Life Hacks

လုပ်ငန်းခွင်တွင်းမှာ အပြိုင်အဆိုင်တွေ များလာတဲ့အခါ…

Read 462 times
လုပ်ငန်းခွင်တွင်းမှာ အပြိုင်အဆိုင်တွေ များလာတဲ့အခါ…

 

အလုပ်အင်တာဗျူးလေးကနေစပြီး ကမ္ဘာ့အချမ်းသားဆုံး သူဌေးကြီးတွေအထိ နေ့စဉ်ဘဝမှာ ပြိုင်ဆိုင်မှူဆိုတာ ပုံစံမျိုးစုံနဲ့ရှိနေတာပါ။

လူတိုင်းဟာ ပြိုင်မှန်းမသိပြိုင်နေကြရပါတယ်။ တခါတလေမှာ အနိုင်အရှူံးဆိုတာကိုတောင် သူတို့သတိမထားမိကြပါဘူး။

ဒါပေမယ့်သူတို့ပြိုင်နေကြပါတယ်။

ပြိုင်ဆိုင်မှူတွေများလာတာနဲ့အမျှ အနိုင်အရှူံးဆိုတာထက် ကိုယ်ကြိုးဝိုင်းထဲကထွက်မသွားရရေးကိုပဲ ပိုပြီးအာရုံစိုက်နေကြရတာပါ။

ဒီလိုအပြိုင်တွေကြားမှာ ပြိုင်တိုင်းနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်းအရှူံးချဉ်းပဲလဲ မဟုတ်ပါဘူး။

ဒါကိုသက်သေပြဖို့အတွက် ဒီစာစုလေးတွေက အထိုက်အလျောက် အထောက်အကူပြုမယ်လို့ယုံကြည်မိပါတယ်။

 

ရဲရဲယှဉ်ပြိုင်ပါ

ပြိုင်ပွဲထဲကိုမဝင်ပဲနဲတော့ ပန်းဝင်သူဖြစ်နိုင်မှာမဟုတ်ပါဘူး။

ပန်းဝင်ချင်တယ်ဆိုရင်တော့ အောင်နိုင်သူဖြစ်ဖို့ အရင်စာရင်းပေးရပါမယ်။

ပြိုင်စရာရှိတာ ရိုးရိုးသားသားယှဉ်ပြိုင်ပါ။

ပြိုင်သင့်တာကိုပြိုင်ပါ။ သမာသမတ်ကျကျပြိုင်ပါ။

အောင်နိုင်ဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားစိုက်ထုတ်ပါ။ မခိုမကပ်ပါနဲ့။

ပြိုင်ဆိုင်မှူတွေများလာတဲ့အခါ သူရှူံးမှကိုယ်နိုင်မယ်ဆိုတဲ့စိတ်ကို ပြင်ပါ။

သူလဲမရှူံးကိုယ်လဲနိုင်နိုင်တဲ့ နည်းလမ်းကိုရှာပါ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ပြိုင်ပါ။

မနေ့ကကိုယ်ထက် ဒီနေ့ကိုယ်ဟာ အမြဲတမ်းသာနေရပါမယ်။

အနှိုင်အရှူံးနဲ့ပတ်သက်လာရင် ပြိုင်သူမရှိလို့နိုင်ရတယ်ဆိုတဲ့အဖြစ်က ဝါးလုံးခေါင်းထဲ လသာနေရတာနဲ့တူလှပါတယ်။

သိပ်တန်ဖိုးမရှိလှပါဘူး။ နောက်ဆုံး ကိုယ်ဟာယှဉ်ပြိုင်နိုင်သူ ယှဉ်ပြိုင်ရဲသူဆိုတာကို အလုပ်နဲ့သက်သေပြပါ။

ဆုလာဘ်က ကိုယ့်ကိုအဆင်သင့် စောင့်ကြိုနေပါတယ်။

 

 စွန့်စားပါ

စွန့်စားမှူရှိမှ အောင်မြင်မှူဆိုတာပါလာတာပါ။

စွန့်စားတယ်ဆိုတာ အောင်မြင်သူတွေ လုပ်လေ့လုပ်ထရှိတဲ့အလုပ်တစ်ခုပါပဲ။

ကြိုတင်မျှော်လင့်လို့မရတဲ့ အရာတွေအတွက် စွန့်စားမှူနဲ့အတူ မျှော်လင့်ချက်တွေနဲ့အသက်ရှင်ကြတယ်။

စွန့်စားသူတွေအတွက် နေ့သစ်တိုင်းဟာ ရင်ခုန်စိတ်လှူပ်ရှားစရာတွေနဲ့ပြည့်နေတယ်။

ဒီအတွက်စွန့်စားကြတယ်။

တကယ်တော့ စွန့်စားလိုက်လို့ မှားသွားတာ မအောင်မြင်လိုက်တာက ဘာမှမစွန့်စားပဲ နေလိုက်တာထက်တော့ အမြတ်အများကြီး ကျန်ပါသေးတယ်။

ဒီအမြတ်က ဘယ်သူမှရှယ်ယာခွဲယူလို့မရတဲ့ တစ်ကိုယ်ထဲပိုင်အမြတ်ပါ။ များများစွန့်စားလေ များများမြတ်လေပါပဲ။

ဒါပေမယ့် ဒီအမြတ်ကို ပြန်ရင်းနှီးဖို့တော့ လိုပါလိမ့်မယ်။

 

အားနည်းချက်ကို ပွင့်လင်းပါ

လူတိုင်းမှာအားနည်းချက် ချို့ယွင်းချက်ဆိုတာ ရှိကြစမြဲပါ။

လူအများစုက အပြိုင်အဆိုင်တွေများလာတဲ့အခါ ငါ့အားနည်းချက်ကို သူအခွင့်ကောင်းယူလေမလားဆိုတဲ့စိတ်နဲ့ တမင်တကာဟန်လုပ် ဖုံးကွယ်ထားတတ်ကြတယ်။

ဒါဟာ ကြီးမားတဲ့မှားယွင်းမှူပါ။

ကိုယ့်အားနည်းချက်အပေါ် တပါးသူဘယ်လိုမြင်သလဲဆိုတာက ကိုယ့်အလုပ်မဟုတ်ပါဘူး။

ကိုယ့်အားနည်းချက်ကို ကိုယ်ဘယ်လောက်သိလဲ ဘယ်လိုလက်ခံထားလဲဆိုတာကသာ ကိုယ်အလုပ်ပါ။

ကိုယ့်ရဲ့အားနည်းချက်တိုင်းကို ပြင်ဆင်နိုင်သူဟာ ကိုယ်တိုင်ပဲမို့ ကိုယ်အလုပ်ကိုယ်လုပ်တာပဲကောင်းပါတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ကို ရိုးသားပွင့်လင်းဖို့တော့လိုပါတယ်။

 

ရှူံးမှာမကြောက်နဲ့

ပြိုင်ဆိုင်မှူဆိုတာရှိရင်တော့ အနှိုင်အရှူံးဆိုတာလည်း ရှိမှာပါပဲ။

ရှူံးမှာကြောက်ရင် ဝင်မပြိုင်ဖို့ပဲရှိပါတယ်။ တကယ်တော့ ဆုံးရှူံးမှာကို ကြောက်တတ်သူဟာ အောင်မြင်မှူကို လက်မခံနိုင်သူပါပဲ။

ဒီလိုပဲ အောင်မြင်မှူကို လက်ခံနိုင်သူဟာလည်း ရှုံးနိမ့်မှာကိုမကြောက်သူပါပဲ။

ဒါပေမယ့် ပြိုင်မယ်မပြိုင်ဘူးအတွက် ရွေးချယ်ခွင့်မရှိလှတဲ့ဘဝကြီးမှာ ပြိုင်ဆိုင်မှူတွေကြုံလာကြတဲ့အခါ နှိုင်အောင်ပြိုင်ဖို့ကိုသာ စိတ်ပိုင်းဖြတ်ထားသင့်ပါတယ်။

ပြိုင်ရင်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးပဲ ထားသင့်ပါတယ်။

ကိုယ့်အကြောက်တရားကြောင့် စောစောစီးစီး အသေမခံလိုက်ပါနဲ့။

သူရဲဘောကြောင်တယ်ဆိုတာ တကယ်တော့ ကိုယ်ဘဝစာမျက်နှာထဲမှာ ရှိမနေသင့်ပါဘူး။

Recommended for you-လုပ်ငန်းစတင်သူတွေ ဘာကြောင့် ကျရှုံးရတာလဲ?

Credit; khaingbowin