Business Marketing

သင်ရော ဘယ်လိုလူမျိုးထဲမှာပါသလဲ.......?

Read 8383 times
သင်ရော ဘယ်လိုလူမျိုးထဲမှာပါသလဲ.......?

နံပတ် (၃)လိုလူမျိုးတွေက သိပ်သနားစရာ ကောင်းပါတယ်။ သူတစ်ပါးကို အပြစ်ရှာဖို့ ကြိုးစားပြီး မကောင်းပြောနေတဲ့အချိန်မှာ အောင်မြင်သူတွေရဲ့ အနောက်မှာ ကျန်ခဲ့မှန်း မသိအဝေးကြီးမှာကျန်နေခဲ့ပြီ။

နံပတ်(၁)လို အောင်မြင်တဲ့သူတွေဟာ သူတစ်ပါးရဲ့ ကောင်းတဲ့အချက်တွေယူတတ်သလို ၊ သူများမကောင်းတာဆိုရင်လည်း မိမိအလှည့်ကျရင် ဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတာကိုပဲ တွေးတောလုပ်ဆောင်တတ်ကြတယ်။ သူတို့က သူများတွေရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေကို ဝေဖန်သုံးသပ်ဖို့အချိန်မရှိကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ အောင်မြင်ဖို့အတွက် အချိန်နဲ့ အမျှတစိုက်မတ်မတ်ကြိုးစားနေကြလို့ပဲ ဖြစ်ပါ တယ်။

တကယ်တော့ လူ့ဘ၀ကြီးက တိုတိုလေးပါ။ မိမိဘ၀အတွက် အကောင်းဆုံးဖန်တီးဖို့ဆိုတာတောင် အချိန်က သိပ်မလောက်ချင်ပါဘူး။ ဒါတောင် သူများတွေရဲ့ ကောင်းခြင်း ၊ ဆိုးခြင်း တွေကို ဝေဖန်သုံးသပ် ပြောဆိုနေတဲ့ သူတွေကို ကြည့်လိုက်ရင် ဘ၀မှာ ကြီးမားတဲ့ ရည်ရွယ်ချက် ပန်းတိုင် မရှိပဲ သူများအလုပ်ကိုပဲ မှီခိုပြီး လမ်းပျောက်နေတာ ကိုတွေ့ရပါတယ်။

Read-မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ သက်သေပြခဲ့ကြသူများ

သူတို့ဟာ သူတို့ရဲ့အသုံးမကျခြင်း နဲ့ အရည်အ ချင်းနည်းခြင်းတွေကို မျက်ကွယ်ပြုပြီးတော့ သူတို့မအောင်မြင်တာဟာ သူများကြောင့်လို့ စိတ်ထဲမှာ စွဲထင်နေပြီး အောင်မြင်သူတွေကို မနာလိုမုန်းတီးပြီး အုပ်စုဖွဲ့ တိုက်ခိုက်ပြောဆိုတတ် လေ့ရှိပါတယ်။

သင်ရော ဘယ်လိုလူမျိုးဖြစ်နေလဲ..... ? နောက်ပြီးတော့ ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ... ?

Credit ; Sayar Phyo Arkar