Business Marketing

လူတွေသင့်ကို စကားပြောဖို့ ငြင်းဆန်နေတာ ဘာကြောင့်လဲ။

Read 1586 times
လူတွေသင့်ကို စကားပြောဖို့ ငြင်းဆန်နေတာ ဘာကြောင့်လဲ။

၁။ကိုယ်နဲ့စကားပြောဆိုသူကို လျစ်လျူရှူတဲ့ အပြုမူမျိုး မပြုလုပ်မိပါစေနဲ့။

၂။ မိမိကိုလာပြောတဲ့ အကြောင်းအရာများဟာ ၀မ်းသာစရာဖြစ်စေ၊ ၀မ်းနည်းစရာဖြစ်စေ ဂရုတစိုက်နားထောင်ပြီး မျှဝေခံစားပေးပါ။

၃။အကြောင်းအရာတစ်ခုကို ရှင်းပြပြောဆိုနေသည့်အခါ ကြားဖြတ်ပြောဆိုခြင်းမျိုး မပြုလုပ်နဲ့။

၎။မိမိပြောဆိုသော စကားကသာအမှန်ဖြစ်ကြောင်း တစ်ယူသန်ပြောဆိုခြင်းကိုရှောင်ကြဉ်ပါ။

၅။သူတစ်ပါးက ကိုယ့်ကိုဆွေးနွေးတိုင်ပင် ရအောင်ယုံကြည်ရတဲ့ လူမျိုးဖြစ်ပေါစေ။

၆။သူတစ်ပါး အကြောင်းကို အတင်းအဖျင်းလုပ်ပြီး မပြောဆိုပါနဲ့။

၇။သိချင်သည့် အကြောင်းအရာများကိုလည်း ပွင့်လင်းစွာမေးပါ။ ဒါဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖြစ်စေမှာပါ။

၈။စကားပြောနေစဉ် ရိုင်းစိုင်းတဲ့ ကိုယ်နေဟန်ထားမျိုး မပြုလုပ်ပါနဲ့။ ဥပမာ-ဒူးနန့်နေခြင်း၊လက်ကိုအငြိမ် မထားဘဲ ဟိုခေါက်ဒီခေါက် လုပ်နေခြင်း။

၉။ကြည်လင်ရွှင်ပြတဲ့ မျက်နှာအနေအထာမျိုး နဲ့ပြောဆိုဆက်ဆံပါ။

၁၀။အကောင်းမြင်စိတ်ထားရှိပါ။