Life Hacks

ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း သင့်ဘဝကို ပုံဖော်ပါ

Read 1770 times
ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း သင့်ဘဝကို ပုံဖော်ပါ

ဘန်ကောက်က ပို...မမြန်သလို

စင်ကာပူက ပို...မနှေးပါဘူး။

တချို့က အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့် ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့ ၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့ အသက်၅၀ကျမှ CEOနေရာရောက်တယ်။ ပြီးတော့ အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့ ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး အလုပ်လုပ်နေကြတာပါ။

ဥပမာ-ကျွန်တော်အခု ဒီစာကိုရေးနေတဲ့အချိန်က တနင်္လာနေ့ နေ့လယ်၁၁နာရီဝန်းကျင် ကျွန်တော်အလုပ်လုပ်နေတဲ့အချိန် ဒါပေမယ့် လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့ တနင်္ဂနွေနေ့ ည၁၀နာရီဝန်းကျင်။ သူဘီယာသောက်ရင်သောက်နေမှာပေါ့။

ကျွန်တော်တို့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တစ်ချက်ပြန်ကြည့်ရင် လူတချို့က ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့ ကျွန်တော်တို့နောက်မှာ ကျန်ခဲ့တယ်ဆိုတာမျိုး ခံစားရပါလိမ့်မယ်။

ဒါပေမယ့် တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း ပြေးနေကြတာပါ။

တစ်ယောက်နဲ့တစ်ယောက် ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီးတာက တာထွက်ချိန်ချင်းမတူကြတာပဲ။

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့် ကျွန်တော်တို့အရှေ့ကိုရောက်နေသည်ပဲဖြစ်စေ။

နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ။

အားကျစရာ၊ မနာလိုစရာ၊ အထင်သေးစရာမလိုပါဘူး။

သူ...

ဘယ်နေရာကစပြီးတာထွက်တယ်ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ ကျွန်တော်တို့သိနိုင်ကြလို့လား?

သူတို့က သူတို့Time Zoneကိုအခြေခံပြီး အလုပ်လုပ်တယ်။

ကျွန်တော်တို့က ကျွန်တော်တို့Time Zoneကိုအခြေခံပြီး အလုပ်လုပ်တယ်။

အရေးကြီးတာက ကိုယ့်အတိုင်းအဆနဲ့ကိုယ် ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့် စိတ်အေးအေးထားပါ။ ကျွန်တော်တို့ ကြိုရောက်မနေဘူး။

ဒီလိုပဲ ကျွန်တော်တို့ နောက်ကျမနေဘူး။ အချိန်မှန်လေး၊ အချိန်မီလေးရောက်မှာပါ။

ဒီစာလေးကနေ တစ်ခုခု ရလိုက်မယ်လို့မျှော်လင့်မိပါတယ် နော်...။

Recommended for you-ဘ၀မှာ ဘာတွေလုပ်ပြီး အသက်ရှင်မလဲ???

Source; Future Wave

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory  စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1