Tips

စိတ်ရောကိုယ်ပါ ပင်ပန်းပြီး မလုပ်ချင်၊ မကိုင်ချင်စိတ်ဖြစ်နေပြီဆိုရင်....

Read 2317 times
စိတ်ရောကိုယ်ပါ ပင်ပန်းပြီး မလုပ်ချင်၊ မကိုင်ချင်စိတ်ဖြစ်နေပြီဆိုရင်....

တကယ်က Burnout မဖြစ်ခင်မှာ ကြိုပြီး ကုစားကာကွယ်လို့ရပါတယ်။

(၁) ကိုယ်ခန္ဓာက အချက်ပြလာတာကို သတိထားပါ။

Burnout ဖြစ်ခြင်းရဲ့ အရှင်းဆုံးလက္ခဏာက အချိန်တိုင်း ပင်ပန်းတယ်လို့ ခံစားနေရတာပါပဲ။ ပင်ပန်းတဲ့ပုံစံကလည်း လူရော စိတ်ရော နုံးခွေသွားတဲ့ ပုံစံမျိုးနဲ့ကို ပုံကျလာတာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ အလွန်မှာ ဆက်တိုက်ဆိုသလို ဖိအားတွေပဲ ခံစားရတော့မှာပါ။ အာရုံစိုက်လို့မရတော့ဘူး ၊ ပြဿနာတွေကို လွှတ်ချချင်စိတ်ပဲဖြစ်ပြီး စိတ်ကလည်း ခဏတိုင်းဆိုသလို ပေါက်ကွဲလုတဲတဲ ဖြစ်နေတာမျိုး ဖြစ်ပါတယ်။ ဒီကတည်းက ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို အနားပေးတာ စတင်လုပ်သင့်ပါတယ်။

(၂) ဖုန်းအသုံးပြုမှု လျှော့ပါ။

လူတွေရဲ့ နေ့စဉ်ဘဝမှာ ဖုန်းအသုံးပြုမှုဟာ အထိန်းအကွပ်မဲ့တဲ့အထိ ဖြစ်လာကြပြီ ဖြစ်ပါတယ်။ တစ်နေ့ကို လူတစ်ယောက်ရဲ့ နေ့စဉ် စမတ်ဖုန်းအသုံးပြုမှုဟာ အနည်းဆုံး ၃ နာရီကနေ ၅ နာရီခန့် အထိ ရှိနေပါတယ်။ Screen အကြည့်များခြင်းဟာ ဖိအားရှိတဲ့လူတစ်ယောက်ကို ပိုဆိုးစေပါတယ်။ လူမှုကွန်ရက်နဲ့ ဖုန်းအသုံးပြုမှု များခြင်းကြောင့် ခေတ်သစ်လူမှုဘဝဟာ ပိုပြီး မွန်းကြပ်စရာ ဖြစ်လာနေပါတယ်။

(၃) စိတ်ကို ရှင်းအောင် ထားပါ။

ဖိအားတွေကို ကိုယ်တွယ်ရာမှာ အရင်ဆုံး စိတ်ရှင်းနေဖို့က အရေးကြီးပါတယ်။ နေ့စဉ် ပုံမှန်တရားထိုင်ခြင်း အကျင့်ရှိတဲ့သူဟာ ဖိအားကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။ အလုပ်များနေချိန်မှာ အသက် ပြင်းပြင်းရှုပြီး စိတ်ကို အနားပေးဖို့ မမေ့ပါနဲ့။

Read More >>> ဒီလိုအကြောင်းအရာတွေကို လူမှုကွန်ယက်မှာတင်မယ်ဆို ကိုယ့်ကိုထိခိုက်စေမှာပါ...

(၄) နေ့လည်ခင်း အနားယူပါ။

Break Time အချိန်တစ်ခုကို ပုံမှန်ထားပါ။ အကောင်းဆုံးကတော့ အလုပ်တွေ ၊ ဖုန်းတွေနဲ့ စိတ်ရှုပ်စရာတွေ မပါတဲ့ နေ့လည်ခင်း အချိန်တစ်ခုမှာ လက်ဖက်ရည်ဆိုင်မှာ ခေါင်းဆေးတာမျိုး ၊ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာမျိုး လုပ်သင့်ပါတယ်။

(၅) စိတ်ဝင်စားစရာ အစီအစဉ်သစ်တွေ ရေးဆွဲပါ။

ရိုးအီနေတဲ့ နေ့စဉ်ဘဝထဲက ထွက်ဖို့လိုပါတယ်။ Burnout ဖြစ်မှ အလုပ်ကနေ အနားယူတာထက် ကောင်းတာတစ်ခုက ငြီးငွေ့စရာ အချိန်ဇယားကို စိတ်ဝင်စားစရာ အစီအစဉ်သစ်တွေနဲ့ အစားထိုးတာပဲ ဖြစ်ပါတယ်။

 

Credit - kwee

Myanmar Advertising Directory