www.myanmaradvertisingdirectory.com
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။
Link-Myanmar Advertising Directory
(Unicode Version)
နည်းပညာနယ်ပယ်က အလုပ်အကိုင်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုတော်ကြတယ်လို့ ဘရွတ်ကင်းစ်အဖွဲ့အစည်းက Metropolitan Policy Program ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဒီဂျစ်တယ်ရမှတ်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နည်းပညာလုပ်ငန်းပိုင်း ကျွမ်းကျင်မှုရှိတာကို တွေ့ရပါတယ်။
အဲဒီအစီရင်ခံစာအမည်က “Digitalization and the American Workforce” ဖြစ်ပါတယ်။ နည်းပညာ ထိပ်တန်း အလုပ်အကိုင်အတွက် အသိပညာ၊ ကျွမ်းကျင်မှု၊ ကိရိယာနဲ့ နည်းပညာနဲ့သက်ဆိုင်တဲ့ ပညာရေးနဲ့ အလေ့အကျင့်အပြင် အလုပ်နဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကျင်၊ လုပ်ငန်းအတွက် လိုအပ်တဲ့လုပ်ဆောင်မှု စတဲ့ သတင်းအချက်အလက်တွေနဲ့ အစီရင်ခံစာကို သုံးသပ်ခဲ့ပါတယ်။ အဲဒီအချက်တွေမှာ အမျိုးသမီးတွေက ဒီဂျစ်တယ်ရမှတ် ၄၈ မှတ်ရခဲ့ပြီး အမျိုးသားတွေက ၄၅ မှတ်ရခဲ့ပါတယ်။
အစီရင်ခံစာက ပင်ကိုယ်ဗီဇကို ထည့်သွင်းမတွက်ချက်ထားပေမယ့် ဒီဂျစ်တယ်လောကမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် အလုပ်အကိုင်ပမာဏများစွာ ရယူထားတာကို ဖော်ပြထားပါတယ်။ ကွန်ပျူတာ၊ အင်ဂျင်နီယာနဲ့ စီမံခန့်ခွဲရေးအပြင် ဒီဂျစ်တယ် အသုံးပြုမှုနည်းပါးတဲ့ ကဏ္ဍတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ သဘာဝအရင်းအမြစ်တူးဖော်ရေးနဲ့ အဆောက်အဦနဲ့ မြေယာလုပ်ငန်းတွေမှာ အမျိုးသမီးဦးရေထက် အမျိုးသားဝန်ထမ်းတွေက ပိုများပါတယ်။
မကြာသေးခင်က နည်းပညာလောကရဲ့ အမျိုးသားနဲ့ အမျိုးသမီးဦးရေ အလုပ်အကိုင်ညွှန်းကိန်း အစီရင်ခံစာတွေ ထွက်ပေါ်လာပါတယ်။ နည်းပညာလောကမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ ၃၀ ရာခိုင်နှုန်းအောက်ရောက်နေပြီး စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်ပိုင်း ရာထူးတွေမှာ အရေအတွက် နည်းပါးနေတာကို ဖော်ပြနေပါတယ်။
Source; Internet Journal