Media & Advertising

မြန်မာ့စီးပွားရေးတည်ငြိမ်နေသလား?

Read 1039 times
မြန်မာ့စီးပွားရေးတည်ငြိမ်နေသလား?

သြဂုတ်လ ၁၇ ရက်တွင် သတင်းထောက်များရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

"လက်ရှိစီးပွားရေးအနေအထားက တည်ငြိမ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားက သိပ်မကြာခင်မိတ်ဆက်တော့မယ့် Myanmar Sustainable Development Plan

(မြန်မာနိုင်ငံ ရရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်) ပါ။

ဒီထဲမှာအရေးကြီးတဲ့ အကြောင်းအရာတွေ၊ ပြဿနာတွေ ပါဝင်လာနိုင်ပါတယ်" လို့ ဒေါက်တာ ရှောင်တာနယ်က ပြောခဲ့ပါတယ်။

အဆိုပါစီမံကိန်းမှာ အခြေခံအဆောက်အဦ လိုအပ်ချက်များကို ဦးစားပေးထားကာ

ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဝင်လာရန်အတွက်

မြန်မာနိုင်ငံတွင် ရေရှည်ခိုင်မာလာသော စီးပွားရေး ဖြစ်ရန်လိုပြီး လက်ရှိအစိုးရအနေဖြင့် အလေးထားလုပ်ဆောင်ကြောင်း သူကပြောပါတယ်။

အထည်ချုပ်ကဏ္ဍများရဲ့ ထုတ်လုပ်နိုင်မှုက ကြီးထွားနေပြီး စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍ တွင်လည်း ကြီးထွားမှုရှိနေပြီး

ကောင်းကောင်းအလုပ်လုပ်နေကြောင်း၊ သို့သော် ဘတ်ဂျက်နည်းပါးခြင်း ပြဿနာရှိနေပြီး ဆိုးရွားသည့် အရာတစ်ခုမဟုတ်ကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်ခင်ဗျာ...။

Recommended for you-စီးပွားရေးသမားနဲ့ ကာလ ၃ ပါး

Source; ပြည်မြန်မာ