Events & Exhibitions

သင့်ကုမ္ပဏီမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်ကို မြှင့်တင်ချင်ပါသလား...?

Read 1905 times
သင့်ကုမ္ပဏီမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်ကို မြှင့်တင်ချင်ပါသလား...?

ဒီပွဲဟာ Worplace Community မှတစ်ဆင့် လေ့လာသင်ယူနိုင်ဖို့ ထူးခြားတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဒီပွဲဟာ ရိုးမဘဏ်၊ တယ်လီနောမြန်မာ၊ အော်ရီဒူးမြန်မာ ကုမ္ပဏီတွေက Workplace by Facebook နဲ့ ပတ်သက်တဲ့ အသိအမြင်တွေ၊ အကောင်းဆုံး အလေ့အကျင့်တွေကို လေ့လာနိုင်မယ့်ပွဲပဲ ဖြစ်ပါတယ်။ TransformX Myanmar ပွဲမှာ ဆွေးနွေးသွားမယ့်သူတွေကတော့ ရိုးမဘဏ်၊ တယ်လီနောမြန်မာ၊ အော်ရီဒူးမြန်မာတို့မှ CEO တွေ၊ Communication and Marketing ဌာနတာဝန်ခံတွေ၊ Workplace by Facebook အသုံးပြုနေသော အခြားလုပ်ငန်းရှင်တွေက ဆွေးနွေးသွားမှာဖြစ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေ နှီးနှောဖလှယ်ကြမှာဖြစ်ပါတယ်။

ဘယ်အလုပ်မှမခန့်လို့ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ရာမှ အောင်မြင်လာတဲ့ ကျောင်းသားလေး

ဒီပွဲမှာ ရိုးမဘဏ်၊ တယ်လီနောမြန်မာ၊ အော်ရီဒူးမြန်မာတို့က မိမိတို့လုပ်ငန်းခွင်မှာ Workplace by Facebook ကိုအသုံးပြုပြီး ကမ္ဘာကျော်ကုမ္ပဏီတွေ ဖြစ်တဲ့ Starbucks, AirAsia နှင့် Wal-Mart တို့လိုမျိုး ဘယ်လို အသွင်ကူးပြောင်း ဆောင်ရွက်နေတယ်၊ လုပ်ပိုင်ခွင့်တွေ ဘယ်လိုပေးအပ်နေတယ်ဆိုတာကို မျှဝေပေးမှာဖြစ်လို့ ဒီပွဲကိုတက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သင်ကလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သင့်ရဲ့လုပ်ငန်းအဖွဲ့အစည်းမှာ ပွင့်လင်းမြင်သာမှုနဲ့ ချောမွေ့တဲ့ ဆက်ဆံရေးပုံစံကို ကျင့်သုံးချင်တယ်ဆိုရင်တော့ ဒီပွဲလေးက သင့်ကိုအထောက်အကူဖြစ်စေမှာပါ။

ဒ့ါအပြင် သင့်အနေနဲ့ သင့်ကုမ္ပဏီက လက်ရှိမှာ Workplace by Facebook ကို အသုံးပြုနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သင့်ကုမ္ပဏီမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ သင့်ဝန်ထမ်းတွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေနေရင်ပဲဖြစ်ဖြစ် ယခု Event မှာ တက်ရောက်ဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။

TransformX Myanmar ပွဲကို တက်ရောက်ချင်သူတွေအနေနဲ့ ဖုန်းနံပါတ် 09-96379-6905၊ Email:[email protected] နဲ့ https://bit.ly/2GW3TkW မှာ ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

Myanmar Advertising Directory