အလုပ်တာဝန်က ထွက်ပေါ်လာမယ့် အကျိုးတွေကို အဓိကဦးတည်ပြီးတော့ ခေါင်းဆောင်မှုပေးလေ့ရှိကြတယ်ဗျ။
ကျွန်တော်ပြောပြချင်တဲ့ ခေါင်းဆောင်မှုပုံစံကတော့ အလုပ်တာဝန် ပြီးမြောက်ဖို့ကို အလေးထားတဲ့ ခေါင်းဆောင်ပုံစံမျိုးပဲ ဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင် ရရှိဖို့ ကိုယ့်လက်အောက်ငယ်သားတွေကို အလုပ်တာဝန်ပေးအပ်ပြီး ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားတွေ ဘယ်လိုအခြေအနေမှာပဲ ဖြစ်စေ
လုပ်ငန်းတာဝန်ကို ပြီးမြောက်မှုကိုပဲ ဦးတည်ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်မှုပုံစံပဲဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစံချိန် စံညွှန်းကို ရရှိဖို့အတွက် အလုပ်တာဝန်တွေကို စုစည်းခြင်း၊ စီမံချက်ချခြင်း၊ တာဝန်များပေးအပ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း တွေကို တစ်ဆင့်ပြီးတစ်ဆင့် အသေးစိတ် အစီအစဉ်နဲ့ လုပ်ဆောင်တတ်တဲ့ ခေါင်းဆောင်မှုပုံစံပဲဖြစ်ပါတယ်။
တစ်နည်းဆိုရမယ် ဆိုလျှင် ဘယ်သူက ဘယ်အလုပ်တာဝန်ကို လုပ်နေတယ်ဆိုတာ အဓိကအာရုံမထားပဲ ဘယ်သူပဲလုပ်လုပ် အလုပ်ပြီးဖို့ တစ်ခုတည်းကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်မှုပုံစံတစ်ခုလည်း ဖြစ်ပါတယ်။
ဒီခေါင်းဆောင်မှုပုံစံမှာ လက်အောက်ငယ်သားတွေအပေါ် အာရုံစိုက်ခြင်းကို အခြေခံတဲ့ ခေါင်းဆောင်မှု(People Oriented Leadership) နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သဘောတရားတွေ အများကြီး ပါဝင်နေပါတယ်။
ပိုပြီးရှင်းလင်းတဲ့ ဥပမာတစ်ခုကို ပေးရမယ်ဆိုရင် ရန်သူစခန်းတစ်ခုကို ဝင်သိမ်းတော့မယ့် တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရတဲ့ စစ်ခေါင်းဆောင်တစ်ယောက်ဆိုပါ တော့။
ကိုယ့်ဘက်က အထိခိုက်၊ အကျအရှုံး ဘယ်လောက်ပဲ ရှိရှိ အလေးမထားပဲ ရန်သူစခန်းကို သိမ်းနိုင်ဖို့ပဲ ဦးတည်နေသည့် ခေါင်းဆောင်ဖြစ်တဲ့အတွက် ဒီလိုခေါင်းဆောင်မျိုးကို အလုပ်တာဝန်ပြီးမြောက်မှုကို ဦးတည်တဲ့ ခေါင်းဆောင်လို့ ခေါ်ပါတယ်ခင်ဗျ...။
သူငယ်ချင်းတို့ရော ဘယ်လိုခေါင်းဆောင်မျိုးကို ကြိုက်နှစ်သက်လဲဆိုတာ comment မှာ ရေးရင်း ဗဟုသုတချင်းဖလှယ်ကြရအောင် ခင်ဗျာ...။
Recommended for you-စီမံခန့်ခွဲ မှုလုပ်ငန်းတွေမှာတွေ့ရလေ့ရှိတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရန်သူများ
Source; Democracy
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။
