Life Hacks

၂၀၁၉ ခုနှစ်မှာ ဘယ်အလုပ်အကိုင်တွေက ရေပန်းအစားဆုံး ဖြစ်လာမလဲ

Read 1173 times
၂၀၁၉ ခုနှစ်မှာ ဘယ်အလုပ်အကိုင်တွေက ရေပန်းအစားဆုံး ဖြစ်လာမလဲ

 

မနှစ်က အလုပ်အကိုင်တွေမှာ Digital Marketing နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေ၊ Telecom နယ်ပယ်နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေ ၊ Travel & Tours အလုပ်အကိုင်တွေ ခေတ်စားခဲ့သလို ဒီနှစ် ၂၀၁၉ မှာရော ဘယ်လို အလုပ်အကိုင်တွေက ခေတ်စားလာနိုင်မလဲဆိုတာ လေ့လာမိသမျှ တစေ့တစောင်း ဖော်ပြပေးလိုက်ပါတယ်။

 

 

ဂျပန်စာ/ ဂျပန်အလုပ်အကိုင်ကုမ္ပဏီ

 

ဒီနှစ်ပိုင်းမှာ ဂျပန်အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဂျပန်ကုမ္ပဏီတွေ ခေတ်ပြန်စားလာပြီး ၂၀၁၉ မှာတော့ ဂျပန်နဲ့ ပက်သက်တဲ့ အလုပ်အကိုင်တွေ ပိုတိုးတက်လာမယ်လို့ မြင်ပါတယ်။ ဂျပန်မှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံပြန်လာတဲ့သူတွေက ဂျပန်စာသင်တန်းကျောင်းပြန်ဖွင့်ကြတဲ့အတွက် ဂျပန်စာ/စကား Level တစ်ခုအထိ တတ်မြောက်ထားတဲ့သူတွေအနေနဲ့လည်း ပြည်တွင်းမှာပဲ ဂျပန်စာဆရာ/ဆရာမအဖြစ် ရပ်တည်ခွင့်စနေပြီဖြစ်သလို Web Developer တွေ အနေနဲ့လည်း ဂျပန်စာပါ ပူးတွဲသင်ထားပြီး ဂျပန်နိုင်ငံကို လှမ်းဖို့ အခွင့်အလမ်းရှိသလို ပြည်တွင်းက ဂျပန်ကုမ္ပဏီ၊ ဂျပန်ဖက်စပ်ကုမ္ပဏီတွေမှာလည်း ဝင်ရောက်လုပ်ကိုင်လို့ ရနေပြီ ဖြစ်ပါတယ်။

 

 

HR Admin နဲ့ ဆိုင်တဲ့ အလုပ်အကိုင်များ

 

အရင်က မြန်မာလုပ်ငန်းတွေ၊ ကုမ္ပဏီတွေဟာ Human Resources (HR) Department တွေကို အရမ်းအလေးမထားကြပေမယ့် တဖြည်းဖြည်းအရွေ့တစ်ခုကို ရောက်လာတဲ့အခါမှာတော့ အလုပ်ခန့်တာ၊ ဝန်ထမ်းနဲ့ ဆက်ဆံရေးကို အကောင်းဆုံးထိန်းကျောင်းနိုင်တာ၊ လစာပေးတာ၊ အလုပ်အတွက် လိုအပ်တဲ့ Training ပေးတာစတဲ့ HR Function တွေကို အလေးပေးကျင့်သုံးလာတာ တွေ့ရပါတယ်။ ကျွဲကူးရေပါဆိုသလို HR အလုပ်ကို စိတ်ဝင်စားသူတွေ၊ ကျွမ်းကျွမ်းကျင်ကျင်နားလည်လုပ်ကိုင်နေသူတွေအတွက် ၂၀၁၉ ခုနှစ်မှာ အခွင့်အလမ်းကောင်းတွေ အများကြီး မြင်ရဦးမှာပါ။

 

 

Videographer / Video Editor / Video Journalist

 

ခေတ်ကိုက စာသားချည်းဖတ်တာထက် အရုပ်၊အသံလေးနဲ့ တွဲကြည့်တာကို ကြိုက်တဲ့ ခေတ်ဆိုတော့ Videographer တွေ၊ Video Editor တွေ၊ Video Journalist တွေ ရွှေဖြစ်မယ်လို့ ထင်ပါတယ်။ Facebook လို Social Network မှာလည်း Vlogger တွေ ခေတ်စားတဲ့အတွက် Video Editing ကို စိတ်ဝင်စားတဲ့သူတွေ၊ Video Camera တစ်လုံးနဲ့ မှတ်တမ်းတင်ရတာ ဝါသနာပါသူတွေ၊ Video Shooting နဲ့ Script ပိုင်း ဖန်တီးထုတ်လုပ်ရတာကို နှစ်သက်သူတွေအတွက် ၂၀၁၉ က ရွှေရောင်နှစ်သစ်အနေနဲ့ စောင့်ကြိုနေမှာပါ။

 

 

Public Relations (PR)

 

အရင်ကတော့ PR ဆိုတာကို နဝေတိမ်တောင် လုပ်ခဲ့ကြပေမယ့် အခုအခါမှာတော့ PR ကောင်းရင် ကောင်းသလို Brand Image လည်း ကောင်းနိုင်တာမို့ PR ကို အားစိုက်လာကြပါပြီ။ ဥပမာ – PR ကောင်းတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုပဲ ကြည့်လေ။ လူထုနဲ့ ဆက်ဆံတဲ့နေရာ၊ သတင်းမီဒီယာနဲ့ ဆက်ဆံတဲ့နေရာ၊ Client တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝန်ထမ်းတွေကို ကိုယ့်လုပ်ငန်းနဲ့ ထုတ်ကုန်တွေအကြောင်း အကောင်းဆုံး အကြောင်းကြားနိုင်သလို Communications Campaign တွေ၊ Press Conference တွေနဲ့ Event Management အလုပ်တွေကို အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ PR Professional တွေဟာ ၂၀၁၉ မှာ အခွင့်အလမ်းကောင်းတွေ ရရှိလာဖို့ မျှော်လင့်ပါတယ်။

 

 

Sales & Marketing

 

မရိုးနိုင်တဲ့ Sales & Marketing အလုပ်အကိုင်တွေဟာလည်း ၂၀၁၉ မှာ ဆက်လက်တောင်ပြောင်နေဆဲ ဖြစ်ပါတယ်။ ရောင်းမယ်၊ Marketing Plan ကောင်းကောင်းဆွဲမယ်၊ ဆောင်ရွက်မယ်ဆိုတာဟာ ကုမ္ပဏီတိုင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေ လုပ်ရမယ့် အလုပ်ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် Sales & Marketing အလုပ်တွေဟာလည်း ၂၀၁၉ မှာ အလားအလာကောင်းနေဦးမှာ ဖြစ်ပါတယ်။

 

ဒီလောက်ဆိုရင်တော့ ၂၀၁၉ မှာ ဘယ်လို အလုပ်အကိုင်တွေက အခွင့်အလမ်းအကောင်းဆုံး ဖြစ်လောက်မယ်ဆိုတာ တီးခေါက်မိလောက်ပြီ ထင်ပါတယ်။

 

 

Credit;Akhayar