Marketing

Marketing Management ဆိုတာ ...

Read 3117 times
Marketing Management ဆိုတာ ...

Company နဲ့  Customer ကိုချိတ်ဆက်ပေးတယ်ဆိုတာမျိုးလဲပြောလို့ ရတယ်လေ။
အဲ့တော့ Marketing Management ဆိုတာ ကုန်ပစ္စည်းကို Customer လက်ထဲမှန်မှန်ကန်ကန်ရောက်အောင်စီမံခန့် ခွဲပေးတာပါပဲ။

Marketing မှာ အခြေ ခံအနေနဲ့ ဘာတွေသိသင့်လဲ-
-Market တွေ အကြောင်း Market လုပ်လို့ ရတဲ့ Product တွေ Service တွေ အကြောင်းသိရတယ်။
-Product ရယ်လို့ ရှိပြီဆိုရင် ဘယ်သူတွေကိုရောင်းရလဲ တိကျတဲ့ Target Market ကိုရှာရတယ်၊ ဘယ်လှိုရှာလဲဆိုတာသိရတယ်။
-Marketing ရဲ့ အခြေခံအကျဆုံးနဲ့ အကျယ်အပြန့် ဆုံး ဖြစ်တဲ့ 4 P (Product, Price, Promotion, Place)
အကြောင်း အသေးစိတ်သိရတယ်။

ဥပမာ- Product ကို Customer တွေ လိုချင်အောင်ဘယ်လို ထုတ်မလဲ ဈေးနှုန်းတွေဘယ်လိုသတ်မှတ်မလဲ။
Promotion Plan တွေဘယ်လိုချမလဲ ရောင်းအားတွေ၂ဆ ၃ဆ တက်လာအောင် ဘယ်လို ကြော်ငြာမလဲ။
ကိုယ့် Product ကို ဘယ်နေရာတွေကနေ Customer ဆီကို အရောက်ပို့ မလဲ ဒါတွေကိုလဲအသေးစိတ်လေ့လာသင်ယူထားရတယ်။သေသေချာချာ သိရမယ်။

ဒါမှ Marketing Management ကို အခြေ ခံ နိုင်တယ်လို့ ပြောလို့ ရမယ်။ ဒီလောက်နဲ့ ကို တနိုင်တပိုင်လုပ်ငန်း ကောင်းကောင်းRun ဖို့ အခြေ အနေ ရှိပြီပြောလို့ ရတယ်။
ဒါပေမဲ့ ဆက်လက်လေ့ လာစရာလေးတွေလဲလိုသေးတာပေါ့။

Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)

ကိုယ်ပိုင် Business တစ်ခုစမယ် ဘယ်ကစမလဲ ၂မျိုးရှိပါတယ်…

ထုတ်ပြီးသားထုတ်ကုန်ကိုဈေးကွက်ထဲ မှာ ရောင်းတာနဲ့ ဈေးကွက်ထဲမှာလို အပ်နေတဲ့ထုတ်ကုန်ကိုထုတ်ပြီးရောင်းတာနဲ့ ။
ထုတ်ကုန်ဆိုတာ Product ကော Service ကောဆိုလိုပါတယ်။ သေချာတာတော့ ၂မျိုးလုံးက Marketing နဲ့ မလွတ်ပါဘူး။

Marketing ဆိုတဲ့ ပညာရပ်ကိုတတ်ထားမှာ Business တစ်ခုစဖို့ ဆိုတာ ပါမှာပါ။
Marketing ဆိုတာနားလည်မယ်ဆိုရင်ဈေးကွက်ထဲမှာကိုယ့်ပစ္စည်းဘယ်သူတွေ စိတ်ဝင်စားမလဲမြန်မြန်ဆန်ဆန်ဘယ်လိုရောင်းထွက်အောင်လုပ်ရမလဲ။
လူတွေ အများကြီးသိဖို့ ထက် တကယ်အားပေးနိုင်မဲ့တွေသိအောင်ဘယ်လိုကြော်ငြာမလဲ (ကုန်ကျစရိတ်နဲနဲနဲ့ )
Loyal Customer တွေရှိလာအောင်ဘယ်လိုလုပ်မလဲ။ အစရှိတာတွေကို လုပ်တတ်မှာဖြစ်ပါတယ်။

ထိရောက်တဲ့ Text Ads ဖြစ်အောင် ဒီအချက်တွေကိုဆောင်

Credit :  Grab Your Success - Pyae Phone