Marketing

Sale နဲ့ Marketing ရဲ့ မတူညီချက်များ

Read 2323 times
Sale နဲ့ Marketing ရဲ့ မတူညီချက်များ

 

Sale က တိုက်ရိုက်ရောင်း ချဖို့ ဆိုတာ Brand တစ်ခု အနေနဲ့ ရှိဖို့ လိုမယ် ဒါကြောင့် Marketing ကို အခိုင်အမာလုပ်ထားရင် Sale က ပိုပြီး အဆင်ချော မွေ့ စေမယ်ပေါ့။ Marketing ပြု လုပ်ဖို့ ဆို အချိန် တစ်ခု တော့ အနည်းနဲ့ အများ ယူကြရတယ်။အရောင်းကျ တော့ အချိန် အတိုလေး အတွင်း မှာ အရောင်းသမားက ဆွဲခေါ်ရင် ဆွဲ ခေါ်သလို အဆင်ပြေသွား နိုင်တယ်။ Sale မှာ ဆိုရင် နည်းလမ်းတွေက များစွာရှိတယ် လို့ပြောလို့ရမယ်။SPIN Selling မှာ ဆို အရောင်းသမားတွေက စိတ်ဖတ်စွမ်းရည် နဲ့ ကာလံ ဒေသံ ကြည့်ပြီး ရောင်းကျရတယ်။

 

Solution Selling မှာ ကျရင်တော့ အရောင်းသမား သို့ အရောင်းအဖွဲ့ အစည်းဟာ Step တစ်ခု ခြင်းစီနဲ့ သွားမယ် ပြင်ဆင်ရာကနေ မှ ကိုယ့်ဝယ်သူကို ရှင်းပြတဲ့ အဆင့် သူ့ဘက်က ကျေနပ်လက်ခံ တဲ့ အဆင့် စတာတွေက Solution Selling ရဲ့ အချက်တွေပဲ။ Conceptual Selling မှာကျ သူက မျက်နှာချင်းဆိုင်ရောင်းရတာမျိုးဖြစ်သ ွားပြီ ကိုယ့်ကို မြင်နေတာမို့ စကားသိပ်ကြွယ်တဲ့ အရောင်းသမားတွေ အကြိုက်ပေါ့။

 

Snap Selling ဆိုတာကတော့ တစ်ခဏ လေးအတွင်းမှာ ရောင်းသူ ဝယ်သူ အသံ တူပြီး အလုပ်ဖြစ်တာကို ဆိုလို တယ် ( အကယ်၍ သင့် Product ကို သာဝယ်သူ က ယုံကြည်ပြီး လိုအပ်မယ်ဆိုရင်ပေါ့ ) CustomerCentric Selling မှာကျ ကိုယ့်ဝယ်သူတွေရဲ့ စိတ်တိုင်းကျရေးကို ဦးစားပေးရတာမျိုးပေါ့ ။ သူတို့တွေ ရဲ့ လိုအပ်ချက်တွေ ပြဿနာတွေကို နဖူးတွေ့ဒူးတွေ့ ဖြေရှင်းရတာမျိုးပေါ့။

 

Marketing မှာ လည်း နည်းလမ်းတွေက အများ ကြီးရှိတာပဲ ။ Internet Marketing ရှိမယ် Internet Marketing ဆိုတာ ခြုံ ပြောတာ ထိုထဲမှာ email marketing ပါမယ် အကုန်လုံးပါမယ်ပေါ့နော်။ Print Marketing မှာ ကျ ကြော်ငြာ ရေးရာ ရဲ့ လက်ကမ်းစာစောင်တွေ လူတွေဆီကိုရောက်စေတာပေါ့။

 

Social media marketing မှာကျ Facebook ၊ Instagram ၊ Twitter ၊ စတာတွေပါမယ်။ Video marketing မှာကျ ကြော်ငြာ video အတိုလေးတွေပေါ့။တကယ်တန်းထိရောက်မှု့ ရှိသလားဆို မြန်မာ ပြည်မှာက ယနေ့ ဒီအချိန်အထိ ဗီဒီယို Marketing က အောင်မြင်နေတုန်းပါပဲ။ Sale က လက်တွေ့ကျပြီး Marketing က တော့ Sale ကို Support ပေးရတဲ့ ဈေးကွက်မြှင့်တင်မှု့ပေါ့။သို့ ပေမဲ့ Sale နဲ့ Marketing က နံရံ ခြားထားပေမဲ့ အနီးကပ်ဆုံး တွေပါ။

 

Myanmar Advertising Directory 

 

Ref : Tenfold