Marketing

Freebie Marketing Strategy ဆိုတာဘာလဲ ?

Read 1649 times
Freebie Marketing Strategy ဆိုတာဘာလဲ ?

အစားအသောက် Testing ကျွေးတာတွေ စားဖူးကြပါ သလား?

ဒါတွေဟာ Freebie Marketing Strategy တွေပါပဲ။

Freebie Marketing Strategy ဆိုတာက လွယ်လွယ်ပြောရရင် တစ်ခုခုကို အခမဲ့ပေးပြီး အခြားတစ်ခုကို ရောင်းလို့ရအောင် လုပ်ဆောင်တဲ့ ဗျူဟာတစ်ခုပဲ ဖြစ်ပါတယ်။ နည်းနည်းကလေး ချဲ့ပြောမယ်ဆိုရင်တော့ တစ်ခုခုကို ဈေးလျှော့ပေးခြင်း၊ အခမဲ့ပေးခြင်းဖြင့် မိမိရောင်းချလိုသော အခြားသော ပစ္စည်း သို့မဟုတ် ပိုမိုတန်ဖိုးကြီးမားသော ပစ္စည်းကို ၀ယ်ယူစေရန် ဆွဲဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဗျူဟာတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရောင်းပမာဏကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။


လူတိုင်း၊ လူတိုင်းဟာ “အခမဲ့” ဟူသော စကားလုံးကို အမတန် နှစ်သက်ကြပါတယ်။

-တစ်ခုဝယ် တစ်ခုလက်ဆောင်။
-အခမဲ့ အသုံးပြုခွင့်

အစရှိတဲ့ စာသားတွေဟာ အမြဲတမ်း နှစ်ခါပြန် အာရုံစိုက်ခံရတဲ့ စာသားတွေပဲ ဖြစ်ပါတယ်။ Marketing ဗျူဟာ အရ အခမဲ့ပေးခြင်းနဲ့ အတူတွဲလုပ်တဲ့ ဗျူဟာတွေဟာ ၀င်ငွေလမ်းကြောင်းအများကြီး ဖန်တီးပေးနိုင်တဲ့ ဗျူဟာတွေပါပဲ။ အခမဲ့ ဟူသော လမ်းကြောင်းမှတစ်ဆင့် Customer တွေဆီ Value(တန်ဖိုး) တွေ ပို့ပေးနိုင်ရပါမယ်။ ဒါမှသာ ၀ယ်သူရဲ့ ၀ယ်ယူမှုကို ရရှိမှာ ဖြစ်ပါတယ်။ အခမဲ့ ဆိုပြီး ပစ်စလတ်ခတ် လုပ်ဖို့ မသင့်တော်ပါဘူး။


Freebie Marketing Strategy တစ်ခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်းတွေဟာ အောက်ခြေအထိ ဂရုစိုက်ရပါမယ်။ ထိပ်တန်းအရောင်းသမားတွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေအတွက်တော့ ဒီနည်းလမ်းဟာ တစ်ခါတစ်လေမှ အလုပ်ဖြစ်ပေမဲ့ တန်ဖိုးနည်း Value added ပစ္စည်းတွေမှာတော့ အနာဂတ်ဝယ်ယူမှုတွေ ဖြစ်ပေါ်စေပါတယ်။


နောက်တစ်ခု သိထားရမှာက Freebie Marketing Strategy ဟာ Market ထဲကို အလိုအလျောက်ပြန့်လေ့ ရှိပါတယ်။ ကိုယ်လုပ်ပေးရမှာက သတင်းစီးဆင်းရာ လမ်းကြောင်းတွေကို လိုက်ဖြန့်ပေးရုံပါပဲ။ ကိုယ့်ရဲ့ Strategy ဟာ ၀ယ်သူတွေအတွက် အမတန် ကောင်းမွန်တယ်ဆိုရင် တစ်ဆင့်စကားနဲ့ ပြန့်သွားပါလိမ့်မယ်။


အောင်မြင်တဲ့ Freebie Marketing Strategy တစ်ခုဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကိုယ်ပစ်မှတ်ထားတဲ့ Target market ဆီ ရောက်သွားပါလိမ့်မယ်။ ၀ယ်ယူသူတွေကလည်း လုပ်ငန်းအနေနဲ့ မတောင်းဆိုရပါပဲ သူတို့ရဲ့ ဆန္ဒအလျောက် ဖြန့်ဝေပေးပါလိမ့်မယ်။ ကိုယ့် Brand ရဲ့ ပုံရိပ်ကလည်း အလိုလို ပြန့်ပွားသွားပါလိမ့်မယ်။


Source; Htet Zan Linn

Myanmar Advertising Directory


Read More.. ဖောက်သည်တွေ ပျက်မသွားအောင် ဈေးဘယ်လိုတင်ကြမလဲ?