ဒုတိယအချက်က ကောင်းမွန်တဲ့ Facebook content တစ်ခုဖြစ်လာဖို့ဆို လူမြင်များတဲ့ခေါင်းစဉ်နဲ့ ပုံကို အဓိက ဂရုစိုက်စေချင်ပါတယ်။{ Content writer နဲ့ Graphic designer တို့ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုလိုအပ်ပါတယ် }ပုံကိုမြင်ပြီး စိတ်ဝင်စားစရာကောင်းမှသာလျှင် စာကို ဆက်လက်ဖတ်ရူကြတာပါ။
ခေါင်းစဉ်ကို တိုတိုလေးနဲ့ ရိုးရှင်းစွာ ရေးသင့်ပါတယ် content တစ်ခုမှာ ခေါင်းစဉ်က အသက်ပါပဲ။ ဖတ်ရူသူတွေကို စဉ်းစားစရာလေးတွေပေးပါ။ လေ့လာချက်တချို့အရ မြန်မာပြည်က စာဖတ်သူ ပရိသတ်အများအပြားက ဟာသလေးတွေနဲ့ ဆိုပိုသဘောကျတာတွေ့ရပါတယ်။
ထိုကဲ့သိုဟာသနှောပြီးမှ သင့် ရည်ရွယ်ချက်လေးကိုမသိမသာ ဆွဲခေါ်ကာ ချရေးသွားပါ။ စာရေးချိန် အာရုံစူးစိုက်မူ တစ်နေရာတည်းတွင် ရှိပေးပါ။ ဦးနှောက်ထဲပေါ်လာသမျှ အကုန်လုံး ချရေးထားပြီး အကြမ်းရေးထားပါ။ ပြီးမှ စာပြန်စီပါ။ Comment ဆိုးတွေ ရရှိလာမှာကို မကြောက်ပါနှင့် ။
ထို comment တိုင်းဟာ သင့် post ကို reach အင်မတန်ရောက်စေပါတယ်။ အချိန်ရရင်ကိုယ့် page ရဲ့ comment တိုင်းကို reply ပြန်ပါ။ တတိယ အချက်က ပရိုမိုးရှင်း အကယ်၍ ဒီ content လေးမှာ မန့်ပြီး လာပြရင် product တစ်ခု အလကားပေးမယ်ဆိုပြီး စားသုံးသူ စိတ်ပါဝင်စားအောင် ချဉ်းကပ်တဲ့ နည်းလမ်းတွေသုံးသင့်ပါတယ်။
Myanmar Advertising Guide
Ref : WIki