Online advertising မှာ Publisher(ကြော်ငြာလက်ခံသူ) Advertiser (ကြော်ငြာသူ)ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲ့လို Publisher နဲ့ Advertiser ရဲ့ကြားကိုချိတ်ဆက်ပေးတဲ့ကွန်ယက်ကို Advertising Network လို့ခေါ်ခြင်းဖြစ်တယ်။
ကိုယ်က Advertiser အနေနဲ့ ကြော်ငြာမယ်ဆိုရင်လုပ်ဆောင်ရမယ့် အချက်တွေရှိပါတယ်။
၁. Goal ကိုအရင်ဆုံးသတ်မှတ်ရပါမယ်။ ကိုယ်ဘာအတွက် ကြော်ငြာတယ်ဆိုတာသိဖို့လိုအပ်တယ်။
၂. ဘယ်လိုကြော်ငြာမလဲဆိုတာ စဉ်းစားဆုံးဖြတ်ရပါမယ်။ ဥပမာ-Display Design ကိုဘယ်လိုလုပ်မယ်ဆိုတာမျိုးကို အသေးစိပ်စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
၃. Retargeting! ကြော်ငြာထားတဲ့ Ads ကိုပြန်လည်သုံးသပ်ပြီး retarget လုပ်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်လုပ်ထားတဲ့ Ads က ပိုပြီးထိရောက်တဲ့ right user တွေဆီရောက်နိုင်ပါမယ်။
Source: digital laboratory