Digital Marketing

Native Content ဆိုတာဘာလဲ

Read 1527 times
Native Content ဆိုတာဘာလဲ

အဓိကအားဖြင့် Google, Wiki တို့ကို အားကိုးပြီး Reference လုပ်ထားပေမဲ့ ကိုယ်ပိုင်အမြင်၊ တွေးခေါ်မှု သုံးသပ်ချက်တွေ ထည့်သွင်းရေးသားထားတဲ့ Content မျိုးပါ။ ဒီ Content မျိုးက အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုနေရာမျိုးမှာ ပိုအရေးကြီးပါတယ်။ ပြောရရင် ကိုယ့်မှာ Engagement တော့ တက်တယ်။ ဒါပေမယ့် ကိုယ့် Company ရဲ့ Branding ကို အထောက်အကူမပြုနိုင်တဲ့ Content တွေက အလကားပါပဲ။

Boosted လုပ်ထားတဲ့ Ads တွေ၊ Budged တွေ ပြင်ဆင်ချင်တယ်ဆိုရင်


Content တစ်ခုပေါက်တယ်ဆိုရင် ဒါက ဘာကြောင့်လဲဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။ သင့် page မှာ မန်ယူအသင်းအကြောင်း တင်ပေးနေရင် engagement ကောင်းမှာဖြစ်ပေမယ့် ဒါက မန်ယူကြောင့်ဖြစ်ပါတယ်။ မန်ယူနဲ့ သင့်ရဲ့ brand ကြား ချိတ်ဆက်မှုကို မရှာနိုင်ဘူးဆိုရင် engagement ကောင်းတာက Brand ကို အထောက်အကူပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် Native Content တွေလိုပါတယ်။ Social Media Experts ဆိုသူတွေကိုလည်း အဲဒီ native content, past project content တွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါမယ်။


လက်ရုံးဟာ မန်ချက်စတာယူနိုက်တက် အမာခံဖန် Tipsters အနေနဲ့ နာမည်ကြီးပါတယ်။ သူ့ရဲ့Content တွေက ဘောပွဲလောင်းသူတွေကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘဲနဲ့ ဘောလုံးဖန်တွေကို ပစ်မှတ်ထားတာတွေ့ရမှာပါ။ အဲဒီအတွက် သူ့ Branding, tips ရောင်းအား , tips ရောင်းဖို့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်တာကိုတွေ့ရမှာပါ။ ဒီနေရာမှာ အတိအလင်းပြောချင်တာက Follower များတိုင်း social influencer မဖြစ်ပါဘူး။ Follower များတယ်ဆိုတာ Wide ဖြစ်တာပါ။ Follower တွေကို ပြောလိုက်ရင် ဘယ်လောက်ထိ ကိုယ်ပြောတာ လိုက်လုပ်လဲဆိုတာက Deep ပါ။


Source; CEOMyanmar

Myanmar Advertising Directory