၁။ Financial freedom (ငွေကြေး အခက်အခဲမှ လွန်မြောက်ခြင်း)
၂။ Well being (Wellness ကိုယ်စိတ် ကျန်းမာရေး)
၃။ Peace of Mind (စိတ်ငြိမ်းချမ်းမှု )
ဒီ သုံးခုထဲ က ဘယ်လောက် ပြည့်စုံနေသလဲ ဆိုတာ ကိုကြည့်ပြီး ဘယ်လောက် အောင်မြင်သလဲ ဆိုတာကို တိုင်းပါတယ်။
၁။ Financial Freedom
ဓန ကျွန် အဖြစ်မှ လွတ်မြောက်ခြင်း၊ ငွေကြေး အခက်အခဲမှ လွတ်မြောက်ခြင်းပါ။ ဒါဟာ ပိုက်ဆံ ချမ်းသာတာ ပိုက်ဆံ မရှိတာတွေနဲ့ မဆိုင်ပါဘူး။
တခါက ကျနော် Damon John ဆိုတဲ့ Shark Tank Multi millionaire ရဲ့ ဟောပြောပွဲမှာ ကြားဖူးပါတယ်။ Have you ever seen a 2 million dollar poor man? တဲ့။ အဲ့ဒါ ဒေါ်လာ ၂ သန်းဖိုး မွဲနေတဲ့ သူ ကို မြင်ဖူးလားလို့ မေးတာပါ။
ရှိပါတယ်။ ပိုက်ဆံတွေ ဒီလောက်ရှိနေပေမယ့် ဒီ ငွေလေးတွေကို စုထားပြီး ဘ၀ကြီး တစ်ခုလုံး ဒီ ငွေ လေး မပွန်းပဲ့သွားအောင် လုပ်နေရတာနဲ့ကို ဆင်းရဲမွဲတေသလို ဖြစ်နေတဲ့သူတွေပေါ့။
ကျနော့် အတွက်ကတော့ ငွေကြေးဟာ ကျနော်တို့ဘ၀ရဲ့ နေ့စဉ် နေထိုင် အသက်ရှင်မှု ရဲ့ သက်တောင့်သက်သာ ဖြစ်စေမှုကို မထိခိုက်ဖို့ လိုပါတယ်။ ဖြစ်လာပြီဆိုရင် ငွေကြေး အခက်အခဲ ဖြစ်နေပါတယ်။ ငွေကြေးက ကိုယ့်ကို နှိပ်စက်လို့ ရနေပါတယ်။ အဲ့ဒီလို ဖြစ်ရင် Financial freedom မရှိဘူးလို့ ပြောနိုင်တာပေါ့။
မြန်မာပြည်မှာဆို အရေးအကြီးဆုံး တစ်ချက်။ မကျန်းမာ တဲ့ အခါ ကုသဖို့ ငွေကြေး။ ငွေ အကုန်မခံနိုင်လို့ ကျန်းမာရေး ထိခိုက်ခံလိုက်ရတဲ့ လူတွေတွေ့ဖူးပါတယ်။ ဒီလိုဆိုရင် ငွေကြေးနှိပ်စက်လို့ ဘ၀ရှင်သန်မှု ထိခိုက်ပြီပေါ့။
ဒီလို မဖြစ်ရအောင် ကျနော်တို့ တကိုယ်ရည် ငွေကြေး စီမံခန့်ခွဲရေး လုပ်ကြဖို့ လိုပါတယ်။ Personal financial management ကို လေ့လာရပါမယ်။ ဒါကို ကျောင်းက မသင်ဘူးနော်။ ကိုယ့်ဖာသာ စာဖတ်ရမယ်။ ငွေစုမယ်၊ ရင်းနှီးမြုပ်နှံမယ်။ တနိုင်စီးပွားရေး လုပ်ယူရမယ်။ လုပ်ကြည့်၇မယ်။ စီမံကြည့်ရင်း ကိုယ်နဲ့ အဆင်ပြေအောင်လုပ်ယူရမယ်။
၂။ Well Being ( ကိုယ်စိတ် ကျန်းမာ ခြင်း)
ဒီထဲမှာ ကိုယ်ကျန်းမာ ဖို့ လိုတယ်ဆိုတာ ပါဝင်တယ်။ ကျနော့် ဂရုထဲမှာ လူအတော်များများ လာမေးတယ်။ ပိန်အောင် ဘယ်လို လုပ်မလဲ ရောဂါဖြစ်ဖူးတယ်။ ကျန်းမာအောင် ဘယ်လိုလုပ်မလဲ။ ကျနော် ကျန်းမာတဲ့ နည်းတွေကို ပေးပါတယ်။ တကယ် သေသေချာချာ တိုင်ပင် ကြည့်တော့ မကျန်းမာတဲ့ အကြောင်းအရင်း၊ ၀တဲ့ အကြောင်းအရင်းကိုက စိတ် မကျန်းမာလို့ ဖြစ်ပါတယ်။
ဘ၀မှာ ဖြစ်သမျ ရောဂါနဲ့ ကျန်းမာ ရေး ပြသနာ အားလုံး လိုလိုဟာ စိတ်ဖိစီးမှု က စတာပါ။ စိတ်သောက ဟာအစားအသောက် အနေအထိုင်ကို ကျန်းမာရေး နဲ့ မညီတာတွေ လုပ်စေပါတယ်။
ဒါကြောင့် အခုခေတ်မှာ ကုမ္ပဏီ ကြီးတွေ ဖြစ်တဲ့ Google, Apple စတာတွေမှာ Wellness program တွေလုပ်ပေးကြပါတယ်။ ယောဂ သင်တန်း ကုမ္ပဏီမှာ ဖွင့်ပေးတယ်။ google မှာဆိုရင် meditation program ရှိတယ်။ Chade Mang Tan ဆိုတဲ့ Google engineer က သတိပဌာန်သင်တန်းကို စခဲ့တာပဲ။ စာအုပ်တောင် ထုတ်သေးတယ်။ Search Inside တဲ့။ ကိုယ်တွင်းမှာ ရှာပါတဲ့။
ကျနော်တို့ဘ၀မှာ စိတ်ကျန်းမာဖို့ လိုအပ်တဲ့ တစ်ခုက ဆက်ဆံရေး အဆင်ပြေဖို့ပါ။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ သမီးရည်စား၊ အိမ်ထောင်ဖက်၊ မောင်နှမှ ၊ မိဘနဲ့ သားသမီး ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေဟာ ကျနော်တို့ ဘ၀ရဲ့ စိတ်ကျန်းမာရေးကို အတော် ထိခိုက်စေပါတယ်။ ဒီလူတွေဟာ ကိုယ့်ဘ၀ထဲမှာ ထဲထဲဝင်ဝင် ပတ်သက် လေလေ သူတို့က ကိုယ့်ကို စိတ်မချမ်းသာအောင် လုပ်နိုင်လေလေပါပဲ။
သူတို့နဲ့ ဆက်ဆံရေးကို အဖုအထစ် နည်းနိုင်သမျ နည်းအောင်လုပ်ရပါတယ်။ အခုလို ခေတ်ကြီးမှာ စင်းလုံးချော ဆက်ဆံရေးတော့ ဘယ်ရပါ့မလဲ။
၃။ Peace of Mind
စိတ်ငြိမ်းချမ်းမှု။ ဒါကတော့ အမြင့်ဆုံး ဘ၀ရဲ့ အောင်မြင်မှု ပါပဲ။ လူဟာ ပတ်ဝန်းကျင်က အရာဝတ္ထုတွေ ပုဂ္ဂိုလ်တွေ ကြောင့် စိတ်ချမ်းသာ စိတ်ဆင်းရဲမှု ဖြစ်နိုင်ပါတယ်။ သို့သော် ကိုယ့်ဘ၀ရဲ့ စိတ်ချမ်းသာမှုဟာ သူတို့ တွေ ပေါ်မှာ မူတည်နေသမျ လူဟာ စိတ်ချမ်းသာမှု အစစ်ကို ဘယ်တော့မှ မရနိုင်ပါဘူး။
လူဟာ သူဟာ့သူ နေရင်းကို စိတ်ချမ်းသာနေဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀ ဟာ ကြမ်း တမ်းမှုတွေ မသေချာမှု တွေ နဲ့ ပြည့်နေပါတယ်။ ဒီနေ့ နေပူ ပေမယ့် မနက်ဖန် မိုးကြီးချင် ကြီးလာမှာကိုး။ ဒီလို အခြေအနေတွေမှာ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်နိုင်ဖို့ ကိုယ့်မှာ စိတ်ငြိမ်းချမ်းမှု ဖြစ်နိုင်အောင် စိတ်ကလေးကို မွေးယူရပါတယ်။ ကျနော့်အတွက်တော့ စိတ်ချမ်းသာအောင် နေတတ်ဖို့ ဆိုတာ လေ့ကျင့်ယူမှပဲ ရပါတယ်။
ဆိုတော့ ကျနော်ဟာ ဘ၀ အောင်မြင်မှုကို ဒီ ၃ ခုပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ကျနော်ဟာလည်း ဒီ သုံးခု ပြည့်စုံတဲ့ အောင်မြင်မှုကို လိုချင်ပါတယ်။
Recommended for u- သာမန်စက်ရုံဝန်ထမ်းသမဘဝမှ နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသမီးအဖြစ်သို့
Source: မောင်ဝင်းဦး(အောင်မြင်ရေးနည်းလမ်းများ)