Customer

လျှောက်ထားတဲ့အလုပ်တွေက ဘာကြောင့် ပြန်မဆက်သွယ်တာလဲ

Read 5031 times
လျှောက်ထားတဲ့အလုပ်တွေက ဘာကြောင့် ပြန်မဆက်သွယ်တာလဲ

ပင်လယ်ထဲကို ဗူးတစ်ဗူး မျှောလိုက်တာနှင့် အတူတူပါပဲ။ မည်သည့်အချိန်တွင် ကိုယ့်ဆီ ပြန်ရောက်မယ်ဆိုတာကို မသိသလို ကိုယ်ကိုယ်တိုင်ကလည်း ဘယ်မှာသွားရှာရမလဲဆိုတာ လမ်းစပျောက်နေတတ်ပါတယ်။

သင်ဟာ ဘယ်လောက်ကြိမ်ဖန်များစွာ ကြိုးစားကြိုးစား ပြန်လည်ဆက်သွယ်မှုမရရှိပါက သင့်ကိုယ်သင် ပြန်လည်ဆန်းစစ်ဖို့လိုပါလိမ့်မယ်။

သင့်ကိုယ်သင် ပြန်လည်ဆန်းစစ်ရမည်ဆိုလျှင် အောက်ပါအချက်များကို အဓိကထား ဆန်းစစ်သင့်ပါတယ်။

၁။ သင့် CV ကို ပြန်လည်ဆန်းစစ်ပါ။ လိုအပ်ချက်များရှိနေသည်ဟု ထင်ပါက ပြန်လည်ဖြည့်စွက်ပါ။ လိုအပ်ပါက ၀ါရင့်သူများထံမှ အသေးစိတ် အကြံဥာဏ်များ ရယူပါ။

၂။ အလုပ်မှ ထုတ်ပြန်ထားသော job vacancy ကို ပြန်လည်ဖတ်၍ မိမိနှင့်ကိုက်ညီမှုရှိ/မရှိ ပြန်လည်စစ်ဆေးပါ။

၃။ အတွေးအမြင်များကို ဖြန့်ကျက်ကာ အလုပ်များများ အနည်းဆုံးအလုပ် ၅ ခုလောက်ကို တစ်ပြိုင်နက် CV တင်ထားပါ။

၎။ သင့်အတွက် အထောက်အကူရရှိမည့် လုပ်ငန်း network များကို ရှာဖွေဝင်ရောက်ပါ။ ဥပမာ linkedIn တွင် စာရင်းပေးသွင်းထားပါ။ Job Fair များသို့လည်း ပုံမှန်သွားရောက်၍ Network ရယူပါ။

၅။ အကယ်၍ သင်ဟာ ၎င်းအလုပ်အတွက် သေချာပေါက်ရမည်ဟု ခန့်မှန်းထားပါက Company ၏ HR Dept. သို့ တိုက်ရိုက်ဆက်သွယ်ပြီး အခြေအနေကို ပြန်လည်ဆန်းစစ်ပါ။

လုပ်ငန်းခွင်အသီးသီးတွင်အလုပ်လုပ်နေသော ၀န်ထမ်းများ အောင်မြင်မှုရရှိပါစေ။