Forbes မဂ္ဂဇင်းရဲ့ အဆိုအရ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃ ဘီလီယံ ရှိပါတယ်။
ဒရူးဟာ ၂၀၁၈ ဖေဖော်ဝါရီ ၂၃ ရက်က IPO အတွက် မလျှောက်ခင် Dropbox မှာ voting power ၂၄.၄ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒရူးဟူစတန်ကို ၁၉၈၃ ခုနှစ် က မက်ဆာချူးဆက် ပြည်နယ်၊ အက်တွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။
သူဟာ ၁၉၉၀ ခုနှစ်တွေမှာ အက်တွန်-ဘောက်ဇ်ဘရော့ အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ တော့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ကနေ ကွန်ပျူတာဘွဲ့ရရှိခဲ့ပြီး Phi Delta Theta လူမှုရေးအသင်းမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီမှာ Dropbox တွဲဖက်တည်ထောင်သူနဲ့ နည်းပညာအရာရှိချုပ်ဖြစ်တဲ့ အာရက်ရှ်ဖာဒေါဆီနဲ့ တွေ့ဆုံခဲ့ပါတယ်။
Dropbox မှာ အလုပ်မလုပ်ခင် ဒရူးဟူစတန်ဟာ Bit9,Acoolade နဲ့ Hubspot အပါအဝင် startup ကုမ္ပဏီအချို့မှာ လုပ်ကိုင်ခဲ့ပါသေးတယ်ဗျ။
ဒရူးဟူစတန်ဟာ Business Week ရဲ့ အသက် ၃၀ အောက်အလားအလာအရှိဆုံးသူ တစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရသလို
Inc.com ရဲ့ အသက် ၃၀ အောက် စွန့်ဦးတီထွင်ရှင် ထိပ်တန်း ၃၀ စာရင်းမှာ လည်းပါဝင်ခဲ့ပါတယ်။
Dropbox ကလည်း ဆီလီကွန် တောင်ကြားရဲ့ အကောင်းဆုံး startup ၂၀ ထဲက တစ်ခုဖြစ်လာပါတယ်ခင်ဗျာ...။
ခုလောက်ဆို Dropbox တွဲဖက်တည်ထောင်တဲ့သူအကြောင်း သိလောက်ရောပေါ့နော်...။
မင်မင်လည်း မောပြီ...ဘိုင်...။
Recommended for you-ဘယ်သူတွေကြောင့် Google ဆိုတာဖြစ်တည်လာတာလဲ???
Source; Internet
PES(Myanmar Advertising Directory)