Local

အမျိုးသမီး သိပ္ပံပညာရှင် အများဆုံးနိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးက ရပ်တည်နေ

Read 3964 times
အမျိုးသမီး သိပ္ပံပညာရှင် အများဆုံးနိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးက ရပ်တည်နေ

တစ်ကမ္ဘာလုံးက သိပ္ပံနဲ့ သုတေသနလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး ရာခိုင်နှုန်းဟာ ၂၈ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အမျိုးသမီး ပါဝင်မှုနှုန်းက ၈၆ ရာခိုင်နှုန်းထိတောင် ရှိနေပြီး အမြင့်ဆုံး နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။

 98632268 unescochart

 

အမျိုးသား သိပ္ပံနဲ့ သုတေသနပညာရှင် ပိုများတဲ့ နိုင်ငံတွေမှာ အပြာရောင် ပိုများနေတာကို တွေ့ရမှာဖြစ်ပြီး အမျိုးသမီး ပိုများတဲ့ နိုင်ငံတွေမှာတော့ ပန်းရောင်ပိုသန်းနေတာကို တွေ့ရမှာပါ။

လက်တင်အမေရိကားနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေတောင် သိပ္ပံနဲ့ သုတေသန လုပ်ငန်းတွေမှာ အမျိုးသမီး ပါဝင်မှုနှုန်း ၅၃၊ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျူးဘားနိုင်ငံဟာ ၄၅ ရာခိင်နှုန်း၊ Guatemala နိုင်ငံဟာ ၅၅ ရာခိုင်နှုန်း ရှိပါတယ်။

ပစ္စည်းပို့ဆောင်နေရတဲ့ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေမယ့် Epost System

ဥရောပနိုင်ငံတွေဖြစ်တဲ့ Serbia, Lithuania, Macedonia နဲ့ Moldova နိုင်ငံတွေဟာလည်း သိပ်မကွာပါဘူး။ အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ နယူးဇီလန် နိုင်ငံတွေဟာလည်း အမျိုးသမီး ပါဝင်မှုနှုန်း ၅၀ ရာခိုင်နှုန်း ၀န်းကျင်ပဲ ရှိပါတယ်။

World Economic Forum ရဲ့ အစီရင်ခံစာအရ ပညာရေးပိုင်းကို ကြည့်လိုက်ရင်လည်း ၂၄ နိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး ပါဝင်မှု ကွာဟချက်က လွန်ခဲ့တဲ့ ၁၀ နှစ်ကနေ ယှဉ်ကြည့်လိုက်ရင် တိုးတက်လာတာကို တွေ့ရပါတယ်။

Su Mon Oo
Source: World Economic Forum

Myanmar Advertising Directory