အဆိုပါ ကြော်ငြာ ခြင်းကို ရပ်တန့်ပစ်တဲ့ ကုန်အမှတ်တံဆိပ်များထဲတွင် Verizon , Unilever , Ben & Jerry's , Eddie Bauer , Coca Cola , StarBucks , Dashlane , Beam Suntory , Arc'teryx , The Northface , Upwork , Patagonia , Rei Co op , Diageo , Eileen Fisher , Jansport , Honda , Hershey's စတာတို့ ပါဝင်ခဲ့ပါတယ်။
ဒီထက်ပိုပြီး ငွေကြေးပိုင်းဆိုင်ရာ ဘယ်လို ပိုမိုထွက်လာအောင် လှုပ်ရှားမယ်လို့ထင်ပါသလဲ ဆိုတာကို Third Bridge မှ ကမ္ဘာ့ဆက်သွယ်မှုပိုင်းဆိုင်ရာ နည်းပညာမီဒီယာပိုင်း အမှု့ဆောင်ချုပ် ဖြစ်သူ Scott Kessler နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ အတော်လေး ဖေ့ဘုတ်က အခြေအနေဆိုးတာကိုတွေ့ရတယ် အခုတော့ ဘယ်လို engage လုပ်နေမှန်းမသိရပေမယ့် လက်ရှိ ဖေ့ဘုတ်ပေါ်မှာ ကြော်ငြာခြင်းရပ်တန့်ထားတဲ့ ကုန်အမှတ်တံဆိပ်တွေပေါ်မှာ မှုတည်တယ် သူတို့ အနေနဲ့ ဘယ်လောက်ထိ ဖေ့ဘုတ်ပေါ်မှာ ကြော်ငြာ ခြင်း မပြုပဲ ထားမလဲဆိုတာက စကားပြောပါလိမ့်မယ် ကျွန်တော့် အထင် Facebook က ဘယ်လို ထက်ပြီး တုန့်ပြန်မလဲဆိုတာကိုကုန်အမှတ်တံဆိပ်တွေ အနေနဲ့ စောင့်ကြည့်မယ်သိရပါတယ်။
Scott Kessler ပြောကြားတဲ့ သဘောတရား ကတော့ Facebook အနေနဲ့ လုံး၀ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေနဲ့ ကြော်ငြာ ကို လက်ရှိမှာ မရရှိတော့ပါဘူး Starbucks ဆို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကဆိုရင် ၉ . ၅ မီလီယံ သုံးစွဲခဲ့တာတွေ့ရပါတယ်။
Facebook မှာ ကုန်အမှတ်တံဆိပ်အကြီးကြီးတွေရဲ့ ကြော်ငြာ မှု့ အပြင် သေးသေးပွစိလေးတွေရဲ့ ကြော်ငြာ မှု့ တွေက ရှိနေသေးတယ်သိရပါတယ် တကယ်တန်းမှာ ဒါဟာဖြစ်လေ့ဖြစ်ထ ရှိတဲ့ကိစ္စပါပဲ။
ကိုဗစ်ဖြစ်တဲ့ အခြေအနေမှာ ကြော်ငြာ တွေအားလုံး က ရပ်သွားခဲ့တယ် ဒါ့ကြောင့် Facebook ရဲ့ ကြော်ငြာ အမြတ်ငွေပြ ဇယားမှာ ကိုဗစ်အသည်းအသန်ဖြစ်ချိန်မတ်လလောက်ကနေပြီး ကျထိုးကြသွားတာတွေ့ရတယ် ဘာကြောင့်ဆို စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးက ကိုဗစ်ကြောင့်ကြော်ငြာ ခြင်းကို ရပ်တန့်လိုက်လို့ပါပဲ ။
အခုအချိန်မှာ ကိုဗစ် အသားကျ သွားတဲ့ ကာလ လဲဖြစ်တဲ့ အလျှောက် ကြော်ငြာ မှု့ ထက် သေးသေးပွစိလေးတွေ ရဲ့ ကြော်ငြာ မှု့ ကြောင့် သာ Facebook ခံသာနေတာပေါ့။Facebook အနေနဲ့ အတော်လေး အဆင်ပြေအောင်ဆက်လက်ရုန်းကန်နေရတာဖြစ်ပြီး Facebook ၏ ၀ င်ငွေ၏ ရာနှုန်းပြည့် နီးပါးသည် ကြော်ငြာများမှ ရရှိသော ဝင်ငွေ ဖြစ်ပြီး ယခုနှစ်ပထမသုံးလအတွင်း ကြော်ငြာအရောင်းဒေါ်လာ ၁၇.၄ ဘီလီယံ ရရှိခဲ့သည်။
<<< Zawgyi >>>
Facebook ရဲ့ ကြော်ငြာ ဂယက် အပြည့်အစုံ
------------------------------------------------------
ပြီးခဲ့တဲ့ သောကြာနေ့က မက်ဇူကာဘက်ရဲ့ ပြောဆိုချက်တွေကို နာမည်ကြော် ကုန်အမှတ်တံဆိပ်များက သဘောမတွေ့တဲ့ အခါမှာ ၎င်းတို့က ဖေ့ဘုတ်မှာ ကြော်ငြာ ခြင်းကို ရပ်တန့်ဖြစ်ဖို့ အတော်များများနီးတူ လက်ခံခဲံကာ Facebook တွင် ကြော်ငြာ ခြင်းကိုရပ်တန့်ခဲ့ကြပါတယ်။
Ref : Yahoo