Life Hacks

ဘယ်သူတွေကြောင့် Google ဆိုတာဖြစ်တည်လာတာလဲ???

Read 354 times
ဘယ်သူတွေကြောင့် Google ဆိုတာဖြစ်တည်လာတာလဲ???

လူသိနည်းပါတယ်။

Google တည်ထောင်သူနှစ်ဦး ဖြစ်တဲ့ Sergey Brin နဲ့ Larry Page တို့ဟာ ပညာတတ်မိသားစုကြားကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ်။

သူတို့နှစ်ယောက်က စတန်းဖို့ဒ်တက္ကသိုလ်မှာ ကွန်ပျူတာလုပ်ငန်းများနဲ့ ပတ်သတ်တဲ့ သုတေသနတွေလုပ်ရင်း ရင်းနှီးသွားပြီး Google ကုမ္ပဏီကို တည်ထောင်ခဲ့ကြတယ်။

စတင်တည်ထောင်ချိန်မှာ 1998 ခုနှစ်၊ သူတို့အသက်က 24၊ 25 သာရှိပါသေးတယ်။ ကုမ္ပဏီဝင်ငွေက 2007 ခုနှစ်ထိတော့ ဒေါ်လာ 4.2 ဘီလီယံ(ပေါင် 2.1 ဘီလီယံ) လို့သိရပါတယ်။

 

Sergey Brin

ser

1973 ခုနှစ် သြဂုတ်လ 21 ရက်နေ့တွင် ဆာဂျီကို မော်စကို၊ရုရှားမှာ မွေးဖွားခဲ့တယ်။

လက်ရှိ Los Altos ကယ်လီဖိုးနီးယားမှာနေထိုင်ပြီး ဂျူးသွေးနှော ရုရှားလူမျိုးတစ်ယောက်ဖြစ်ပါတယ်။

ဆာဂျီရဲ့ အဖေက ဂျူးဖြစ်နေလို့ ပညာရေးပိုင်းမှာ တားဆီးပိတ်ဆို့မှုလုပ်ခံခဲ့ရတယ်။ ၆ နှစ်သားအရွယ်မှာ ဆိုဗီယက်ပြည်ထောင်စုမှ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

သူ့အဖေနဲ့ အဘိုးလိုပဲ 1993 ခုနှစ်မှာ သင်္ချာနဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ကို Maryland တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး 1995 ခုနှစ်မှာ Srandford University မှ ကွန်ပျူတာသိပ္ပံဒေါက်တာဘွဲ့ ဆက်လက်ယူခဲ့ပါတယ်။

စတန်းဖို့ဒ်မှာ လာရီနဲ့ တွေ့ဆုံရင်းနှီးခဲ့ပြီး Data Mining စနစ်ကို သုံးကာ ပိုမိုကောင်းမွန်တဲ့ Search Engine တစ်ခုကို နှစ်ယောက်ပေါင်းပြုလုပ်ခဲ့ကြတယ်။

"The Anatomy of a Large Scale Hypertextual Web Search Engine" စာတမ်းကို ရေးပြီး သူတို့နှစ်ယောက်စိတ်ကူးတွေကို ပေါင်းစပ်ကာ Search Engine အသစ်ကို စမ်းသပ်ခဲ့ကြတယ်။

အပေါင်းအသင်းအချို့ဆီက Server ၀ယ်ယူကာ Menlo Park မှာ ဂိုဒေါင်လေးတစ်ခုငှားခဲ့ကြပါတယ်။

2012 မှာ အသက် 35 အောက် ကမ္ဘာ့အကောင်းဆုံးတီထွင်သူအယောက် ၁၀၀ ကို ပေးတဲ့ MIT Technology Review TR100 ကို လာရီနဲ့ အတူရရှိခဲ့တဲ့အပြင် 2003 ခုနှစ်မှာ IE စီးပွားရေးကျောင်းမှ ဂုဏ်ပြုချီးမြှင့်တဲ့ MBA ဆုကိုလည်းရရှိခဲ့ပါတယ်။

Forbes မဂ္ဂဇင်းမှာ 2012 ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ 18.7 ဘီလီယံပိုင်ဆိုင်တဲ့ ကမ္ဘာ့ ၂၄ ယောက်မြောက်အချမ်းသာဆုံးလူအဖြစ် ဆာဂျီကိုသတ်မှတ်ထားခဲ့ပါတယ်။

 

Larry Page

larr

1973 ခုနှစ် မတ်လ 26 ရက်နေ့တွင် East Laning,Michigan,U.S မှာမွေးဖွားခဲ့ပါတယ်။

လာရီရဲ့ အဖေရော အမေကပါ Michigan University မှ ကွန်ပျူတာ သိပ္ပံပါမောက္ခတွေဖြစ်ပါတယ်။

Michaigan University မှ Computer Engineering ၀ိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ရရှိခဲ့ပြီး Stanford University မှ ကွန်ပျူတာ သိပ္ပံမဟာဘွဲ့ရရှိခဲ့ပါတယ်။ မကြာမီ ဆာဂျီနဲ့နဲ့ ရင်းနှီးခဲ့ကြတယ်။

ငယ်ငယ်တည်းက တီထွင်ရတာကြိုက်နှစ်သက်သူမို့ ဒေါက်တာဘွဲ့တက်ရောက်နေစဉ်မှာပဲ World Wide Web တွက်ချက်စွမ်းရည်ကို ကြိုးစားရှာဖွေရင်း Back-Rub သုတေသနစာတမ်းကို ရေးသားခဲ့ပါတယ်။

လာရီရဲ့ Back-Rub ဟာ အချက်အလက် ၁၀ သန်းကျော်လောက်ရှိပြီး ကြားထဲမှာ မရေမတွက်နိုင်သော Links များရှိတဲ့ Web ဖြစ်တာကြောင့် ဒီအချက်တွေဟာ ဆာဂျီကိုဆွဲဆောင်နိုင်ခဲ့တယ်။

လာရီ နဲ့ ဆာဂျီအတူပူးပေါင်းပြီး Back Link Data တွေကို Web Page အတွက် အရေးကြီးတဲ့ ဆောင်ရွက်ချက်တွေလုပ်ဖို့ Page Rank Algorithm ကိုတီထွင်ခဲ့တယ်။ ရှိပြီးသား Search Engine ထက်ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်လာခဲ့တယ်။

1996 ခုနှစ် သြဂုတ်လမှာတော့ Stanford University Website မှာ Google Version အသစ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။

2013 မေလမှာ အအေးကြောင့် လာရီရဲ့ ညာဘက်အသံအကြောသေသွားပြီး ဘယ်ဘက်အကြောကတော့ 1999 တည်းက အကြောသေနေကြောင်း Google+Profile မှာပြောခဲ့ပါတယ်။

လာရီ အကြောသေရောဂါကို ခံစားနေရတာ ၁၄ နှစ်ရှိခဲ့ပေမဲ့ ဆရာဝန်တွေက သူ့ရောဂါ ဇစ်မြစ်ကို ရှာဖွေလို့ မရခဲ့ဘူး။

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့က Voice Health Institute မှာ အသံကြောဆိုင်ရာ သုတေသနအစီအစဉ်တွေကို လာရီငွေလှူဒါန်းခဲ့ကြောင်း Google+Post မှာဖော်ပြထားခဲ့ပါတယ်။

Read-အချက်အလက်တွေကို ကြော်ငြာရှင်တွေထံမရောင်းချဘူးဆိုတဲ့ ဇူကာဘတ်

Reference: The Google Guys – Richard L.Brandt

Source: trend