သင့်ကိုဆွဲချမယ့်သူတွေထက် ဆွဲခေါ်မယ့်သူတွေကိုသာ ရွေးချယ်ပေါင်းသင်းပါ။
လိုက်ပါဖို့၊ ဝင်ဆံ့ဖို့ခက်ခဲကောင်းခက်ခဲနေပါလိမ့်မယ်။
သို့သော် အားထုတ်မှုလေးထည့်ပြီး ရအောင်တိုးဝင်ပါ။
ဝတ်စားပုံကစလို့ အစစအရာရာပြောင်းလဲပစ်ပါ။ ကိုယ်မျှော်နေတဲ့အတိုင်း ကိုယ့်ကိုကို အောင်မြင်သူတစ်ယောက်အဖြစ်မြင်ယောင်ပါ။
ကိုယ့်ကိုကိုယုံကြည်ချက်ထားပါ။ စိုးရိမ်စိတ်တွေကို ကိုယ့်ကိုကို မယုံကြည်ချင်းတွေကို ဒီနေ့မှစလွှင့်ပစ်လိုက်ပါ။
သင့်ကိုဆွဲချမယ့်သူတွေထက် ဆွဲခေါ်မယ့်သူတွေကိုသာ ရွေးချယ်ပေါင်းသင်းပါ။
ပြီးလျှင် အောင်မြင်နေသော ပတ်ဝန်းကျင်အသစ်တစ်ခုသို့တိုးဝင်ပါ။
မိတ်ဆွေဟာ အောင်မြင်သူများနှင့်ပေါင်းသင်းလာတဲ့အခါမှာ အောင်မြင်သူများရဲ့ အကျင့်စရိုက်များ၊ အပြုအမူများ စိတ်အားထက်သန်မှုများ တစတစကူးစက်လာပြီး၊
အောင်မြင်သူများကဲသို့ စိတ်ဓာတ်များဖွံ့ဖြိုးလာပါလိမ့်မယ်။ ကောင်းသော ယုံကြည်ချက်၊ ယုံကြည်မှုခိုင်မာသူများကြားမှာရောက်နေတဲ့သင်ဟာလည်း ကောင်းသောယုံကြည်မှု၊ ယုံကြည်ချက်များခိုင်မာသူတစ်ဦးဖြစ်လာပါလိမ့်မယ်။
ဒီလိုအခြေအနေကိုရောက်လာပြီဆိုရင်တော့ မိတ်ဆွေဟာလည်း အောင်မြင်သူများနှင့်အတူ အမြင့်ကိုလိုက်ပါပျံသန်းဖို့ အချိန်ကျရောက်လို့လာပါပြီ။
တခါတရံ လက်ရှိအခြေအနေမှာ မိတ်ဆွေဖြစ်ချင်တဲ့ပုံစံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့လျှင်တောင် မိတ်ဆွေအနေနဲ့သိထားရမှာက ကောင်းသောရည်မှန်းချက်ထားပါ၊ မိမိကိုယ်ကိုယုံကြည်ချက်ရှိပါ။
လောကမှာရှိတဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်း စတာတွေဟာ မည်သည့်နေရာကမှလာတာမဟုတ်ပါဘူး။
မိတ်ဆွေ ခန္ဓာကိုယ်ထဲကလာတာဖြစ်တဲ့အတွက် မိမိ၏ ယုံကြည်မှု၊ မျော်လင့်ထားမှု၊ စိတ်နေသဘောထား၊ စိတ်ဓာတ်တွေကသာလျှင် မိမိကိုယ်အောင်မြင်ခြင်းပန်းတိုင်ဆီ အရောက်ပို့ပေးမှာဖြစ်ပါတယ်။
အောင်မြင်၊ ပျော်ရွှင်သော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ....။
Recommended for you-စိတ်ပျက်လက်လျှော့ချင်နေပြီလား
Credit; khaingbowin