Marketing

ရောင်းချခြင်းမှာ တန်းစီတဲ့ စနစ်တွေက ဘာကြောင့်မတူညီကြတာလဲ?

Read 1306 times
ရောင်းချခြင်းမှာ တန်းစီတဲ့ စနစ်တွေက ဘာကြောင့်မတူညီကြတာလဲ?

ထမင်းဆိုင်တွေ တော်တော်များများမှာက ဘေးတိုက်တန်းစီစနစ်ကို ကျင့်သုံးကြပြီး Fast Food ဆိုင်တွေမှာက ရှေ့နောက်တန်းစီစနစ်ကို ကျင့်သုံးကြတာကို တွေ့ရတယ်။

ဘာကြောင့် အစားအသောက်ရောင်းတာခြင်း တူတာတောင် ရောင်းချတဲ့စနစ်က မတူရတာလဲ ?

ထမင်းဆိုင်အများစုမှာကျင့်သုံးတဲ့ ဘေးတိုက်တန်းစီစနစ်က စားသုံးမယ့်သူတွေအတွက် စဉ်းစားချိန် ပိုရစေတယ်။

သူတို့ထည့်တာတွေ၊ ဟင်းတွေကိုလည်း လက်တွေ့မြင်နေရတယ်။

တစ်ခါတစ်ရံမှာ ကိုယ်စားချင်တာတွေများနေရင် အပိုထပ်ထည့်သွားနိုင်တယ်။

ထမင်းဆိုင်တွေမှာကျ ကောင်တာမှာ လူတွေပုံနေတတ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာတာမပြီးမချင်း နောက်လူတွေအလှည့်ရောက်ဖို့ မလွယ်ဘူးလေ။

(သူများနိုင်ငံမှာတော့ Set နဲ့ ရောင်းကြတယ်။ ဒီက ထမင်းဆိုင်အများစုကတော့ မရသေးဘူး။)

Fast Food တွေမှာ ကျင့်သုံးတဲ့ ရှေ့နောက်တန်းစီစနစ်ကတော့ မြန်ဆန်မှုကို ပိုဖြစ်စေတယ်။

Counter အပေါ်မှာလည်း Screen အကြီးကြီးနဲ့ ပြထားတဲ့အတွက် ကိုယ့်အလှည့်ရောက်ရင် ဘာမှာမလဲဆိုတာကို ကြိုတင်တွေးဖြစ်တယ်။

ကိုယ့်နောက်မှာလည်း လူတွေတန်းစီနေတာဆိုတဲ့အသိနဲ့ မြန်မြန်မှာဖြစ်တယ်။

Fast Food တွေကျ Order ပဲကောက်ထားတဲ့အတွက် ဆိုင်မှာစားတာပဲဖြစ်ဖြစ်၊

Take Away ပဲဖြစ်ဖြစ် ထိုင်စောင့်ရတဲ့အတတွက် Counter မှာ ထမင်းဆိုင်တွေလို လူမပြုံနေတတ်ပါဘူး။

တန်းစီတဲ့စနစ်တိုင်းမှာ အားသာချက်နဲ့ အားနည်းချက်ဆိုတာ ရှိပါတယ်။

ကိုယ့်လုပ်ငန်းနဲ့ ဘယ်စနစ်က ကိုက်ညီမှုရှိသလဲဆိုတာကို ချိန်ကြည့်ဖို့က အရေးကြီးပါတယ်။

သင်ကော ဘယ်လိုတန်းစီရတာကို သဘောကျတဲ့သူလဲ ?

Recommended for you-ရှုံးနိမ့်မှုပေါင်း (၁၀၀၉) ကြိမ်ကို ဖြတ်သန်းခဲ့ရသူ!

Source; sharing point