Marketing

လုပ်ငန်းတစ်ခု ထိထိရောက်ရောက်အောင်မြင်စေနိုင်ဖို့ အရေးပါတဲ့ 3Ms

Read 2378 times
လုပ်ငန်းတစ်ခု ထိထိရောက်ရောက်အောင်မြင်စေနိုင်ဖို့ အရေးပါတဲ့ 3Ms

3Ms ကိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။ 3Ms ကဘာလဲဆိုတာကိုတော့ အောက်မှာအသေးစိတ်ရှင်းပြထားပါတယ်။


၁။ Market

ကိုယ့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို ရောင်းချမယ့် ဈေးကွက်လို့ ပြောလို့ရပါတယ်။ ဥပမာ - ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဘယ်အသက်အရွယ်အပိုင်းအခြားကို ရောင်းချမှာလဲ၊ အမျိုးသမီးတွေကို ရောင်းမှာလား၊ အမျိုးသားတွေကို ရောင်းမှာလား၊ အဲ့ဒီလို သတ်မှတ်တာတွေကို Market သတ်မှတ်တယ်လို့ ယူဆလို့ရပါတယ်။

စွန့်ဦးတီထွင်သူတွေ ရုံးခန်းမရှိပဲလုပ်ငန်းစတင်တဲ့အခါ အားသာချက်၊ အားနည်းချက်များ
၂။ Message

နောက်တစ်ခုက Message ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲဖြန့်ပြီဆိုရင် ကုန်ပစ္စည်းရဲ့အဓိကပေးချင်တဲ့ message ကို သေချာပေးနိုင်ဖို့လိုသလို customer တွေဆီ ထိထိမိမိပို့ပေးနိုင်ဖို့လည်း လိုလာပါပြီ။ အဲ့ဒီအခါ ကိုယ်ပေးချင်တဲ့ message အတွက် keyword တွေလိုလာပြီပေါ့။ ဥပမာ - အလှကုန်တစ်ခုဆိုပါစို့။ ပေးချင်တဲ့ message က အသားဖြူမယ်၊ ဒါပေမဲ့ အသားဖြူမယ်လို့ပဲပြောရင် လူတွေစိတ်ဝင်စားပါ့မလား။ ဒါဆို အသားဖြူမယ်ဆိုတာကိုပဲ ဘယ်လို message မျိုးနဲ့ပေးမှ လူတွေစိတ်ဝင်စားမှာလဲ။ ပြစ်မျိုးမှဲ့မထင်ဖြူစင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဆိုရင် စိတ်ဝင်စားလာနိုင်မလား။
ဒီလိုမျိုးလေးတွေ သိထားဖို့လိုပါတယ်။


၃။ Medium

နောက်ဆုံးအရေးအကြီးဆုံးတစ်ခုကတော့ Medium ပါ။ Market ဖန်တီးပြီးပြီ၊ ပေးချင်တဲ့ Message လည်းရှိနေပြီဆိုရင် အဲ့ဒါတွေအားလုံး customer တွေဆီပို့ပေးဖို့ဆိုရင် Medium ဆိုတဲ့ ကြားခံနယ်သုံးဖို့လိုလာပါပြီ။
ဘယ်လိုကြားခံနယ်သုံးမှာလဲ။ ကြော်ငြာပစ္စည်းတွေလား၊ Social Media လား ဘယ်ကြားခံနယ်ကိုပဲသုံးသုံး ကိုယ့်ရဲ့ target market ကို သေချာနားလည်သဘောပေါက်ထားရလိမ့်မယ်။ ကိုယ့် customer တွေမှာဘယ်လိုအတွေးအမြင်တွေ ရှိကြလဲ၊ သူတို့သဘောကျတဲ့အရာတွေကဘာတွေလဲ၊ မိတ်ဆွေသူငယ်ချင်းတွေကရော ဘယ်လိုလူမျိုးတွေလဲ၊ ဘယ်လိုခံယူချက်တွေနဲ့ ဘယ်လိုယုံကြည်ချက်တွေရှိကြလဲ၊ ဒါတွေအားလုံးကို လေ့လာထားသင့်ပါတယ်။ လေ့လာရုံနဲ့မလုံလောက်ရင် Target Market မှာ ကိုယ်တိုင်စစ်တမ်းကောက်ကြည့်လိုက်ပါ။ သုံးမယ့် Medium မှန်မှ လုပ်ငန်းတစ်ခုလုံး ထိထိရောက်ရောက် အောင်မြင်နိုင်မှာဆိုတော့ 3Ms ထဲမှာ medium ကတော့ အရေးအကြီးဆုံးပါပဲ။

ဒီလို 3Ms ကို အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး သရုပ်ဖေါ်နိုင်ပြီဆိုတာနဲ့ ဘယ်လိုလုပ်ငန်းမဆို အောင်မြင်နိုင်မှာပဲလို့ တွေးမိတယ်။

 

Source; Growthlytics Marketing
Myanmar Advertising Directory