Life Hacks

“ဘာကြောင့်”က ဒီလောက်တောင် အရေးပါခဲ့သလား??

Read 295 times
“ဘာကြောင့်”က ဒီလောက်တောင် အရေးပါခဲ့သလား??

ပန်းရနံ့ကို မရူရိုက်နိုင်ဘူး။ တချို့က ပြေးလွှားဆော့ကစားလို့ မရဘူး။
တချို့က ဖိနပ်စီးဖို့ ခြေထောက်မရှိဘူး။ ဒါနဲ့များ ဘာဖြစ်လို့ တိမ်အမြင့်ပေါ် ငှက်တစ်ကောင်လို ငါ
မပျံသန်းနိုင်သလဲလို့ အမြဲညည်းတွားနေသေးလဲ…
♦ လူတစ်ယောက်မှာ ပါးစပ်ပေါက် တစ်ပေါက်ပဲပါတယ်။ ဒါနဲ့များ ဘာဖြစ်လို့ ဒီလောက်များတဲ့ ပုံစံမတူ ကော်ဖီခွက်ကို လိုနေကြတာလဲ…
♦ ကမ္ဘာမှာ ဘာဖြစ်လို့ ဒီလောက်များတဲ့ စစ်ပွဲတွေရှိရတာလဲ၊ ဘာဖြစ်လို့ အချင်းချင်း သတ်ဖြတ်ကြရတာလဲ၊
တီဗွီမှာ ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ရုပ်ပုံကိုပဲ ထပ်တလဲလဲ လွှင့်နေရတာလဲ၊ ကလေးငယ်ရဲ့ ဖြူစင်တဲ့
စိတ်ဝိညာဉ်ကိုကာကွယ်ဖို့ လူတွေမေ့နေခဲ့ကြပြီလား၊ အိပ်မက်ဆိုးတွေ မက်မှာစိုးလို့ အိပ်ရမှာကို
ကြောက်ခဲ့ပေမယ့် အိပ်မက်ထဲမှာပဲ လိုချင်တဲ့ လှပငြိမ်းချမ်းတဲ့ကမ္ဘာကို ငါတွေ့နိုင်ခဲ့တယ်။
♦ ဘာဖြစ်လို့ အစက လက်ထပ်ခဲ့ရတာလဲ၊ ဘာဖြစ်လို့ ခုချိန်မှာ ကွာရှင်းရတာလဲ၊ ဒီလိုဖြစ်မယ်မှန်း
အစကကြိုသိခဲ့ရင် အမေတို့ လက်ထပ်ခဲ့ဦးမလား၊ လမ်းခွဲမယ်လို့ အစက ကြိုသိခဲ့ရင် ကျွန်မကို
မွေးခဲ့ကြဦးမလား၊ သက်ဆုံးထိတိုင် ကျွန်မဝမ်းနည်းမှာကို ဂရုစိုက်မိမလား၊ သက်ဆုံးထိတိုင်
ကျွန်မဝမ်းနည်းမယ်ဆိုရင် အမေတို့ပြန်ကြင်နာကြမလား၊ ဘာဖြစ်လို့ ကျွန်မရဲ့မျက်ရည်တွေက ရုပ်ရှင်ရုံအမှောင်ထဲရောက်မှ စီးကျရတာလဲ။
♦ နေရောင်နောက်မှာ အရိပ်ပုန်းနေတယ် ပျော်ရွှင်ခြင်းနောက်မှာ ဝမ်းနည်းခြင်းပုန်းနေတယ်
မာန်တက်ခြင်းနောက်မှာ ယုတ်ညံ့ခြင်းတွေပုန်းနေတယ် တိမ်မည်းရဲ့နောက်မှာ လမင်းပုန်းနေတယ်
ဒီလိုဆိုရင် “နောက်ကျော” က ဘယ်သူ့နောက်မှာ သွားပုန်းနေရမလဲ..
♦ ငါ နင့်ကိုချစ်တယ် ငါ နင့်ကိုမချစ်ဘူး ငါ နင့်ကိုချစ်တယ် ငါ နင့်ကိုမချစ်ဘူး ငါ နင့်ကိုချစ်တယ်
ငါ နင့်ကိုမချစ်ဘူး ရှုပ်ထွေးတဲ့ အချစ်လောကထဲမှာ ဘာဖြစ်လို့ ပျင်းရိဖို့ကောင်းလောက်တဲ့ ဒီအဖြေနှစ်ခုပဲ ရှိခဲ့တာလဲ…
♦ မုသားတစ်ခုပြောရင် နောက်မုသားတစ်ခု ထပ်ပြောရတယ် ဆက်ပြီး နောက်(၃)ခု
ထပ်ပြောရတယ် နောက်ဆုံး မရပ်မနား ဆက်ပြောသွားဖို့ရှိတယ်။ ဘာအတွက်ကြောင့်လဲ…

Read-ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...


Credit; နိုင်းနိုင်းစနေ