Life Hacks

ဂျုံလုံးလေးကပေးတဲ့ သင်ခန်းစာ!

Read 401 times
ဂျုံလုံးလေးကပေးတဲ့ သင်ခန်းစာ!

ဂျုံလုံးကို အပူပေးပြီး ပေါင်းလိုက်ရင် မြိုချလို့တော့ လွယ်သွားလိမ့်မယ် မနင်တော့ဘူး။

ဘာလို့လဲဆိုတော့ အပူပေးပြီး ပေါင်းထားတာမို့ ပျော့ပျောင်းနေလိမ့်မယ်။

ဒါပေမယ့် ဘာအရသာမှ မထည့်ထားတာမို့ များများစားနိုင်မှာ မဟုတ်ဘူး။

ဂျုံလုံးကို ဆားတို့ သကြားတို့ အရသာတွေ ပေါင်းထည့်ပြီးမှ အပူပေးပေါင်းလိုက်ရင် စားရတာပိုပြီး အရသာရှိနေလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ အပူချိန်ကြောင့် ပျော့ပျောင်းနေတာအပြင် အရသာပါ ပါလာတာ စားရတာပိုပြီး အဆင်ပြေလာတယ်။

ဂျုံလုံးကို အထဲမှာ အစာတစ်ခုခုထည့်ပြီးမှ အပူပေးပေါင်းလိုက်ရင် အရသာကပိုပြီးပြည့်စုံသွားတာမို့ စားရတာ ပိုပြီးအရသာရှိနေလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ အထဲမှာ အရသာတွေ ထပ်ပေါင်းထည့်ထားပြီး အပူပေးထားတာမို့ ပျော့ပျောင်းနေတဲ့အပြင်

အထဲက အနံ့ကလည်း အပြင်ကိုမွှေးနေစေတဲ့အပြင် အရသာကလည်းကောင်းမွန်နေတာမို့ တစ်ယောက်တည်းမဟုတ်ဘဲ လူတော်တော်များများကကြိုက်တဲ့ အစားအစာ ဖြစ်လာပါတယ်။

လူ့ဘ၀လည်းအလားတူပါပဲ။ ဘ၀လောကဓံရဲ့ အနိမ့်အမြင့်၊ အတက်အကျ၊ အခက်အခဲတွေကို မြိုသိပ်သည်းခံပြီး သင်ယူလေ့လာနိုင်မှ အောင်မြင်နိုင်မှာပါ။

(ငယ်ငယ်က တရုတ်ကျောင်းတုန်းက ပုံပြင်ကို အခြေခံထားပါသည်။)

Recommended for you-ဘယ်လိုအချိန်မျိုးရောက်ရောက် အောင်မြင်ဖို့ ရှင်သန်ပါ!

Source; sharingpoint