Digital Marketing

Facebook ရဲ့ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အမှုဆောင်ချုပ် အသစ် Alex Schultz

Read 1660 times
Facebook ရဲ့ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အမှုဆောင်ချုပ် အသစ် Alex Schultz

သူဟာအခုဆို Facebook မှ ပြီးခဲ့သော ၂၀၂၀ စက်တင်ဘာလက အလုပ်ထွက်သွားတဲ့ယခင်ဈေးကွက်မြင့်တင်ရေးဆိုင်ရာ အမှုဆောင်ချုပ် Antonio Lucio နေရာ အစားထိုးဝင်ရောက်တယ်သိရပါတယ်။အခုဆိုရင် မားကတ်တင်းလောက က လူအများအနေဖြင့် Alex Schultz က ဘယ်လိုမျိုးတွေလုပ်ပြမယ်ဆိုတာကို မျက်စိဒေါက်ထောက်ကြည့်နေပြီသိရပါတယ်။

 

Alex Schultz ဟာ Facebook က မျက်စိကျဖွယ် လူတစ်ယောက်ပဲဖြစ်ပြီး ၁၃ နှစ်တိတိ ဖွံဖြိုးတိုးတက်မှု နဲ့ စစ်တမ်းဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခဲ့တဲ့သူပါ။ သူဟာ ၂၀၀၇ ခုနှစ်ထဲက စစ်တမ်းဆိုင်ရာဌာန ကို လူသစ်အဖြစ်ရောက်လာခဲ့သူဖြစ်ပြီး အလုပ်တည်ငြိမ်စွာလုပ်ကိုင်တာမို့ မန်နေဂျာ ရာထူးကို ရရှိခဲ့ပါတယ်။ထို့နောက်မှာ သူဟာ ဒါရိုက်တာနဲ့ ၂၀၁၄ မှာဒုဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပါတယ်။

 

Facebook အနေနဲ့ သူ့ အထဲမှာပဲ ပရိုမိုးရှင်းဆင်းနေလို့မရပါဘူး ဖေ့ဘုတ်က သူ့ Brand ကြီးကို လုံခြုံစေဖို့ ထိခိုင်မှု မရှိစေဖို့လဲလိုအပ်ပါတယ်။ထို့အပြင်သေချာတာက အမုန်းစကားတွေကိုဖျက်ပြစ်ဖို့ပါပဲ။

 

သူဟာ ပြီးခဲ့တဲ့ ကြားအချိန်မှာလည်း Facebook မှထွက်ပြီး eBay မှာလည်း မားကတ်တင်းမန်နေဂျာအဖြစ်လုပ်ခဲ့ပါသေးတယ်။အခုလို ၂၀၂၀ ကိုဗစ်ဖြစ်လာတဲ့ အချိန်မှာသူ့ရဲ့ မားကတ်တင်းမန်နေဂျာအဖြစ်လုပ်ကိုင်ချင်းကလည်း ထိခိုက်ခဲ့ပါတယ်။ဒါ့ကြောင့်သူ Facebook ရောက်လာတာပါ။

 

သူ Facebook ရောက်ပြီးတဲ့ အချိန်မှာ အဓိက လုပ်ရမည့် အရာတွေက အခုဆိုရင် Facebook မှာ ပြီးခဲ့တဲ့ boycott ကိစ္စတွေကြောင့် Unilever လိုလုပ်ငန်းများကတောင်ကြော်ငြာ ကို ထည့်ဖို့ဖြတ်တောက်လိုက်ပါပြီ ထိုကိစ္စတွေကို သူကိုင်တွယ်ရမှာပါ။သည့်အပြင် အမေရိကန် ရွေးကောက်ပွဲကလည်းနီးပြီမို့ သူ့အနေနဲ့ သတင်းအမှားတွေ အမုန်းစကားတွေကို ထိန်းချုပ်ရအုံးမှာပါ။

 

Ref : The Drum 



Myanmar Advertising Directory