တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံတဲ့အခါမွာ အဆင့္အတန္းကုိၾကည့္ၿပီးဆက္ဆံၾကတယ္။ အဆင့္အတန္း နိမ့္ေနရင္ ေလးေလးစားစား မဆက္ဆံဘူး။ ဒါေပမဲ့ စဥ္းစားစရာေကာင္းတာက အဆင့္အတန္းဆုိတာကို ဘာနဲ႔တုိင္းတာသလဲ။ ေငြ၊ ဘြဲ႔ထူး၊ ရာထူးနဲ႔တုိင္းတာမွာလား၊ ရုပ္ရည္ရူပကာ ေခ်ာေမာျခင္းနဲ႔ တုိင္းတာမွာလား၊ ခ်မ္းသာျခင္း၊ ဆင္းရဲျခင္းနဲ႔ဆိုတာနဲ႔ပဲ တုိင္းတာေတာ့မွာလား၊ စိတ္ေနသေဘာထား၊ အသိဥာဏ္၊ အက်င့္စာရိတၱနဲ႔ တုိင္းတာမွာလား။ ဒါဆိုက်ြန္ေတာ္တုိ႔ေတြကေကာ အဆင့္အတန္းဆုိတာကို ဘယ္လုိအရာနဲ႔ တုိင္းတာမလဲ။
လူအားလံုးကေတာ့ အဆင့္အတန္းဆုိတာကို အဓိပၸာယ္ဖြင့္ဆိုပံုျခင္းေတာ့ တူညီၾကမွာမဟုတ္ပါဘူး။ အားလံုးမွာ ကိုယ္႔အျမင္၊ အယူအဆေတြဆိုတာရွိေနတာေၾကာင့္ပါ။ လြတ္လြပ္စြာ ကြဲလြဲပုိင္ခြင့္လည္း ရွိပါတယ္။ အဓိက အခ်က္က ေလးနက္စြာစဥ္းစားဖို႔ပါပဲ။
က်ြန္ေတာ္ကေတာ့စိတ္ေနသေဘာထားျမင့္ျမတ္ျခင္းနဲ႔ အသိဥာဏ္ပညာျမင့္မားျခင္းကို အဆင့္အတန္းလုိ႔ သတ္မွတ္ခ်င္ပါတယ္။ စိတ္ေနသေဘာထားနဲ႔ အသိဥာဏ္အဆင့္အတန္း ျမင့္မားလာေလေလ သေဘာထား ႀကီးလာေလေလ ျဖစ္လာတာဟာလည္း တိုက္ရိုက္အခ်ိဳးက်ပါတယ္။ သေဘာထား ႀကီးလာေလေလ ကိုယ္နဲ႕ အယူအဆ အေတြးအေခၚမတူတဲ႔သူေတြကို ေလးစားႏုိင္ေလေလ ျဖစ္လာတယ္။ ဒါ့အျပင္အသိဥာဏ္ပညာ ျမင့္မား သူေတြဟာ အရာအားလံုးကုိ အက်ိဳးအေၾကာင္း၊ အဆိုးအေကာင္း၊ အမွားအမွန္ ေ၀ဖန္သံုးသပ္ပိုင္းျခား ႏုိင္သူေတြလည္း ျဖစ္ၾကပါတယ္။ ကိုယ့္ထက္နိမ့္က်သူမ်ားကို အေကာင္းဆံုးဆက္ဆံေျပာဆုိတတ္သူမ်ားဟာ လည္း အဆင့္အတန္းျမင့္မားသူတို႔ရဲ႔ ၀ိေသသတစ္ခုပါ။ ႏူးညံျဖဴစင္တဲ့ စိတ္ႏွလံုးသားပိုင္ရွင္ေတြလည္း ျဖစ္ၾကပါတယ္။
Read-စိုးရိမ္လြန္ၿပီး အေတြးမ်ားေနတာကို ဘယ္လုိရပ္တန္႔မလဲ
ေဘာထားႀကီးတဲ့သူဟာ ဆက္ဆံေရးပုိၿပီး အဆင္ေျပတယ္။ စိတ္လည္းပိုေအးခ်မ္းတယ္။ ဒီလိုလူမ်ိဳးေတြရဲ႔ ေဘးနားမွာရွိေနတဲ့ အေပါင္းအသင္းေတြပါ သူတို႔ဆီမွ ေကာင္းေသာအက်င့္မ်ားကို ကူးစက္ေစပါတယ္။ ဒါေၾကာင့္ စိတ္ေအးခ်မ္းခ်င္ရင္ ခြင့္လႊတ္ႏိုင္တဲ့ အရည္အခ်င္း၊ နားလည္ႏိုင္တဲ့ အရည္အခ်င္းေတြကို ျမွင့္ရမယ္။ ဒီလုိျမွင့္တင္ျခင္းဟာ ကုိယ့္ရဲ႕အဆင့္အတန္းကို ကိုယ္ျမွင့္တင္ျခင္းပါပဲ။
သေဘာထားႀကီးၿပီး စိတ္ေအးခ်မ္းတဲ႔သူေတြဟာ စိတ္ေနသေဘာထားနဲ႔ အသိဥာဏ္အဆင့္အတန္း ျမင့္မားၾကတဲ့သူေတြျဖစ္ၾကသူေတြပါ။ ဒါဆိုသင္တုိ႔ေရာ အဆင့္အတန္းဆုိတာကို ဘယ္လိုသတ္မွတ္မွာလဲ။
ဆရာေတာ္ဦးေဇာိတက၏ ဘ၀၏အဆင့္အတန္း သေဘာထားႀကီးပါတယ္ စာအုပ္မွေကာက္ႏွဳတ္ေဖာ္ျပပါသည္။
Unicode Version
လူတိုင်းက အဆင့်အတန်းမြင့်ချင်ကြပါတယ်။ အဆင့်အတန်းမြင့်တဲ့သူကို လူတွေက ပိုပြီးလေးစားကြပါတယ်။ သူ့အဆင့်အတန်းကဘယ်လောက် ကိုယ့်အဆင့်အတန်းကဘယ်လောက်ဆိုပြီး တွေးတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ အဆင့်အတန်းကိုကြည့်ပြီးဆက်ဆံကြတယ်။ အဆင့်အတန်း နိမ့်နေရင် လေးလေးစားစား မဆက်ဆံဘူး။ ဒါပေမဲ့ စဉ်းစားစရာကောင်းတာက အဆင့်အတန်းဆိုတာကို ဘာနဲ့တိုင်းတာသလဲ။ ငွေ၊ ဘွဲ့ထူး၊ ရာထူးနဲ့တိုင်းတာမှာလား၊ ရုပ်ရည်ရူပကာ ချောမောခြင်းနဲ့ တိုင်းတာမှာလား၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနဲ့ဆိုတာနဲ့ပဲ တိုင်းတာတော့မှာလား၊ စိတ်နေသဘောထား၊ အသိဉာဏ်၊ အကျင့်စာရိတ္တနဲ့ တိုင်းတာမှာလား။ ဒါဆိုကျွန်တော်တို့တွေကကော အဆင့်အတန်းဆိုတာကို ဘယ်လိုအရာနဲ့ တိုင်းတာမလဲ။
လူအားလုံးကတော့ အဆင့်အတန်းဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်းတော့ တူညီကြမှာမဟုတ်ပါဘူး။ အားလုံးမှာ ကိုယ့်အမြင်၊ အယူအဆတွေဆိုတာရှိနေတာကြောင့်ပါ။ လွတ်လွပ်စွာ ကွဲလွဲပိုင်ခွင့်လည်း ရှိပါတယ်။ အဓိက အချက်က လေးနက်စွာစဉ်းစားဖို့ပါပဲ။
ကျွန်တော်ကတော့စိတ်နေသဘောထားမြင့်မြတ်ခြင်းနဲ့ အသိဉာဏ်ပညာမြင့်မားခြင်းကို အဆင့်အတန်းလို့ သတ်မှတ်ချင်ပါတယ်။ စိတ်နေသဘောထားနဲ့ အသိဉာဏ်အဆင့်အတန်း မြင့်မားလာလေလေ သဘောထား ကြီးလာလေလေ ဖြစ်လာတာဟာလည်း တိုက်ရိုက်အချိုးကျပါတယ်။ သဘောထား ကြီးလာလေလေ ကိုယ်နဲ့ အယူအဆ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားနိုင်လေလေ ဖြစ်လာတယ်။ ဒါ့အပြင်အသိဉာဏ်ပညာ မြင့်မား သူတွေဟာ အရာအားလုံးကို အကျိုးအကြောင်း၊ အဆိုးအကောင်း၊ အမှားအမှန် ဝေဖန်သုံးသပ်ပိုင်းခြား နိုင်သူတွေလည်း ဖြစ်ကြပါတယ်။ ကိုယ့်ထက်နိမ့်ကျသူများကို အကောင်းဆုံးဆက်ဆံပြောဆိုတတ်သူများဟာ လည်း အဆင့်အတန်းမြင့်မားသူတို့ရဲ့ ၀ိသေသတစ်ခုပါ။ နူးညံဖြူစင်တဲ့ စိတ်နှလုံးသားပိုင်ရှင်တွေလည်း ဖြစ်ကြပါတယ်။
ဘောထားကြီးတဲ့သူဟာ ဆက်ဆံရေးပိုပြီး အဆင်ပြေတယ်။ စိတ်လည်းပိုအေးချမ်းတယ်။ ဒီလိုလူမျိုးတွေရဲ့ ဘေးနားမှာရှိနေတဲ့ အပေါင်းအသင်းတွေပါ သူတို့ဆီမှ ကောင်းသောအကျင့်များကို ကူးစက်စေပါတယ်။ ဒါကြောင့် စိတ်အေးချမ်းချင်ရင် ခွင့်လွှတ်နိုင်တဲ့ အရည်အချင်း၊ နားလည်နိုင်တဲ့ အရည်အချင်းတွေကို မြှင့်ရမယ်။ ဒီလိုမြှင့်တင်ခြင်းဟာ ကိုယ့်ရဲ့အဆင့်အတန်းကို ကိုယ်မြှင့်တင်ခြင်းပါပဲ။
သဘောထားကြီးပြီး စိတ်အေးချမ်းတဲ့သူတွေဟာ စိတ်နေသဘောထားနဲ့ အသိဉာဏ်အဆင့်အတန်း မြင့်မားကြတဲ့သူတွေဖြစ်ကြသူတွေပါ။ ဒါဆိုသင်တို့ရော အဆင့်အတန်းဆိုတာကို ဘယ်လိုသတ်မှတ်မှာလဲ။
ဆရာတော်ဦးဇောိတက၏ ဘဝ၏အဆင့်အတန်း သဘောထားကြီးပါတယ် စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။