနဲ့အတူ အုပ်စုလိုက်ကြီး ခင်ဗျားကို ကျော်တက်သွားတာ ခံချင်တယ်ဆိုရင်ပေါ့လေ။
ခေါင်းဆောင်မှုခေတ်ကြီးထဲမှာ ခင်ဗျားဟာ ဘယ်သူကိုမှာ မဦးဆောင်နိုင်ပဲ ဖြစ်နေမယ်ဆိုရင်တော့ ခင်ဗျားမှာရှိတဲ့ ရာထူးဆိုတဲ့ အခွံကြီးကို ပိုက်ပြီး တစ်ယောက်ထဲ ကျန်ခဲ့ဦးမှာပါပဲ။
အရာအားလုံး တက်ခြင်း၊ ကျခြင်းဟာ ခေါင်းဆောင်မှုပေါ်မှာ မူတည်နေတယ်။
ခင်ဗျားရဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေ မြှင့်တက်နေမှ ခင်ဗျားလုပ်ငန်းရဲ့ ရလဒ်တွေဟာ တိုးတက်နေမှာဖြစ်တယ်။
(ထပ်ပြောပါမယ်...)
အရာအားလုံး တက်ခြင်း၊ ကျခြင်းဟာ ခေါင်းဆောင်မှုပေါ်မှာ မူတည်နေတယ်။
ခင်ဗျားရဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေ အစဉ်အမြဲ မြှင့်တက်နေမှ ခင်ဗျားလုပ်ငန်းရဲ့ ရလဒ်တွေဟာ အစဉ်အမြဲ တိုးတက်နေမှာဖြစ်တယ်။
ရာထူးမြှင့်ဖို့၊ ရာထူးတက်ဖို့၊ လစာတိုးဖို့လောက်ပဲ စဉ်းစားနေတဲ့ အိုဟောင်းတဲ့အတွေးအခေါ်တွေနဲ့ မန်နေဂျာတွေဟာ ခုခေတ်မှာ ချောင်ထိုးခံနေရပြီဆိုတာ ခင်ဗျားသဘောပေါက်ပါလိမ့်မယ်။
ဒီမှာ မိတ်ဆွေ...
ခင်ဗျားဟာ ဘယ်တော့မှ ချောင်ထိုးခံရတဲ့သူ (လုံးဝ) မဖြစ်ပါစေနဲ့။
ခင်ဗျားကို ခင်ဗျား မြှင့်တင်ဖို့ အမြဲစဉ်းစားနေပါ။
✔ အမှန်တကယ်လည်း အမြဲ မြှင့်တင်နေပါ။
✔ ခင်ဗျားနဲ့အတူချီတက်မယ့် ရဲဘော်တွေကို စုစည်းပါ။
✔ သူတို့ကိုကောင်းကောင်းဦးဆောင်ပါ။
✔ သူတို့ကိုလည်း ခင်ဗျားအမြဲမြှင့်တင်ပေးပါ။
✔ သူတို့နဲ့အတူ ရလဒ်တွေထွက်အောင်လုပ်ပါ။
✔ သူတို့နဲ့အတူ ပန်းတိုင်ကိုချီတက်ပါ။
✔ သူတို့နဲ့အတူ အမြင့်ဆုံးကို အတူပျံသန်းပါ။
ခင်ဗျားရဲ့ ခေါင်းဆောင်နိုင်မှုအဆင့်Levelကို အမြင့်ဆုံးမြှင့်တင်နိုင်ရင် ခင်ဗျားရဲ့အောင်မြင်မှုက အကန့်အသတ်မရှိပါဘူး။
ခင်ဗျားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ခြင်းဟာ ခင်ဗျားရဲ့လူတွေနဲ့ ခင်ဗျားလုပ်ငန်းအဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုကို မြှင့်တင်ရာ ရောက်ပါတယ်။
ကမ္ဘာကြီးကို အကျိုးပြုချင်တယ်ဆိုရင် ခေါင်းဆောင်တတ်ဖို့ သင်ယူဖို့လိုပါတယ်။
Learn to Lead ဖြစ်ပါတယ်။
ချောင်ထိုးခံထားရတဲ့ အသုံးမကျတဲ့ ရာထူးရှိရုံ (အခွံသက်သက်) ခေါင်းဆောင် အဖြစ်မခံပါနဲ့။
အချိန်မရဘူး၊ မအားဘူးလို့ (ထင်နေတဲ့) ဆင်ခြေတွေကို ခဏဘေးမှာထားလိုက်တော့...
How to make people follow you?
ခင်ဗျားအတွက် အင်မတန် တန်ဖိုးရှိတဲ့အရာဖြစ်တဲ့ လူတွေကိုရရှိလာအောင် ဘယ်လိုဖန်တီးမလဲဆိုတာ အရေးကြီးတဲ့ အချက်ပါပဲ။
(လူတွေဆိုတာက.. ခင်ဗျားလျှောက်တဲ့လမ်းကို ထက်ထက်သန်သန်လိုက်မယ့် လူတွေ ကိုပြောတာပါ)
-ခင်ဗျားနောက်ကို လူတွေ ထက်ထက်သန်သန် လိုက်ချင်လာအောင် ဘယ်လိုလုပ်မလဲ။
- နောက်ပြီး သူတို့နဲ့ ဘလိုခရီးဆက်မလဲ။
-သူတို့ကို ခင်ဗျားဘယ်လို စီမံခန့်ခွဲ ဦးဆောင်မလဲ။
-ခင်ဗျားမရှိတဲ့အချိန်မှာတောင် ခင်ဗျားအတွက် ရလဒ်ထွက်အောင် လုပ်ပေးနေမယ့် လူတွေကို ဘယ်လိုတည်ဆောက်မလဲ။
-ခင်ဗျားလိုခေါင်းဆောင်တွေ၊ ခင်ဗျားထက်တော်တဲ့ခေါင်းဆောင်တွေကို ဘယ်လိုမွေးထုတ်မလဲ။
- ခေါင်းဆောင်မှုရဲ့အဆင့် ၅ ဆင့်ကို တဆင့်ခြင်းစီ ဘယ်လိုတက်အောင်လုပ်မလဲ။
ဒါတွေ သိဖို့ အရေးကြီးပါတယ်။ ဒါ့ထက်ပိုအရေးကြီးတာရှိသေးတယ်။
အဲ့ဒါက လုပ်ဖို့ ဖြစ်တယ်။
"ငါသိ၊ ငါတတ်" ဆိုတဲ့ လူတွေ လောကကြီးမှာ အများကြီးရှိပါတယ်။
"ငါလုပ်လို့၊ ငါရတယ်"၊ "ငါရအောင်၊ ငါလုပ်တယ်" ဆိုတဲ့လူတွေ အရမ်းရှားတယ်။ ခေါင်းဆောင်မှုဆိုတာ "အလုပ်" ပါပဲ။ Action ပါပဲ။
မိတ်ဆွေ ...
အချိန်မဆွဲပဲ အခုပဲ Action ယူလိုက်ပါ။
Do it Now, အခုပဲလုပ်လိုက်ပါ။
Learn to Lead, ဦးဆောင်ဖို့အတွက် အခုပဲ သင်ယူလိုက်ပါတော့။
Recommended for you-ဘဝကိုပြောင်းလဲစေနိုင်တဲ့ စကားတစ်ခွန်းရဲ့ အစွမ်း!
Credit;phookyawzin(future wave)