Digital Marketing

သိထားသင့်တဲ့ Video Marketing Strategy (၁၀)ချက်

Read 1956 times
သိထားသင့်တဲ့ Video Marketing Strategy (၁၀)ချက်

Social Media က Content marketing တွေ လုပ်ဆောင်တဲ့အခါ မှန်ကန်တဲ့ Message ပေးနိုင်ဖို့ရယ်၊ Target Customer ဆီ မိမိ Message ရောက်သွားဖို့က အရေးကြီးပါတယ်။ အဲ့လိုပါပဲ Video Content ကလည်း ကိုယ့်လုပ်ငန်းတိုးတက်အောင်မြင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ Video Marketing Strategy အရေးကြီးတဲ့ (၁၀)ချက် ဖော်ပြပေးလိုက်ပါတယ်။

(၁) Product reviews

Client ရဲ့ထောက်ခံပေးထားတဲ့ကုန်ပစ္စည်းနဲ့ Product Reviews Video လုပ်သင့်ပါတယ်။

(၂) Behind the scenes tour videos

ကိုယ့်ရဲ့ Client နဲ့နီးနီးကပ်နေပြီး ကိုယ်လုပ်ငန်းကိုမိတ်ဆက်တာမျိုး၊ Client ရဲ့ထောက်ခံမှုပေးတဲ့ Video မျိုးလေးတွေတင်သင့်ပါတယ်။

(၃) How we make it videos

ကိုယ့်လုပ်ငန်းရဲ့ကုန်ပစ္စည်း ပြုလုပ်ပုံ၊ အသုံးဝင်မှု၊ ပါဝင်မှုပစ္စည်းတွေကို Video Create လုပ်ပြီး တင်သင့်ပါတယ်။

(၄) Photo slide show videos

ကိုယ့်Company ရဲ့ Product, Services တွေ ပုံလုပ်ပြီး Photo Slide Show နဲ့ပြပြီး ကိုယ့် Product တွေကို ကြော်ငြာလို့ရပါတယ်။

(၅) Staff introduction videos

ကိုယ့်ဗီဒီယိုမှာ စားသုံးသူတို့ကိုမိတ်ဆက်ပေးခြင်း၊ အကူညီပေးခြင်းဖြင့် ဝန်ထမ်းများနဲ့ အတူချိတ်ဆက်ကူညီပါ။ ဒီလိုလုပ်ခြင်းဖြင့်ကိုယ့် Company ပါ ကြော်ငြာပေးလို့ရပါတယ်။

(၆) Industry interview videos

သင့်ကုမ္ပဏီ သို့မဟုတ် စက်မှုလုပ်ငန်းအတွက် အမျိုးမျိုးသောကျွမ်းကျင်သူတွေနဲ့ အင်တာဗျူးအားဖြင့် ကိုယ့်Client target ကိုထိရောက်စွာ ကြော်ငြာလို့ရပါတယ်။

(၇) Helpful tips videos

Video မှာ Tips လေးတွေထုတ်ပြီး ကိုယ့်လုပ်ငန်းဆိုင်ရာအချက်လေးတွေ တင်သင့်ပါတယ်၊ Customers တွေနဲ့ Questions and answers ဖြေတာလေးတွေ Video လုပ်ပြီး တင်သင့်ပါတယ်။

(၈) Video articles

Blog တို့ Articles တို့ မှာ Posts တွေ တင်ထားတာအများပြားရှိရင် Video အနေနဲ့ ပြန်လည်ပြုလုပ်ပြီး Website တို့ မှာပြန်လည်တင်သင့်ပါတယ်။

(၉) Vlogging videos

Vlog မှာ ဆောင်ပါးအတိုလေးတွေ ရေးနေမယ့်အစား Short Video လေးတွေလုပ်ပြီး တင်သင့်ပါတယ်။

(၁၀) Tutorial videos

Audience တွေကို စက်မှုလုပ်ငန်းနဲ့ ဆိုင်တဲ့ Turtorial တွေကို Video လေးတွေနဲ့ Step by Step လေးတွေတင်ပြီး Audience တွေရဲ့ အခက်ခဲတွေကို ကူညီပေးလို့ရပါတယ်။

Read More>>>သင့်ကုန်ပစ္စည်းကို ပရိုမိုရှင်းလုပ်ပြီးကြော်ငာသင့်လား...?

Credit; Digital Dots